ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

Scoliosis (ကျောရိုးစောင်းခြင်း)
Scoliosis (ကျောရိုးစောင်းခြင်း) – ကျောရိုးကောက်ကွေးမှု ပိုမိုဆိုးရွားလာသောအခါ ထိုင်းနိုင်ငံရှိ အဆင့်မြင့်ကုထုံး

Scoliosis (ကျောရိုးစောင်းခြင်း) သည် များသောအားဖြင့် လူပျိုဖော်၊ အပျိုဖော်မဝင်မီ အရွယ်ကြီးထွားမှု မြန်ဆန်သည့် အချိန်တွင် တွေ့ရလေ့ရှိသည်။ လူပျိုဖော်ဝင်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်၏ ၃ ရာခိုင်းနှုန်းခန့်တွင်လဲ ဖြစ်ပွားလေ့ရှိပါသည်။ ရောဂါလက္ခဏာမှာ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာနိုင်သော်လည်း မကုသဘဲထားပါက နောင်တစ်ချိန်တွင် ခန္ဓာကိုယ်ပုံစံ ပျက်ယွင်းခြင်း၊ အတွင်းအင်္ဂါများကို ထိခိုက်ခြင်းနှင့် ပုံမှန်လှုပ်ရှားသွားလာမှုကို ထိခိုက်စေပြီး အလုပ်မလုပ်နိုင်သည်အထိ ဖြစ်စေနိုင်ပါသည်။ ကျောရိုးစောင်းရောဂါအချို့မှာ အလိုအလျောက် ပြန်ကောင်းသွားနိုင်သလို အချို့မှာလည်း ကျောရိုးထိန်းကိရိယာ (Brace) တပ်ဆင်ရုံဖြင့် ထိရောက်စွာ ပျောက်ကင်းနိုင်ပါသည်။ သို့သော် ပိုမိုပြင်းထန်သည့် ရောဂါအခြေအနေများအတွက် ထိုင်းနိုင်ငံတွင် ကျောရိုးစောင်း ခွဲစိတ်ကုသမှု ခံယူခြင်းသည် အကောင်းဆုံး ကုသမှုနည်းလမ်း ဖြစ်ပါသည်။ Scoliosis (ကျောရိုးစောင်းခြင်း) ၏ လက္ခဏာများ မိဘတိုင်း ကျောရိုးစောင်းရောဂါ၏ လက္ခဏာများကို […]

ကျောက်ကပ်ရောဂါ၏ လက္ခဏာများ
ကျောက်ကပ်ရောဂါ၏ လက္ခဏာ (၆) ချက် – မိမိကျောက်ကပ် မူမမှန်သည်ကို သိရှိပြီး အချိန်မီ တုံ့ပြန်ကုသနိုင်ရန်

ကျောက်ကပ်ရောဂါသည် အများစု ထင်မှတ်ထားသည်ထက် ပိုမို အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပါသည်။ ၎င်းသည် သိသာထင်ရှားသော လက္ခဏာများ မပြဘဲ တိတ်တဆိတ် စတင်လေ့ရှိသောကြောင့် လူများ လျစ်လျူရှုမိတတ်သည့် ကျန်းမာရေးပြဿနာများထဲမှ တစ်ခုလည်း ဖြစ်ပါသည်။ သို့သော် လက္ခဏာများ ပေါ်ပေါက်လာချိန်တွင် ရောဂါအခြေအနေမှာ အတန်ငယ် ရင့်ကျက်နေပြီ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကျောက်ကပ်ရောဂါ၏ ကြိုတင်သတိပေး လက္ခဏာများကို သိရှိနားလည်ထားခြင်းသည် အချိန်မီ ကုသမှုခံယူနိုင်ရန်အတွက် အလွန် အရေးကြီးပါသည်။ ကျောက်ကပ်ရောဂါ ဆိုသည်မှာ အဘယ်နည်း၊ အဘယ်ကြောင့် ထင်မှတ်ထားသည်ထက် ပိုမို အဖြစ်များသနည်း။ ကျောက်ကပ်ရောဂါသည် ကျောက်ကပ်များ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာသောအခါ ဖြစ်ပွားပါသည်။ သွေးအတွင်းရှိ အညစ်အကြေးများကို ထိရောက်စွာ စစ်ထုတ်နိုင်ခြင်း မရှိတော့သည့်အပြင် ခန္ဓာကိုယ်တွင်း အရည်ပမာဏ […]

