ဝေ့ဌာနီဆေးရုံကြီးကို အဘယ့်ကြောင့်ရွေးချယ်သင့်တာလဲ?

သင်တို့လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကျွန်တော်တို့ဝေ့ဌာနီဆေးရုံကြီးမှ အဓိကထား တာ၀န်ယူကုသပေးနေပါသည်။

ဝေ့ဌာနီဆေးရုံကြီးတွင် ထိပ်တန်းဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် အထူးကုအဖွဲ့တစ်ဖွဲ့ ပါ၀င်သည်။ ယင်းအဖွဲ့မှာ လူနာများ၏ရောဂါအခြေအနေပေါ်မူတည်ပြီး မှန်ကန်သော ကုသမှုရလာဒ်များရစေရန် တိကျသောကုထုံးများကို ပေးစွမ်းနိုင်အောင် အဖွဲ့အစည်းတစ်ခုအနေဖြင့် အတူတကွ ပူးပေါင်းတိုင်ပင်ဆွေးနွေးခြင်းဖြစ်ပါသည်။ထို့ကြောင့် ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ လူနာရှင်အား လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေရန်နှင့် မိမိနေ့စဉ်ဘဝကို အမြန်ပြန်လည်စတင်နိုင်စေရန်ဖြစ်သည်။

အထူးကုဆရာ၀န်များပေါင်းစပ်ဖွဲ့စည်းထားသောအဖွဲ့မှ အထူးကုပညာရှင်တစ်ယောက်စီမှ သင့်၏ကုသမှုအစီအစဥ်အတွက်တာ၀န်ယူတိုင်ပင်ဆုံးဖြတ်ပေးပါသည်။

ဝေ့ဌာနီဆေးရုံကြီးသည် အသစ်အသစ်ဖြစ်ပေါ်လာသော ကျန်းမာရေးပြဿနာများအတွက် ခေတ်မီကုသနည်းမျိုးစုံမှ သင့်တော်ရာကုထုံးကုနည်းများကို ရွေးချယ်ကုသပေးပါသည်။ စောလျှင်စွာ တိုင်ပင်ဆွေးနွေးပြီး စောစီးစွာမှန်ကန်သောကုသမှုကို ရရှိနိုင်ခဲ့လျှင် လူနာ၏ ကျန်းမာရေးပြဿနာကို ကောင်းမွန်သောရလာဒ်များဖြင့် ပြောင်းလဲစေနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သင့်ကျန်းမာရေးစောင့်ရှောက်မှုခရီးတစ်လျှောက်လုံးတွင် ပုံမှန်ကဲ့သို့ပြန်လည်ရောက်ရှိနိုင်ရေးမျှော်လင့်ချက်နှင့် ကောင်းမွန်သောအတွေ့အကြုံများကို အဆင့်မြင့်ဆုံးကုသမှုနည်းလမ်းများ အသုံးပြုကာ စဉ်ဆက်မပြတ်ကြည့်ရှုစောင့်ရှောက်ပေးပါသည်။

ကိုယ်ချင်းစာတရားနှင့် ကောင်းမွန်သောပြုစုကုသမှုများဖြင့် စောင့်ရှောက်ကာကွယ်ပါ

သင့်ကျန်းမာရေးအတွက် သင့်တော်သော ကုသမှုတစ်ခုဖြစ်စေရန်အတွက် ဆရာ၀န်များမှ စစ်ဆေးမှုတိုင်းကို အလေးထားစဥ်းစားတိုင်ပင်ပေးကြပါသည်။ လူနာလက်ရှိအခြေအနေပေါ်မူတည်ပြီး သုံးသပ်ချက်များပြုလုပ်ကာ သင့်ကျန်းမာရေးနလန်ပြန်ထလာနိုင်စေရန် ရည်မှန်းချက်များဖြင့် ကုသနည်းများကို ရေးဆွဲတိုင်ပင်ကာ ပူးပေါင်းဆောင်ရွက်ပြုစုပေးစေနိုင်စေရန် အထူးအလေးအနက်ထားပါသည်။

ကမ္ဘာ့အဆင့်မီ နိုင်ငံတကာ လူနာများစောင့်ရှောက်ရေးဖြင့် စိတ်ဖိစီးမှုများသော ကျန်းမာရေးစောင့်ရှောက်မှုတစ်လျှောက်လုံးတွင် အရင်အခြေအနေများထက် ပိုမိုလွယ်ကူသောအဆင့်သို့ကူးပြောင်းပေးနေအောင် ကျွန်ုပ်တို့မှ ပံ့ပိုးပေးနေပြီဖြစ်ပါသည်။

မိမိနေရပ်ဌာနေမှ အခြားနိုင်ငံရပ်ခြားသို့ ဆေးကုသမှုခံယူရန်သွားရောက်ရသောအခါတွင် ကျန်းမာရေးဖိစီးမှုအပြင် နိုင်ငံရပ်ခြားဖြစ်သည့်အတွက် အခြား စိတ်ဖိစီးမှုဖြစ်စေနိုင်သည်မှာ ငြင်းဆိုလို့မရနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏၀န်ထမ်းများမှ နိုင်ငံတကာမှ လူနာများကို ပြုစုကုသမှုပေးရာတွင် မိသားစုကဲ့သို့ နွေးနွေးထွေးထွေး ကိုယ်ချင်းစာစိတ်အပြည့်ထားကာ စောင့်ရှောက်မှုကို အဓိကပေးဆောင်နိုင်ရန် အမြဲ လက်ကိုင်ဆွဲထားပါသည်။ သင်၏ ခရီးသွားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူစဥ် ကာလတစ်လျှောက်လုံးတွင် မိမိနိုင်ငံမှ စတင်ထွက်လာချိန်မှစပြီး ရောက်ရှိချိန် ကုသမှုခံယူချိန် မိမိနေရပ်သို့ ကျန်းမာစွာ ပြန်ချိန်အထိ မိမိတို့လူနာမိသားစုနှင့်အတူ အမြဲ အဆက်အသွယ်မပြတ်ဖြစ်စေကာ အကူအညီလိုအပ်တိုင်း အမြဲကူညီပေးဖို့ မိမိတို့၀န်ထမ်းများမှ အမြဲတစ်စေ စောင့်ကြည့်ပေးနေမည်ဖြစ်ပါသည်။

နိုင်ငံတကာ လူနာ၀န်ဆောင်မှုတွင် ပါ၀င်သည်များကတော့

  • အထွေထွေစုံစမ်းမေးမြန်းမှုများအားဖြေကြားခြင်း
  • ဆရာ၀န်ဘိုကင်တင်ပေးခြင်း
  • လိုအပ်သော နိုင်ငံရပ်ဆိုင်ရာဘာသာပြန်မှ ကုသစဥ်ကာလတစ်လျှောက်တွင် ဘာသာပြန်ကူညီပေးခြင်း
  • ဆေးရုံအကြိုအပို့ ၀န်ဆောင်မှုများဆောင်ရွက်ပေးခြင်း
  • နေရာထိုင်ခင်းအတွက် ဟိုတယ်၀န်ဆောင်မှုများ ဘိုကင်တင်ပေးခြင်း
  • ကျန်းမာရေးအာမခံဆိုင်ရာကိစ္စရပ်များအတွက် ဆောင်ရွက်ပေးခြင်း
  • ဗီဇာသက်တမ်းတိုးပေးခြင်း
  • အ‌ရေးပေါ်လေယာဥ်စီးလုံးဌား၀န်ဆောင်မှုပေးခြင်းတို့ဖြစ်ပါသည်။