ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

မိန်းမကိုယ်နှင့် သားအိမ်ကျွံခြင်း
ဒါဗင်ချီ အိပ်စ်အိုင် (Da Vinci Xi) စက်ရုပ်ခွဲစိတ်မှုစနစ်ဖြင့် မိန်းမကိုယ်နှင့် သားအိမ်ကျွံခြင်း (Pelvic Organ Prolapse) ကို တိကျစွာ ကုသခြင်း

ခြုံငုံသုံးသပ်ချက် မိန်းမကိုယ်နှင့် သားအိမ်ကျွံခြင်း (Pelvic Organ Prolapse) သည် တင်ပါးဆုံကွင်းကြွက်သားများနှင့် ထောက်ပံ့ပေးထားသော တွယ်ဆက်တစ်ရှူးများ အားနည်းလာခြင်းကြောင့် တင်ပါးဆုံကွင်းအတွင်းရှိ အင်္ဂါအစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပုံမှန်ရှိရမည့် တည်နေရာမှ အောက်ဘက်သို့ လျှောကျလာသောအခါတွင် ဖြစ်ပွားတတ်ပါသည်။ တင်ပါးဆုံကွင်းကြွက်သားများသည် ဆီးအိမ်၊ သားအိမ်၊ အူမကြီးအောက်ပိုင်းနှင့် မိန်းမကိုယ်အပေါ်ပိုင်းစသည့် အင်္ဂါအစိတ်အပိုင်းများကို ပုံမှန်နေရာတွင် တည်ရှိနေစေရန် ပံ့ပိုးပေးထားသော စနစ်တစ်ခုအဖြစ် လုပ်ဆောင်ပါသည်။ ဤကြွက်သားများနှင့် တစ်ရှူးများ အားနည်းလာသောအခါ ၎င်းတို့ထောက်ပံ့ပေးထားသော အင်္ဂါအစိတ်အပိုင်းများသည် မိန်းမကိုယ်လမ်းကြောင်းဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာနိုင်ပါသည်။ အများဆုံးတွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ တင်ပါးဆုံကွင်းအတွင်း အောင့်ခြင်း သို့မဟုတ် တင်းကျပ်ခြင်း၊ မိန်းမကိုယ်တွင် တစ်ခုခုတစ်ဆို့နေသလို ခံစားရခြင်း သို့မဟုတ် ဖောင်းထွက်လာခြင်းနှင့် ဆီး သို့မဟုတ် ဝမ်းသွားရခက်ခဲခြင်းတို့ ဖြစ်ပါသည်။ ဖြစ်ပွားနိုင်ခြေကို […]

ခွဲစိတ်မှုမလိုသော ဆီးကြိတ်ကြီးရောဂါ ကုထုံး
UroLift – ခွဲစိတ်ရန်နှင့် ဆီးပိုက်ထည့်ရန်မလိုဘဲ ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia) ကို ကုသခြင်း

ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia – BPH) သည် အသက် ၅၀ ကျော် အမျိုးသားများတွင် အဖြစ်များသော ရောဂါအခြေအနေတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဆီးသွားရခက်ခဲခြင်းနှင့် ညဘက်တွင် ဆီးခဏခဏသွားခြင်းတို့ကို ဖြစ်စေနိုင်ပြီး ရေရှည်တွင် လူနေမှုဘဝအရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ အချို့သော လူနာများသည် ခွဲစိတ်ကုသမှု ခံယူရမည်ကိုလည်းကောင်း၊ ၎င်းခွဲစိတ်မှုကြောင့် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် သက်ရောက်မှုရှိလာနိုင်ခြေကိုလည်းကောင်း စိုးရိမ်ပူပန်မှုများ ရှိနိုင်ပါသည်။ လက်ရှိတွင် ယူရိုလစ်ဖ် (UroLift) ကဲ့သို့သော ဒဏ်ရာအသေးစားသာရှိသည့် အဆင့်မြင့်ကုသမှုနည်းလမ်းများသည် ဆီးစီးဆင်းမှုကို ကောင်းမွန်စေရန်နှင့် ရောဂါလက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်ပြီး ပြန်လည်ကျန်းမာလာမှု ပိုမိုမြန်ဆန်ကာ နေ့စဉ်လူနေမှုဘဝအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်စေပါသည်။ ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia – BPH) ဆိုသည်မှာ […]