အယ်လ်ဇိုင်းမားရောဂါ
Neofect ဆန်းသစ်တီထွင်မှုနှင့် အယ်လ်ဇိုင်းမားရောဂါကို နှေးကွေးစေသည့် ဆေးဝါးများဖြင့် မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ခြင်း

အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) သည် “အသက်အရွယ်ကြောင့် ဖြစ်တတ်သော မေ့လျော့ခြင်း” ထက် ပိုမိုပြင်းထန်ပါသည်။ ၎င်းသည် ပုံမှန်မဟုတ်သော ပရိုတင်းများ စုပုံလာခြင်းကြောင့် ဦးနှောက်ပျက်စီးခြင်းနှင့် အာရုံကြောဆဲလ်များ၏ လုပ်ဆောင်ချက်များကို အနှောင့်အယှက်ဖြစ်စေခြင်းတို့ ပါဝင်ပါသည်။ ဤအခြေအနေသည် နေ့စဉ်လူနေမှုဘဝနှင့် မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်စေပါသည်။ ထို့ကြောင့် မှတ်ဉာဏ်များ သိသိသာသာ လျော့နည်းမလာမီ စောစီးစွာ စစ်ဆေးအကဲဖြတ်ရန် အရေးကြီးပါသည်၊ အကြောင်းမှာ ရောဂါလက္ခဏာများ ပိုမိုဆိုးရွားမလာမီ ဦးနှောက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် ကုသမှုများကို စတင်နိုင်သောကြောင့် ဖြစ်ပါသည်။ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) ဆိုသည်မှာ အဘယ်နည်း? အယ်လ်ဇိုင်းမားရောဂါသည် မှတ်ဉာဏ်၊ အတွေးအခေါ်၊ သင်ယူမှုစွမ်းရည်နှင့် နေ့စဉ်လူနေမှုဘဝကို စနစ်တကျစီမံနိုင်စွမ်းတို့ကို တဖြည်းဖြည်းချင်း ထိခိုက်စေသည့် ဦးနှောက်ရောဂါတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဦးနှောက်အတွင်း ဘီတာ-အမ်မလွိုက် […]

ဆီးကြိတ်ကြီးခြင်း
ဆီးကျိတ်ကြီးခြင်း ဝေဒနာ – အငြိမ်းစားယူထားသည့် အမျိုးသားများတွင် အဖြစ်များပြီး ခွဲစိတ်ရန်မလိုဘဲ ကုသနိုင်သော အခြေအနေ

အသက်အရွယ် အလယ်အလတ်ပိုင်းမှသည် သက်ကြီးပိုင်းအရွယ်သို့ ရောက်ရှိလာသောအခါ အမျိုးသားအများစုတွင် ဆီးသွားရန် ခက်ခဲခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးစီးဆင်းမှု အားနည်းခြင်း သို့မဟုတ် ညဘက်တွင် ဆီးသွားရန် ခဏခဏ နိုးထရခြင်း စသည့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ခံစားရတတ်ပါသည်။ အဆိုပါ ရောဂါလက္ခဏာများသည် စတင်ဖြစ်ပွားချိန်တွင် အနည်းငယ်မျှသာဟု ထင်ရသော်လည်း အချိန်မီ ကုသမှုမခံယူပါက ရေရှည်တွင် နေ့စဉ်လူမှုဘဝ အရည်အသွေးကို သိသာထင်ရှားစွာ ထိခိုက်စေနိုင်ပါသည်။ ဤကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်ရခြင်း၏ အသုံးအများဆုံး အကြောင်းရင်းတစ်ခုမှာ ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia – BPH) ပင် ဖြစ်ပါသည်။ ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia) ဆိုသည်မှာ အဘယ်နည်း? ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်း (BPH) […]

PM2.5၏ဆိုးကျိုး
PM2.5 ၏ ဆိုးကျိုးများက ကျန်းမာရေးနှင့် လူနေမှုဘဝ အရည်အသွေးကို မည်သို့ခြိမ်းခြောက်နေသနည်း?

