News and updates

ဝေ့ဌာနီဆေးရုံကြီးသို့ လာရောက်ဆေးကုသလိုသူ လူနာများအတွက် ထိုင်းနိုင်ငံသို့ဝင်ရောက်ခွင့်လမ်းညွှန်

Share:

ဝေ့ဌာနီဆေးရုံမှ Invitation Letter ရယူရန်

ထိုင်းနိုင်ငံမှ ဇူလိုင်လ(၁)ရက်မှစတင်ပြီး ဆေးလာရောက်ကုသလိုသူ ပြည်ပနိုင်ငံသားများအား နိုင်ငံတွင်းသို့ စီစစ်ပြီး ဝင်ရောက်ခွင့် ပေးနေပြီဖြစ်ပါသည်။ ဝေ့ဌာနီဆေးရုံကြီး၏ လေးစားရပါသော လူနာဟောင်း၊လူနာသစ်များအနေဖြင့် အောက်ပါစာရွက်စာတမ်းများအား ဆေးရုံသို့ Email/Viber ဖြင့်ပို့ဆောင်ပေးရမည်ဖြစ်ပါသည်။

  • မြန်မာပြည်ဆေးရုံမှ Medical Certificate/Report နှင့် လေယဉ်စီးနင်းရန် လုံလောက်သောကျန်းမာရေးအခြေအနေရှိကြောင်းထောက်ခံစာ (Fit to Fly Certificate)
  • အနည်းဆုံး (၆)လ သက်တမ်းကျန်သည့် နိုင်ငံကူးလက်မှတ်မိတ္တူ (လူနာနှင့်လူနာစောင့်များအပါအဝင်)
  • လူနာနှင့်လူနာစောင့်များ အတွက်ဆွေမျိုးတော်စပ်ကြောင်းအထောက်အထား (အိမ်ထောင်စုစာရင်း၊ လက်ထပ်စာချုပ်၊ မွေးစာရင်း စသည်)၊ နိုတြီပြန်ပြီး

အထက်ပါစာရွက်စာတမ်းများကို ဝေ့ဌာနီသို့ပို့ပြီးပါက ဝေ့ဌာနီဆေးရုံမှ Medical Visa လျှောက်ရန် စာရွက်စာတမ်းများနှင့်အတူ အောက်ပါအချက်အလက်များအတိုင်း ကူညီပေးသွားမည်ဖြစ်ပါသည်။

  • ဆေးရုံမှဖိတ်ခေါ်စာ
  • ဆရာဝန်ရက်ချိန်းအချက်အလက်များ
  • ခရီးစဉ်အတွင်း ဆောင်ရန်ရှောင်ရန်များ
  • လူနာအကြိုအပို့
  • အခြားလိုအပ်မည့် အထောက်အပံ့များ

ဗီဇာလျှောက်ထားရန် နှင့် Certificate of Entry ရရှိရန်လိုအပ်မည့် စာရွက်စာတမ်းများ

အောက်ပါစာရွက်စာတမ်းများနှင့်အတူ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန(MOFA)
သို့ လျှောက်ထားရပါမည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ထိုင်းသံရုံးသို့လျှောက်ထားပါမည်။