မုန့်ချိုအိတ်ကင်ဆာ
Da Vinci စက်ရုပ်စနစ်ဖြင့် မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer) ကို ခွဲစိတ်ကုသခြင်း- အဆင့်မြင့် Whipple ခွဲစိတ်မှု

ခြုံငုံသုံးသပ်ချက် မုန့်ချိုအိတ်အကျိတ် (Pancreatic tumor) ဆိုသည်မှာ မုန့်ချိုအိတ်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်များ စုစည်းကြီးထွားလာခြင်း ဖြစ်ပါသည်။ ဝမ်းဗိုက်အတွင်း တည်ရှိသော မုန့်ချိုအိတ်သည် အစာခြေစနစ်ကို အထောက်အကူပြုသည့် အစာခြေအင်ဇိုင်း (Digestive enzymes) များနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့် ဟော်မုန်းများကို ထုတ်လုပ်ပေးပါသည်။ မုန့်ချိုအိတ်အကျိတ်များသည် ဆဲလ်များ၏ ကြီးထွားမှုသဘာဝပေါ် မူတည်၍ ကင်ဆာမဟုတ်သော အကျိတ်ရိုး (Benign) သို့မဟုတ် ကင်ဆာအကျိတ် (Malignant) ဟူ၍ ကွဲပြားနိုင်ပါသည်။ မုန့်ချိုအိတ်အကျိတ်အများစုသည် အစာခြေအင်ဇိုင်းများကို ထုတ်လုပ်ပေးသည့် Exocrine cells များမှ စတင်ဖြစ်ပွားလေ့ရှိပါသည်။ ဤအုပ်စုတွင် အဖြစ်အများဆုံး ကင်ဆာအကျိတ်မှာ မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer) ဖြစ်ပြီး၊ အထူးသဖြင့် မုန့်ချိုအိတ်ပြွန်ကင်ဆာ (Pancreatic ductal adenocarcinoma) ဖြစ်ပါသည်။ […]

သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (Mild Cognitive Impairment – MCI) နှင့် အစောပိုင်းအဆင့် အယ်လ်ဇိုင်းမားရောဂါ (Early-Stage Alzheimer’s)

သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (Mild Cognitive Impairment – MCI) နှင့် အစောပိုင်းအဆင့် အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease – AD) တို့သည် မှတ်ဉာဏ်၊ တွေးခေါ်မြော်မြင်မှုနှင့် နေ့စဉ်လူမှုကိစ္စဆောင်ရွက်မှုများကို ထိခိုက်စေသည့် အခြေအနေများ ဖြစ်ကြသည်။ အဆိုပါ ရောဂါလက္ခဏာများကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်းသည် အလွန်အရေးကြီးပြီး၊ သွေးပြန်ကြောအတွင်း ဆေးဝါးသွင်းကုသခြင်း (IV infusions) ကဲ့သို့သော ကုထုံးအချို့သည် အယ်လ်ဇိုင်းမားရောဂါ တိုးတက်လာမှုကို နှေးကွေးစေရန်နှင့် လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ရန်အတွက် အထောက်အကူပြုနိုင်ပါသည်။ သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (Mild Cognitive Impairment – MCI) ဆိုသည်မှာ အဘယ်နည်း။ MCI သည် သာမန်အသက်ကြီး၍ မေ့လျော့ခြင်းနှင့် သူငယ်ပြန်ခြင်း (Dementia) တို့အကြား ကြားခံအဆင့်တစ်ခုကို […]

Crohn’s ရောဂါ
Crohn’s ရောဂါဆိုင်ရာ သိကောင်းစရာများ – ရောဂါလက္ခဏာများ၊ လှုံ့ဆော်သည့်အချက်များနှင့် ရောဂါရှာဖွေဖော်ထုတ်ခြင်းတို့အပေါ် မူတည်၍ ထိရောက်သော ကုသစောင့်ရှောက်မှုကို ဖော်ဆောင်ခြင်း

