News and updates

ဝေ့ဌာနီဆေးရုံကြီး၏ COVID-19 ဗိုင်းရပ်စ်အတွက်ထပ်ဆောင်းပြင်ဆင်ထားရှိမှုများ

Share:

အောက်ပါလက္ခဏာများဖြင့်လာရောက်သောလူနာများကိုအထူးစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။

  • အဖျားတက်နေခြင်း (၃၇.၅ ဒီဂရီအထက်)
  • အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ ( နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာ၊ အသက်ရှူမဝခြင်း
  • ရောဂါဖြစ်ပွားနေသောနိုင်ငံများတွင် (တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား၊ အီတလီ၊ အီရန်) ၁၄ ရက်အတွင်းလည်ပတ်၊ နေထိုင်ခဲ့ခြင်း၊ ကူးစက်ခံရသူလူနာနှင့်အတူနေထိုင်ခဲ့ခြင်း

လူနာများအား ရောဂါပိုးအန္တရာယ်မှကာကွယ်ရန်အတွက် အောက်ပါအတိုင်းစီစဉ်ထားရှိပါသည်။

၁။ ဆေးရုံတွင် မြေညီထပ် G-floor ၌အဝင်ပေါက်တစ်ပေါက်သာရှိပါမည်။ ထိုအဝင်ပေါက်တွင် အပူချိန်တိုင်းကင်မရာ Thermoscan Camera ဖြင့် လူတိုင်းအားစစ်ဆေးမည်ဖြစ်ပါသည်။ ဆေးရုံ၏မြေအောက်ထပ်ကားပါကင်မှလာသော လူနာများအနေနှင့်လည်း မြေညီထပ်အဝင်ပေါက်မှသာဝင်ရောက်ရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆေးရုံ၏ ဒုတိယ၊တတိယနှင့်စတုတ္ထထပ်များရှိကားပါကင်များမှ လာရောက်သောလူနာများအတွက်လည်း အကြိုအပို့ကားများ စီစဉ်ပေးထားပါသည်။

1. ၂။ အထူးသူနာပြုများ၊ ဆရာဝန်များနှင့် ဖွဲ့စည်းထားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကုသမှုစင်တာဖွင့်လှစ်ထားရှိပါသည်။

2. ၃။ သံသယလူနာများသယ်ယူပို့ဆောင်ရန် သီးသန့်ဓာတ်လှေကားထားရှိထားပါသည်။

3. ၄။ သံသယလူနာများအားထားရှိရန်နှင့် ကူးစက်မှုမှတားဆီးရန် Negative Pressure Room များလည်းဖွင့်လှစ်ထားပါသည်။

4. ၅။ စက်လှေကားနှင့် အခြားထိတွေ့များသော အရာများအားလုံးအား အထူး ပိုးသက်ဆေးဖြင့် မကြာခဏဆေးကြောခြင်းပြုလုပ်ပါသည်။

5. ၆။ သံသယရှိသူလူနာနှင့် ထိတွေ့ရမည့် ကျန်းမာရေးဝန်ထမ်းများအတွက် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်စေပါသည်။

6. ၇။ ကူးစက်ခံလူနာအား သယ်ယူပို့ဆောင်ရန် သီးသန့်လမ်းကြောင်းထားရှိထားပါသည်။

7. ၈။ ကျန်းမာရေးဝန်ထမ်းများမှ ဆေးရုံလာသူတိုင်းအား ဘေးကင်းစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

8. လူနာများ၏ ဘေးကင်းရေးကိုဆောင်ရွက်ရသည့်အတွက် အဆင်မ‌ပြေမှုများရှိခဲ့ပါက တောင်းပန်အပ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts