လွှဲပြောင်းရေးနှင့် လေကြောင်းပို့ဆောင်ရေးဌာနသည် လူနာနှင့်လူနာရှင်များအတွက် ဆေးကုသခြင်းတွင် လိုအပ်သော ခရီးသွားဝန်ဆောင်မှု၊ ဗီဇာသက်တမ်းတိုးခြင်း၊ နှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့ များကိုကူညီလုပ်ဆောင်ပေးလျက်ရှိပါသည်။
လွှဲပြောင်းရေးနှင့် လေကြောင်းပို့ဆောင်ရေးဌာနသည် လူနာနှင့်လူနာရှင်များအတွက် ဆေးကုသခြင်းတွင် လိုအပ်သော ခရီးသွားဝန်ဆောင်မှု၊ ဗီဇာသက်တမ်းတိုးခြင်း၊ နှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့ များကိုကူညီလုပ်ဆောင်ပေးလျက်ရှိပါသည်။
လွှဲပြောင်းရေးနှင့် လေကြောင်းပို့ဆောင်ရေးဌာနသည်လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊အကြိုအပို့စီစဉ်ပေးခြင်း၊ နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ခရီးသွားအေဂျင်စီများနဲ့ပူးပေါင်း၍ ခရီးစဉ်များကြိုတင်စီစဉ်ပေးခြင်းဆောင်ရွက်ပေးပါသည်။ ထိုခရီးသွားအေဂျင်စီများသည် လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊အကြိုအပို့စီစဉ်ပေးခြင်း၊နေ့တ၀က်၊တစ်ရက်၊ညနေစာ၊ဖျော်ဖြေရေးအစီအစဉ်စသောပြည်တွင်းခရီးသွားလာခြင်းများကိုဆေးရုံဧ။်သတ်မှတ်ထားသောစိတ်ချလုံခြုံမှုနဲ့ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် စီစဉ်ဆောင်ရွက်ပေးနေပါသည်။
ဝေ့ဌာနီဆေးရုံကြီးတွင် ကိုယ့်အိမ်ကဲ့သို့ ကောင်းမွန်သော အခန်းနဲ့ဝန်ဆောင်မှုကို စုံစမ်းရန် အောက်ပါလင့်ကိုနှိပ်ပါရှင်။
ဗွီလေယာဉ်ဝန်ဆောင်မှုသည် အရေးပေါ်လူနာများအတွက် သီးသန့်လူနာတင်လေယာဉ် အဖြစ်ဝန်ဆောင်မှုပေးရုံမက အရေးပေါ်အခြေအနေမဟုတ်သောဆေးအကူအညီလိုသော လူနာများအတွက် စီးပွားရေးလေကြောင်းလိုင်းများဖြင့်သွားလာနိုင်ရန်စီစဉ်ပေးပါသည်။ ကျွန်ုပ်တို့၏ အရေးပေါ်အဖွဲ့တွင် ကျွမ်းကျင်၍အတွေ့အကြုံရှိသောဆေးပညာရှင်နှင့်ဆရာဝန်၊ဆရာမများသည် သက်သောင့်သက်သာအဖြစ်ဆုံး ထိရောက်မှုရှိသောအရေးပေါ်ကုသမှုကို အချိန်မရွေး လေယာဉ်ပေါ်တွင်ဝန်ဆောင်မှုပေးရုံမက အရေးပေါ်ကုသမှုခံယူပြီး ဆေးရုံမှဆင်းရသော လူနာများကိုလဲ လူနာများ၏ နေရပ်တိုင်းပြည် အထိပြန်လည်ပို့ဆောင်ပေးပါသည်။ကျွန်ုပ်တို့၏ အရေးပေါ်အဖွဲ့သည် လူနာလိုအပ်ချက်မှန်သမျှတို့ကိုတတ်နိုင်သမျှ ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့၏ဆေးဘက်ဆိုင်ရာအထူးကျွမ်းကျင်ဝန်ထမ်းများသည် လူနာ၏ဆေးကုသမှုရာဇ၀င်နှင့် အခြေအနေကိုလိုက်၍ လူနာနဲ့သင့်တော်သောအောက်ပါပျံသန်းမှုကိုဦးစားပေးရွေးချယ်ပါသည်။
စုံစမ်းမေးမြန်းခြင်း
လွှဲပြောင်းရေးနှင့် လေကြောင်းပို့ဆောင်ရေးဌာနဝေ့ဌာနီဆေးရုံကြီး
ဟော့လိုင်းနံပါတ်များ – +၆၆၈၇၈၁၃၉၉၉၀ အီးမေး – [email protected]
Email: [email protected]
Tel: +662 734 0354
Hotline: +668 255 2810