Crohn’s ရောဂါ သည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော နာတာရှည် အူလမ်းကြောင်းရောင်ရမ်းသည့် ရောဂါတစ်ခု ဖြစ်ပါသည်။ အချိန်မီ ရောဂါရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိပါက သို့မဟုတ် စနစ်တကျ ကုသမှုမခံယူပါက လူနေမှုဘဝအရည်အသွေးကို များစွာထိခိုက်စေနိုင်ပါသည်။ Crohn’s ရောဂါ ဆိုသည်မှာ အဘယ်နည်း။ Crohn’s ရောဂါသည် အစာခြေလမ်းကြောင်းတွင် ရောင်ရမ်းမှုကို ဖြစ်စေသည့် နာတာရှည်ရောဂါ ဖြစ်ပါသည်။ ခံတွင်းမှသည် စအိုအထိ အစာခြေလမ်းကြောင်း (Gastrointestinal tract) ၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သော်လည်း အူသိမ်အဆုံးပိုင်းနှင့် အူမကြီးအစပြုရာနေရာတို့တွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ Crohn’s ရောဂါ နှင့် အူမကြီးအနာဖြစ်ပြီး ရောင်ရမ်းခြင်းရောဂါ (Ulcerative Colitis) တို့၏ ကွာခြားချက် Crohn’s ရောဂါ နှင့် အူမကြီးအနာဖြစ်ပြီး ရောင်ရမ်းခြင်းရောဂါ (Ulcerative […]

သားအိမ်ကြီးခြင်းဝေဒနာ
သားအိမ်ကြီးခြင်း ဝေဒနာ အတွက် ထိရောက်သော ကုသမှုများ – ကျွမ်းကျင်သူများ၏ ရောဂါရှာဖွေမှုနှင့် ကုသမှုနည်းလမ်းများ

အမျိုးသမီးအများစုသည် မိမိတို့၏သားအိမ်မှာ ပုံမှန်ထက်ပိုမိုကြီးထွားနေသည်ကို မသိရှိဘဲ နေထိုင်လေ့ရှိကြသည်။ ဆေးပညာအရ သားအိမ်ကြီးခြင်း ဟုခေါ်ဆိုသော ဤအခြေအနေသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး သန်းပေါင်းများစွာကို ထိခိုက်စေသော်လည်း တင်ပါးဆုံတွင်းပိုင်းကို ပုံမှန်စစ်ဆေးမှု ပြုလုပ်မှသာလျှင် သိရှိလာရတတ်သည်။ သုတေသနများအရ အသက်အရွယ်မတိုင်မီ သားအိမ်ကြီးခြင်းကိုဖြစ်စေသည့် အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုမှာ သားအိမ်အသားလုံးတည်ခြင်းဖြစ်ပြီး ၎င်းကို အမျိုးသမီးများတွင် အဖြစ်များသည်။ သုတေသနများအရ အမျိုးသမီးများ၏ (၂၀-၈၀) ရာခိုင်နှုန်းတွင် အသက် ၅၀ မတိုင်မီ သားအိမ်အသားလုံးများ ဖြစ်ပေါ်လာလေ့ရှိပြီး ၎င်းသည် သားအိမ်ကြီးထွားရခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် လေ့လာချက်များအရ သားအိမ်ပြင်ပ သားအိမ်အမြှေးပါးများ ကြီးထွားခြင်း (Endometriosis) သည် ကမ္ဘာတစ်ဝှမ်းရှိ မျိုးပွားနိုင်သည့်အရွယ် အမျိုးသမီးများ၏ အချိုးအစားတစ်ခုကို ထိခိုက်စေပြီး ၎င်းသည်လည်း သားအိမ်ကြီးထွားရခြင်းအတွက် သိသာထင်ရှားသည့် အကြောင်းရင်းတစ်ခု […]

နှလုံးသွေးကြောလမ်းကြောင်းလွဲ ခွဲစိတ်ကုသခြင်း (CABG)
နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း (CABG) – နှလုံးသွေးကြောကျဥ်းရောဂါကိုထိရောက်စွာကုသခြင်း

နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသို့ အောက်ဆီဂျင်ပါသော သွေးများကို ပို့ဆောင်ပေးသည့် သွေးကြောများ ကျဉ်းမြောင်းလာခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်သော နှလုံးရောဂါအခြေအနေဖြစ်သည်။ နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း (CABG) တွင် on-pump ခေါ် ရိုးရာခွဲစိတ်ကုသမှုနည်းလမ်းနှင့် နည်းပညာအသစ်ဖြစ်သည့် off-pump CABG ဟူ၍ နှစ်မျိုးရှိသည်။ နည်းလမ်းနှစ်ခုစလုံးသည် နှလုံးသွေးကြောကျဉ်းရောဂါအတွက် ထိရောက်သော ကုသမှုများဖြစ်သည်။ သမားရိုးကျ On-Pump နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း On-pump CABG ခွဲစိတ်မှုကို ဆယ်စုနှစ်များစွာ အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဤအဖွင့်နှလုံးခွဲစိတ်မှုတွင် နှလုံးနှင့် အဆုတ်စက် (heart-lung machine) ကို အသုံးပြု၍ အောက်ဆီဂျင်ပါသော သွေးများကို နှလုံးသို့ ခေတ္တခဏ ပန့်ဖြင့် ပို့ဆောင်ပေးသည်။ ၎င်းက ခွဲစိတ်ဆရာဝန်များအား ပိုမိုလွယ်ကူစွာ ခွဲစိတ်နိုင်စေပြီး ရောဂါဖြစ်နေသော […]

လေဖြတ်ခြင်း
လေဖြတ်နိုင်ခြေ အန္တရာယ်ကို လည်ပင်းသွေးလွတ်ကြောနှင့် ဦးနှောက်တွင်းသွေးကြော တီဗွီဓာတ်မှန် (Carotid and Transcranial Doppler Ultrasound)စစ်ဆေးမှုဖြင့် စောစီးစွာ ကြိုတင်သိရှိနိုင်ခြင်း

လေဖြတ်ခြင်း (Stroke) သည် မည်သည့်သိသာထင်ရှားသည့် ရှေ့ပြေးလက္ခဏာမှ ပြသခြင်းမရှိသူများတွင်ပင် ဖြစ်ပွားနိုင်ပါသည်။ လည်ပင်းသွေးလွတ်ကြော အာထရာဆောင်း (Carotid Doppler Ultrasonography) နှင့် ဦးနှောက်တွင်းသွေးကြော အာထရာဆောင်း (Transcranial Doppler Ultrasonography – TCD) စစ်ဆေးမှုများသည် ခန္ဓာကိုယ်အတွင်းသို့ ကိရိယာထည့်သွင်းရန်မလိုဘဲ လည်ပင်းနှင့် ဦးနှောက်အတွင်းရှိ အဓိကသွေးလွှတ်ကြောများ၏ သွေးလည်ပတ်စီးဆင်းမှုကို ဆန်းစစ်ပေးနိုင်သည့် ရောဂါရှာဖွေစစ်ဆေးနည်းများ ဖြစ်ကြပါသည်။ ယခုကဲ့သို့ စစ်ဆေးခြင်းဖြင့် လေဖြတ်နိုင်ခြေအန္တရာယ်ကို မြင့်တက်စေနိုင်သည့် ပုံမှန်မဟုတ်သော လက္ခဏာရပ်များကို ဆရာဝန်များက ရှာဖွေတွေ့ရှိနိုင်ပြီး စောစီးစွာ ကာကွယ်ကုသမှုအစီအမံများကို စနစ်တကျ ချမှတ်နိုင်မည်ဖြစ်ပါသည်။ လေဖြတ်ခြင်း – မည်သည့်လက္ခဏာမျှ ပြသခြင်းမရှိဘဲ အသံတိတ်အန္တရာယ်ပြုနိုင်သောအခြေအနေ လေဖြတ်ခြင်း (Stroke) သည် ထင်ရှားသော လက္ခဏာတစ်စုံတစ်ရာ ပြသခြင်းမရှိဘဲ အသံတိတ်ဖြစ်ပွားလာနိုင်သည့် ပြင်းထန်သော […]