ဝေ့ဌာနီ အရိုးအဆစ်အစားထိုးကုသရေးဌာန

ဝေ့ဌာနီ အရိုးအဆစ်အစားထိုးကုသရေးဌာန

ဝေ့ဌာနီ အရိုးအဆစ်အစားထိုးကုသဌာနသည် နိုင်ငံတကာ စံချိန်စံညွန်းမီကိရိယာများနှင့်ကမ္ဘာ့အဆင့်မီနောက်ဆုံးပေါ်နည်းပညာများဖြင့် ကုသမှုများဆောင်ရွက်နေပါသည်။ကျွန်ုပ်တို့အရိုးခွဲစိတ်ကုဆရာဝန်များသည် အရိုးပုံမမှန်ခြင်း၊အရိုးပွခြင်းတို့ကြောင့်ဒူးဆစ်ပုံမမှန်ဖြစ်ခြင်းကိုပြုပြင်ပေးခြင်း၊ဒူးဆစ်တစ်စိတ်တစ်ပိုင်းပြုပြင်ခြင်း၊ဒူးဆစ်တစ်ခုလုံး၊အစားထိုးလဲလှယ်ခြင်းများကိုအမြဲတမ်းအချိန်တိုင်းဆောင်ရွက်ပေးနေပါသည်။

ကျွန်ုပ်တို့၏ ခေတ်မီနည်းပညာများသည် လူနာတစ်ဦးချင်းဆီ ၏လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်မည်မှာမုချဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စတင်၍တိုင်ပင်ဆွေးနွေး ချိန်မှစတင်ကာခွဲစိတ်ကုသမှုခံယူနေစဉ် အလယ်  နာလန်ထ ၍ပြန်လည်ကောင်းမွန် လာချိန် အဆုံးအထိလိုအပ်သမျှကိုတာဝန် ယူဖြည့်ဆည်းပေးနေပါသည်။သင့်မျှော်လင့်နေသောသင့်အတွက်အကောင်းဆုံးကုသမှုများကို အထူးကျွမ်းကျင် ဆရာဝန်များက တာဝန်ယူ ကုသပေးနေပါသည်။

ဝေ့ဌာနီအရိုးအဆစ်အစားထိုးကုသရေးဌာန သို့တခေါက် လောက်ရောက်အောင် လာပြီးဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးကြည့်ပါ။ သင်မျှော်လင့်ထားသလိုစိတ်ကျေ နပ်မှုအပြည့်အ၀ ရစေဖို့ တာဝန်ယူပါသည်။

ထို့ကြောင့် ရက်ချိန်းယူ၍သင့်စိတ်ကြိုက်ဆရာဝန်ကိုရွေးချယ်လိုက်ပါ။ အကယ်၍ ကုသမှုပုံစံနှင့် ကုန်ကျစရိတ်များကို သိရှိလိုပါကလည်း ဆရာဝန်ကြီးများနှင့်တိုင် ပင်နိုင်ရန်လမ်းညွှန်းပေးပါသည်။

အကယ်၍သင့်လာမည်ဆိုလျှင်လည်း လေဆိပ်မှ ဆေးရုံသို့လာရန် လမ်းကြောင်း များကို လည်းပြသထားပါသည်။

လေဆိပ်မှ ဆေးရုံသို့သင့်တင့်သောဈေးနှုန်းများဖြင့်လည်းကြိုပို့ပေးပါသည်။

ဝက်ဘ်ဆိုဒ်ထဲတွင်လည်းဌာန၏ဓာတ်ပုံများကိုဝင်ရောက်လေ့လာနိုင်ပါသည်။

ကျွန်ုပ်တို့၏အရိုးအဆစ်အစားထိုးကုသရေးစင်တာသည်လူနာအတွက်အကောင်းဆုံး ကုသမှုများဆောင်ရွက်ပေးနေပါသည်။ ကျွန်ုပ်တို့၏ဆရာဝန်များသည်အတွေ့အကြုံအထူးရင့်ကျက်ကြပြီးကျွမ်းကျင်မှုဆိုင်ရာတွင်လည်းနိုင်ငံတကာအသိအမှတ်ပြုကမ္ဘာအဆင့်မီဖြစ်သဖြင့်သင့်အတွက် အကောင်းဆုံးအကျိုးအရှိ ဆုံးဖြစ်နေမည်မှာ အသေအချာဖြစ်ပါသည်။

ဝန်ဆောင်မှုများ

  • ခြေသလုံးရိုးအထက်ပိုင်းပြုပြင်၍ ခန္ဓာကိုယ်ပုံသဏ္ဌာန်မှန်အောင်ပြုလုပ်ခြင်း
  • ဒူးဆစ်တစိတ်တစ်ပိုင်းအစားထိုးပြုပြင်ကုသခြင်း
  • ဒူးဆစ်တစ်ခုလုံးအစားထိုးလဲလှယ်ပြုပြင်ခြင်း
  • ကွန်ပျုတာစနစ်ဖြင့်ဒူးဆစ်ပြုပြင်ကုသခြင်း
  • ပခုံးရိုးအစားထိုးပြုပြင်ကုသခြင်း
  • တင်ပဆုံရိုးအစားထိုးပြုပြင်ကုသခြင်း
  • အထူးပြုနိုင်ငံတကာဝန်ဆောင်မှုများ
  • နိုင်ငံတကာလူနာများအတွက်ဝန်ဆောင်မှုဌာနခွဲ
  • အာရပ်လူနာများအတွက်ဝန်ဆောင်မှုဌာနခွဲ
  • နိုင်ငံတကာဘာသာပြန်များ
  • လေဆိပ်ကြိုပို့
  • E Mail ပြန်ကြားရေးဌာန
  • နိုင်ငံတကာကျန်းမာရေးအာမခံဆိုင်ရာ ကူညီဆောင်ရွက်ပေးသူ
  • လူမျိုးဘာသာမရွေးစားသုံးနိုင်သောစားသောက်ဆိုင်
  • ဘုရားခန်း
  • တည်းခိုခန်း
  • ဟိုတယ်ခန်း
  • ခရီးသွားဝန်ဆောင်မှုများ
  • ဆရာဝန်ကြီးနှင့်တိုင်ပင်ဆွေးနွေးခန်း
  • အရိုးအဆစ်အစားထိုးရန်စမ်းသပ်ခန်း
  • နောက်ဆုံးပေါ်ခေတ်မီခွဲစိတ်ခန်း
  • နာလန်ထလူနာခန်းများ

Facilities

  • Consultant rooms for private assistance
  • Examination rooms for joint implants surgery
  • Operation rooms with fully equipped modern integrations
  • Recovery room for post-surgical treatment

APPOINTMENTS & INQUIRIES

Phone : +66 (0) 2734-0000 ext. 2222 – 2224
Fax : +66 (0) 2734-0044– 5

Location

Vejthani Hospital, VEJTHANI TOTAL JOINT REPLACEMENT CENTER 3th Floor

Promotion & Package
သင့် ရှာဖွေမှုနှင့် ကိုက်ညီသော စာမူမတွေ့ပါ။

Doctors
Testimonials
သင့် ရှာဖွေမှုနှင့် ကိုက်ညီသော စာမူမတွေ့ပါ။

Videos
Read More..
Articles
သင့် ရှာဖွေမှုနှင့် ကိုက်ညီသော စာမူမတွေ့ပါ။

Vejthani Hospital