သတင်းနှင့်အချက်အလက်မျာ

Explore trusted news and updates, videos, and news by condition or topic

စက်ရုပ်အကူအညီအသုံးပြု၍ သေဆုံးသူအလှူရင်ထံမှ ကျောက်ကပ်ကိုအစားထိုးခွဲစိတ်မှု
ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးသည် သေဆုံးသူအလှူရှင်ထံမှ ရရှိသော ကျောက်ကပ်ကို စက်ရုပ်အကူအညီအသုံးပြု၍ အစားထိုးကုသမှု (Robotic-Assisted Kidney Transplant) အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် ထိုင်းနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိကဆေးရုံ ဖြစ်လာခဲ့သည်။

ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးသည် Da Vinci စက်ရုပ်အကူအညီပေး ခွဲစိတ်မှုစနစ် (Da Vinci Robotic-Assisted Surgery System) ကို အသုံးပြု၍ ကွယ်လွန်သူအလှူရှင်ထံမှ ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ အဆိုပါအောင်မြင်မှုရရှိသည့် ထိုင်းနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိကဆေးရုံ ဖြစ်လာခဲ့သည်။ ၎င်းကျောက်ကပ်အစားထိုး ခွဲစိတ်မှုကို ကျောက်ကပ်အထူးကုဆရာဝန်များ၊ ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ခွဲစိတ်ဆရာဝန်များ၊ သွေးကြောခွဲစိတ်ဆရာဝန်များနှင့် အစားထိုးကုသမှုဆိုင်ရာကျွမ်းကျင်ပညာရှင်များ ပါဝင်သော ဘာသာရပ်စုံအထူးကုအဖွဲ့ (Multidisciplinary Team) မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါခွဲစိတ်ကုသမှုအဖွဲ့သည် သေချာစွာ စီမံတွက်ချက် ပူးပေါင်းလုပ်ဆောင်ထားပြီး သမားရိုးကျဗိုက်ဖွင့်ခွဲစိတ်မှုပုံစံဟောင်း (Conventional Open Surgery) နေရာတွင် စက်ရုပ်အကူအညီဖြင့် ခွဲစိတ်မှုဆိုင်ရာ အဆင့်မြင့်နည်းပညာကို အစားထိုးပြုလုပ်ခဲ့သည်။ ဤအဆင့်မြင့်နည်းပညာသည် သမားရိုးကျကျောက်ကပ်အစားထိုး ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများနှင့် နှိုင်းယှဉ်ပါက တစ်ရှူးများ ထိခိုက်ဒဏ်ရာရမှုကို အနည်းဆုံးဖြစ်စေခြင်း၊ သွေးဆုံးရှုံးမှုကို […]