Doctors

Overview

November 14, 2019

ဝေ့ဌာနီဆေးရုံကြီး၏ရင်သားကုသခြင်းစင်တာကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ရင်သားပြန်လည်ပုံဖော်ခြင်းအတွက် စစ်ဆေးခြင်းမှစပြီး ရင်သားဆိုင်ရာပြဿနာများအတွက် ပြည့်စုံသောစောင့်ရှောက်ကုသမှုနှင့် စစ်ဆေးမှုများကို ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံရင့် ရင်သားအထူးကုဆရာဝန်များသည် မှန်ကန်သော ရင်သားကျန်းမာရေးဆိုင်ရာစစ်ဆေးမှုနှင့် ကုသမှုအတွက် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော အထောက်အကူပြုပစ္စည်းများနှင့် ခေတ်မီနည်းပညာများကို အသုံးပြုကာ ဝန်ဆောင်မှုများနှင့် ကုသနည်းများကို ပေါင်းစပ်ထားသည့် ဌာနတစ်ခုဖြစ်ပါသည်။

၀န်ဆောင်မှုများ

  • အသက် 35နှစ်နှင့်အထက် အမျိုးသမီးများ သို့မဟုတ် ရင်သားကင်ဆာ မိသားစုရာဇဝင်ရှိသူများကို စစ်ဆေးခြင်း။
  • အသက် 15နှစ်နှင့်အထက် အမျိုးသမီးများအတွက် ရင်သားပုံမမှန်ခြင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း။
  • အခြားကျန်းမာရေးအဖွဲ့အစည်းများမှ ရည်ညွှန်းထားသော ပုံမမှန်ရင်သားအသားစစစ်ဆေးခြင်း နှင့် ရင်သားဓာတ်မှန်ရိုက်ခြင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း။
  • ကင်ဆာမဟုတ်သော ရင်သားကုသမှု (ရင်သားအကျိတ်/ရင်သားပြည်တည်နာ/ရင်သားအရည်အိတ်ဖြစ်ခြင်း) (Breast abscess, mastitis, cyst, and tumor)၊
  • ခွဲစိတ်ပြီးနောက် ရင်သား မူမမှန်မှုအတွက် တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူခြင်း?
  • ရင်သားကင်ဆာခွဲစိတ်မှု (ဥပမာ၊ ရင်သားအပိုင်းအစကိုဖြတ်ထုတ်ခြင်း သို့မဟုတ် ရင်သားတစ်ခုလုံးကိုဖြတ်ထုတ်ခြင်း)
  • ရင်သားအသားစယူခြင်း (အာထရာဆောင်းအသုံးပြုကာ အသားစယူခြင်း) (Ultrasound-guided core needle biopsy/ Fine needle aspiration biopsy/ Stereotactic biopsy)၊
  • ရင်သားပြန်လည်ပုံဖော်ခြင်း။

နည်းပညာများနှင့် ဆေးပညာသုံးပစ္စည်းများ

  • 3D Digital Mammogram Machine and Breast Ultrasound Machine (သုံးဖက်မြင်ရင်သားဓာတ်မှန်ရိုက်ခြင်းများ)
  • Breast Magnetic Resonance Imaging (MRI) (သံလိုက်အားဖြင့်ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းများ)
  • Ultrasound-Guided Core Needle Biopsy
  • Fine-Needle Aspiration (FNA) Biopsy
  • Stereotactic Biopsy

၀န်ဆောင်မှုပေးသောအချိန်များ

တနင်္လာ - တနင်္ဂနွေ 08.00 am - 08.00 pm

တည်နေရာ

ရင်သားစင်တာ ဝေ့ဌာနီဆေးရုံကြီး ၃လွှာ

ကြိုတင်ဘိုကင်တင်ခြင်းနှင့် စုံစမ်းရန်

Call : (+66)2-734-0000 Ext. 2715, 2716

Back to top

Conditions Treated

ရင်သားပြဿနာဆိုင်ရာ ကုသရေးစင်တာ

Medical Departments & Centers ရင်သားပြဿနာဆိုင်ရာ ကုသရေးစင်တာ