  • ပြည့်စုံစွာဖြည့်စွက်ပြီး Visa Application form (လူနာနှင့်လူနာစောင့်အပါအဝင်)
  • ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ဆေးကုသမှုခံယူရန် ခွင့်ပြုချက်တောင်းခံလွှာ
  • ထိုင်းနိုင်ငံ၏စည်းမျဉ်းများနှင့်အညီ ၁၄ ရက် Quarantine နေထိုင်ခြင်း၊အခြားကန့်သတ်ချက်များအတိုင်းနေထိုင်မည့်အကြောင်း ဝန်ခံကတိပြုလွှာ
  • ထိုင်းနိုင်ငံသို့လာရောက်ရသည့်အကြောင်းရင်း
  • တစ်ယောက်လျှင် (4x6cm) ဓာတ်ပုံ (၂) ပုံစီ
  • အနည်းဆုံးသက်တမ်း (၆) လကျန်သေးသော ပတ်စပို့ (လူနာနှင့်လူနာစောင့်အပါအဝင်)
  • ဝေ့ဌာနီဆေးရုံမှဖိတ်ခေါ်စာ (Invitation letter)
  • မြန်မာပြည်ဆေးရုံမှ Medical Certificate/Report နှင့် လေယဉ်စီးနင်းရန် လုံလောက်သောကျန်းမာရေးအခြေအနေရှိကြောင်းထောက်ခံစာ (Fit to Fly Certificate)
  • COVID-19 အပါအဝင်ဖြစ်သော၊ US Dollar (၁) သိန်းအထိအာမခံပေးနိုင်သော ကျန်းမာရေးအာမခံ (လူနာနှင့်လူနာစောင့်အပါအဝင်)
  • ဘဏ်စာရင်း အချက်အလက် (Financial Statement, Bank Statement, etc)
  • မိမိနှင့်ပါလာသူ (လူနာစောင့်)များအား ငွေကြေးအရ အထောက်အပံ့ပေးနိုင်ကြောင်း ကတိပြုလွှာ
  • လူနာနှင့်လူနာစောင့်များ အတွက်ဆွေမျိုးတော်စပ်ကြောင်းအထောက်အထား(အိမ်ထောင်စုစာရင်း၊ လက်ထပ်စာချုပ်၊ မွေးစာရင်း စသည်)၊ နိုတြီပြန်ပြီး
  • မိမိသွားရောက်မည့် လေယာဉ်လက်မှတ်၊ ထွက်ခွာချိန်၊ လက်မှတ်အမျိုးအစား
  • အချက်အလက်အပြည့်အစုံ
  • သံရုံးမှသတ်မှတ်ထားသော ဗီဇာကြေး

သတိပြုရန်။ ။ လိုအပ်ပါက သံရုံးဝန်ထမ်းများမှ စာရွက်စာတမ်းများထပ်မံတောင်းခံနိုင်ပါသည်။ ဗီဇာခွင့်ပြုခြင်း၊ မပြုခြင်း သည်ထိုင်းသံရုံးနှင့် သက်ဆိုင်ရာဌာနများ၏ ဆုံးဖြတ်ချက်အပေါ်မူတည်ပါသည်။

ဆေးရုံမှ Confrimation Letter ရယူရန်

သံရုံးမှ ဗီဇာနှင့် ဝင်ရောက်ခွင့် (Certificate of Entry) တို့ ရရှိပြီးပါက လေယာဉ်မထွက်ခွာမီ (၇၂) နာရီအတွင်း အောက်ပါစာရွက်စာတမ်းများအားပို့ပေးရပါမည်။ ဝေ့ဌာနီဆေးရုံမှ Confirmation Letter for Alternative Hospital Quarantine နှင့် Hospital Appointment စာရွက်စာတမ်းများ အမြန်ဆုံးပြန်လည်ပေးပို့ပေးမည်ဖြစ်ပါသည်။

  • မြန်မာပြည်ဆေးရုံမှ Medical Certificate/Report နှင့် လေယဉ်စီးနင်းရန်
    လုံလောက်သောကျန်းမာရေးအခြေအနေရှိကြောင်းထောက်ခံစာ (Fit to Fly
    Certificate)
  • COVID-19 ကင်းရှင်းကြောင်း ထောက်ခံလွှာ နှင့် စစ်ဆေးမှုအဖြေ
    (မထွက်ခွာခင် (၇၂) နာရီအတွင်း)
  • COVID-19 အပါအဝင်ဖြစ်သော၊ US Dollar (၁) သိန်းအထိအာမခံပေးနိုင်သော
    ကျန်းမာရေးအာမခံ (လူနာနှင့်လူနာစောင့်အပါအဝင်)
  • မိမိနှင့်ပါလာသူ (လူနာစောင့်)များအား ငွေကြေးအရ အထောက်အပံ့ ပေးနိုင်ကြောင်း ကတိပြုလွှာ
  • လူနာနှင့်လူနာစောင့်များ အတွက်ဆွေမျိုးတော်စပ်ကြောင်းအထောက်အထား (အိမ်ထောင်စုစာရင်း၊ လက်ထပ်စာချုပ်၊ မွေးစာရင်း စသည်)၊ နိုတြီပြန်ပြီး
  • လူနာနှင့် လိုက်ပါမည့်သူများ၏ ပက်စပို့ မိတ္တူ (စာမျက်နှာအားလုံး နှင့်
    ဗီဇာစာမျက်နှာအပါအဝင်)
  • ထိုင်းသံရုံးမှပေးမည့် Certificate of Entry
  • မိမိသွားရောက်မည့် လေယာဉ်လက်မှတ်၊ ထွက်ခွာချိန်၊ လက်မှတ်အမျိုးအစား
    အချက်အလက်အပြည့်အစုံ

ထိုင်းနိုင်ငံသို့ ရောက်သည့်အခါပြသရမည့် စာရွက်စာတမ်းများ

ထိုင်းနိုင်ငံသို့ လေယာဉ်ဆိုက််သည်နှင့် ရောဂါစစ်ဆေးရေးဂိတ်ကိုဖြတ်သန်းရမည်ဖြစ်ပြီး
အောက်ပါစာရွက်စာတမ်းများပြသရပါမည်။

  • ထိုင်းသံရုံးမှပေးမည့် Certificate of Entry
  • မြန်မာပြည်ဆေးရုံမှ Medical Certificate/Report နှင့် လေယဉ်စီးနင်းရန်
    လုံလောက်သောကျန်းမာရေးအခြေအနေရှိကြောင်းထောက်ခံစာ (Fit to Fly
    Certificate)
  • COVID-19 ကင်းရှင်းကြောင်း ထောက်ခံလွှာ နှင့် စစ်ဆေးမှုအဖြေ (မထွက်ခွာခင် (၇၂) နာရီအတွင်း)
  • COVID-19 အပါအဝင်ဖြစ်သော၊ US Dollar (၁) သိန်းအထိအာမခံပေးနိုင်သော
    ကျန်းမာရေးအာမခံ (လူနာနှင့်လူနာစောင့်အပါအဝင်)
  • ဘဏ်စာရင်း အချက်အလက် (Financial Statement, Bank Statement, etc)
  • ဝေ့ဌာနီဆေးရုံမှ Confirmation Letter for Alternative Hospital Quarantine နှင့် Hospital Appointment စာရွက်စာတမ်းများ
  • T8 Form, အထက်ပါလင့်ခ်ကို Download ဆွဲပြီး Form
    အားဖြည့်စွက်နိုင်ပါသည်။(http://www.thaiembassy.org/london/contents/filemanager/document/T8_form.pdf)

သုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိပါက လေဆိပ်၏ ဂိတထွက်ပေါက်် (၁၀) ရှိဝေ့ဌာနီဆေးရုံ၏ ကောင်တာသို့ဆက်သွယ်ရပါမည်။ ထိုကောင်တာမှဝန်ထမ်းများမှတစ်ဆင့်

ဆေးရုံသို့မသွားခင်ကိုယ်ပူချိန်ထပ်မံစစ်ဆေးမည်ဖြစ်ပါသညါ။ အပူချိန် (37.5 Degree Celcius) မကျော်ပါက ဝေ့ဌာနီ၏ဆေးရုံကားဖြင့် အခမဲ့ဆေးရုံသို့ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

ဆေးရုံသို့ရောက်ရှိပြီးနောက် လူနာနှင့်လူနာစောင့်များအားလုံး COVID-19 Test ထပ်မံစစ်ဆေးရပါမည်။ ထိုစစ်ဆေးမှုတွင်ပိုးမတွေ့ရှိပါက ဝေ့ဌာနီဆေးရုံတွင် ၁၄ ရက် Quarantine နေရင်း စိတ်ချလက်ချ ဆေးကုသမှုခံယူနိုင်ပါသည်။

Quarantine ၁၄ ရက်ပြီးဆုံးပါက ဝေ့ဌာနီဆေးရုံမှ အောက်ပါစာရွက်စာတမ်းများထုတ်ပေးပါမည်။

  • ဆေးရုံတွင် Quarantine ၁၅ ရက် ဝင်ပြီးကြောင်းထောက်ခံစာ
  • ဆေးရုံတက်နေစဉ် ကျန်းမာရေးမှတ်တမ်းများ၊ ဆေးရုံဆင်းလက်မှတ်
  • လေယာဉ်စီးရန် လုံလောက်သောကျန်းမာရေးရှိကြောင်းထောက်ခံစာ (လိုအပ်ပါက)

အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက ဝေ့ဌာနီဆေးရုံကြီး မြန်မာ https://www.facebook.com/VejthaniExpatsBangkok/or email us at [email protected] or call Myanmar Viber Hotline +66 819 845 111 မှဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Contact Details of Thai Embassies & MOFA ( Ministry of Foreign Affairs) Overseas and International Embassies & MOFA ( Ministry of Foreign Affairs) in Thailand.

Preview Contact Details


Related Posts