ယခုကာလအတွင်း ဒေသအတော်များများတွင် PM2.5 ဖုန်မှုန့်အမှုန်အမွှားများကြောင့် ပြင်းထန်သော ကျန်းမာရေးခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပါသည်။ လက်ရှိတွင် ဒေသအများအပြား၌ လေထုညစ်ညမ်းမှုအဆင့်သည် ဘေးကင်းလုံခြုံမှုစံနှုန်းများထက် ကျော်လွန်နေပြီး အထူးသဖြင့် ဓာတ်မတည့်ခြင်းနှင့် နှာခေါင်းတွင်းရောင်ရမ်းခြင်း (Rhinitis) ကဲ့သို့သော နာတာရှည်ရောဂါအခံရှိသူများတွင် အခြေအနေကို ပိုမိုဆိုးရွားစေကာ သိသိသာသာ ထိခိုက်မှုများ ဖြစ်ပေါ်စေပါသည်။ အဆိုပါ အဆိပ်သင့်အမှုန်အမွှားများသည် အထက်နှင့် အောက် အသက်ရှူလမ်းကြောင်းစနစ် နှစ်ခုလုံးကို ထိခိုက်စေပြီး အဖြစ်များသော လက္ခဏာများမှာ နှာချေခြင်း၊ နှာခေါင်းယားခြင်း၊ နှာရည်ယိုခြင်းနှင့် နှာခေါင်းမှ လည်ချောင်းထဲသို့ သလိပ်ဆင်းခြင်းတို့ ဖြစ်ကြပါသည်။ အချို့ဖြစ်ရပ်များတွင် နှာခေါင်းတွင်းရောင်ရမ်းမှုမှတစ်ဆင့် အနာငယ်များဖြစ်ပေါ်ကာ နှာခေါင်းသွေးလျှံခြင်းအထိ ဖြစ်ပွားနိုင်ပါသည်။ ထို့အပြင် PM2.5 ဖုန်မှုန့်များသည် နာတာရှည်ဓာတ်မတည့်သူများ သို့မဟုတ် နာတာရှည် နှာခေါင်းပိတ်ဝေဒနာ ခံစားနေရသူများကိုလည်း ပြင်းထန်စွာ ထိခိုက်စေပါသည်။ ဝေ့ဌာနီဆေးရုံမှ […]

ဒူးဆစ်အရွတ်များ
ဒူးဆစ်အရွတ်များ

လူသားတို့၏ ဒူးဆစ်သည် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းနှင့် အခြားသော လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်နိုင်ရန် ရှုပ်ထွေးစွာ ဖွဲ့စည်းတည်ဆောက်ထားသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အရိုးနှင့် ကြွက်သားများကိုသာ အလေးထား စဉ်းစားလေ့ရှိသော်လည်း ဒူးဆစ်ကို ချောမွေ့စွာ လှုပ်ရှားနိုင်စေရန် အခြားအရေးကြီးသော အစိတ်အပိုင်းများစွာလည်း ရှိနေပါသည်။ ထိုအစိတ်အပိုင်းများထဲတွင် ဒူးဆစ်အရွတ်များ သည် ဒူးဆစ်ခိုင်ခံ့စေရန်နှင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး အစိတ်အပိုင်းများ ဖြစ်ပါသည်။ ဒူးဆစ်အရွတ် ဆိုတာ ဘာလဲ။ ဒူးဆစ်အရွတ်များ ကို တွယ်ဆက်တစ်ရှူးများဖြင့် ဖွဲ့စည်းထားသည့် ခိုင်ခံ့ပြီး ပျော့ပျောင်းမှုရှိသော ကြိုးများကဲ့သို့ မှတ်ယူနိုင်ပါသည်။ ၎င်းတို့သည် ပေါင်ရိုးနှင့် ခြေသလုံးရိုးများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးထားပြီး သဘာဝအတိုင်း တည်ငြိမ်မှုရှိစေရန် ထိန်းကျောင်းပေးပါသည်။ အရွတ်များ၏ အဓိကတာဝန်မှာ အရိုးများကို […]

အယ်လ်ဇိုင်းမားရောဂါ
မေ့လျော့ခြင်းသည် အယ်လ်ဇိုင်းမားရောဂါ ၏ သတိပေးလက္ခဏာတစ်ခု ဖြစ်လာသောအခါ

နှစ်စဉ် စက်တင်ဘာလ (၂၁) ရက်နေ့သည် ကမ္ဘာ့အယ်လ်ဇိုင်းမားရောဂါနေ့ ဖြစ်ပြီး၊ မိမိကိုယ်တိုင် သို့မဟုတ် မိမိ၏ ချစ်ခင်ရသူများ၌ မှတ်ဉာဏ်၊ အတွေးအခေါ်နှင့် အမူအကျင့် ပုံစံပြောင်းလဲမှုများကို ပိုမိုဂရုပြု စောင့်ကြည့်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ အယ်လ်ဇိုင်းမားရောဂါ သည် မေ့လျော့ခြင်း လက္ခဏာတစ်ခုတည်းဖြင့်သာ ပေါ်ပေါက်သည် မဟုတ်ပါ။ ဝေဒနာရှင်သည် မေးခွန်းတစ်ခုတည်းကိုပင် ထပ်ခါတလဲလဲ မေးမြန်းခြင်း၊ ရင်းနှီးပြီးသား နေရာများတွင် လမ်းပျောက်ခြင်း၊ ယခင်က လွယ်ကူစွာ ပြုလုပ်နိုင်ခဲ့သည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ခက်ခဲလာခြင်း သို့မဟုတ် စိတ်နေစိတ်ထားနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်ပါသည်။ လက်ရှိတွင် အဆိုပါ ရောဂါလက္ခဏာများကို သက်သာကောင်းမွန်စေနိုင်မည့် ကုသမှုများ ပေါ်ပေါက်လျက်ရှိသော်လည်း ကုသမှုကို စောစီးစွာ ခံယူရမည် ဖြစ်ပါသည်။ ပုံမှန်မဟုတ်သည့် လက္ခဏာများကို စောစီးစွာ သိရှိပြီး […]

အာရုံကြောအကြိတ်
သင်၏ နာကျင်ကိုက်ခဲမှုသည် ကျောရိုးကြောင့်သာမဟုတ်ဘဲ အာရုံကြောအကျိတ် များကြောင့်လည်း ဖြစ်နိုင်ပါသည်။

လက်မောင်းနှင့် ပုခုံးတို့တွင် စွဲမြဲစွာ ခံစားနေရသော နာကျင်ကိုက်ခဲမှုများသည် အမြဲတစေ လည်ပင်းကျောရိုးဆစ်ကြောင့်သာ ဖြစ်သည်မဟုတ်ပါ။ နာကျင်မှု၏ အရင်းအမြစ်ကို မှားယွင်းစွာ ဖော်ထုတ်မိပါက ထိရောက်မှုမရှိသော ကုသမှုများဖြင့် နှစ်ရှည်လများ အချိန်ကုန်ဆုံးသွားစေနိုင်ပါသည်။ လည်ပင်းနှင့် လက်မောင်း နာကျင်ကိုက်ခဲမှုသည် လူနာများ ကျောရိုးအထူးကုဆရာဝန်ထံ သွားရောက်ပြသရသည့် အဖြစ်အများဆုံး အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါသည်။ အခြေအနေအတော်များများတွင် ၎င်း၏အကြောင်းရင်းမှာ လည်ပင်းကျောရိုးဆစ်ရှိ အာရုံကြောအမြစ်များ ဖိမိခြင်းကြောင့်ဖြစ်ပြီး ယင်းကို Cervical Radiculopathy ဟု ခေါ်ဆိုပါသည်။ သို့သော် လက်မောင်းနာကျင်မှု အားလုံးသည် ကျောရိုးဆစ်မှ ဖြစ်လာခြင်း မဟုတ်ပါ။ သင့်လျော်သော ကုသမှုများ ခံယူသော်လည်း ရောဂါလက္ခဏာများ သက်သာလာခြင်းမရှိခြင်း သို့မဟုတ် ခန့်မှန်းထားသော ပုံစံမျိုးနှင့် ကိုက်ညီမှုမရှိခြင်းတို့ ဖြစ်ပေါ်လာပါက အခြားသော အရင်းအမြစ်တစ်ခုခုကြောင့် ဖြစ်နိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ […]