ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ရင်သားကင်ဆာ အသိပညာပေးလ
ရင်သားကင်ဆာ အသိပညာပေးလ (Breast Cancer Awareness Month) မှာ မိမိကိုယ်ကို စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာကို သတိထားရှိနိုင်ရန်

အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေးလ ဖြစ်ပါသည်။ မိမိထံတွင် သတိပြုမိလောက်သော လက္ခဏာများ မရှိပါကလည်းကောင်း၊ မိသားစုအတွင်း ရောဂါရာဇဝင် မရှိပါကလည်းကောင်း ရင်သားကျန်းမာရေးကို ဂရုပြုရန် အရေးကြီးသော သတိပေးချက်တစ်ခု ဖြစ်ပါသည်။ အသက်အရွယ်၊ ဆေးပညာဆိုင်ရာ ရာဇဝင်နှင့် ယခင် ရင်သားစစ်ဆေးချက် ရလဒ်များသည် ရင်သားကင်ဆာ စစ်ဆေးခြင်း (screening) ကို မည်သည့်အချိန်တွင် စတင်သင့်သည်ကို အကြံပြုနိုင်ရန်အတွက် ဆရာဝန်များလိုအပ်သော အချက်အလက်များကို ပေးစွမ်းနိုင်ပါသည်။ အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေးခြင်းကို ပိုမိုအာရုံစိုက်စေသည့် လဖြစ်ပါသည်။ ပုံမှန်မဟုတ်သော လက္ခဏာ တစ်စုံတစ်ရာ မခံစားရသေးသမျှ ကာလပတ်လုံး ရင်သားကျန်းမာရေးနှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းဆွေးနွေးလေ့ မရှိကြပါ။ အောက်တိုဘာလ၏ ရင်သားကင်ဆာ အသိပညာပေး လှုပ်ရှားမှုများသည် ပြည်သူများအနေဖြင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များကို စောစီးစွာ […]

တက်စတိုစတီရုန်း အစားထိုးကုသမှု (TRT)
အမျိုးသားများ၏ ကျန်းမာရေးအပေါ် တက်စတိုစတီရုန်း (Testosterone) လျော့နည်းခြင်း၏ သက်ရောက်မှုနှင့် တက်စတိုစတီရုန်း အစားထိုးကုသမှု (TRT)

အမျိုးသားဟော်မုန်း (တက်စတိုစတီရုန်း ဟော်မုန်း) လျော့နည်းခြင်းသည် လိင်စိတ်ဆန္ဒနှင့် စွမ်းအင် ပြောင်းလဲလာခြင်းမှသည် ကြွက်သားခွန်အား လျော့နည်းသွားခြင်း သို့မဟုတ် စိတ်ခံစားချက် အပြောင်းအလဲဖြစ်ခြင်းအထိ အမျိုးသားများအပေါ် နည်းလမ်းမျိုးစုံဖြင့် သက်ရောက်မှု ရှိနိုင်ပါသည်။ ဤလက္ခဏာများသည် အခြားကျန်းမာရေး အခြေအနေများနှင့်လည်း ဆက်စပ်နေနိုင်သည်။ ထို့ကြောင့် ဆရာဝန်များသည် တက်စတိုစတီရုန်း အစားထိုးကုသမှု ကို မဆွေးနွေးမီ ရောဂါလက္ခဏာများနှင့် သွေးစစ်ဆေးချက် ရလဒ်များ နှစ်ခုလုံးကို လေ့လာသုံးသပ်လေ့ ရှိကြပါသည်။ တက်စတိုစတီရုန်း ဟော်မုန်း ချို့တဲ့ကြောင်း အတည်ပြုပြီးသူများအတွက် ယင်းကုသမှုသည် ကျန်းမာရေးအခြေအနေ၊ ရင်သွေးယူရန် အစီအစဉ်နှင့် ပုံမှန် နောက်ဆက်တွဲ ပြသရန် လိုအပ်ချက်များအပေါ် မူတည်၍ ကုသမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါသည်။ တက်စတိုစတီရုန်း အစားထိုးကုသမှု (TRT) သည် တက်စတိုစတီရုန်း လျော့နည်းနေသော အမျိုးသားများကို […]

ကျောရိုးဆစ်ပြားကျွံခြင်း
ကျောရိုးဆစ်ပြားကျွံခြင်း (Herniated Disc) – ကြွက်သားညောင်းညာခြင်းထက် ပိုမိုဆိုးရွားသော ခါးနာဝေဒနာ

ခါးအောက်ပိုင်း နာကျင်ခြင်းသည် အဖြစ်များသော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါသည်။ သို့သော် နာကျင်သည့်ဝေဒနာသည် တင်ပါး၊ ခြေထောက် သို့မဟုတ် ခြေချောင်းများသို့ စိမ့်ဝင်ပျံ့နှံ့သွားပြီး အထူးသဖြင့် ထုံကျင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း သို့မဟုတ် အားနည်းခြင်းတို့နှင့် ဒွန်တွဲခံစားရပါက ကျောရိုးဆစ်ပြားကျွံခြင်း ၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။ ကျောရိုးဆစ်ပြားကျွံခြင်း ဆိုသည်မှာ ကျောရိုးဆစ်ပြား၏ အပြင်လွှာ စုတ်ပြဲသွားပြီး အတွင်းမှ ပျော့ပျောင်းသော အစိတ်အပိုင်းကျွံထွက်ကာ အနီးရှိ အာရုံကြောများကို သွားရောက်ဖိညှပ်မိခြင်းဖြစ်ပါသည်။ ယင်းသည် အသက်အရွယ်ကြောင့် ပျက်စီးယိုယွင်းခြင်း၊ ကျောရိုးပေါ်သို့ ထပ်ခါတလဲလဲ အားသက်ရောက်မှုရှိခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါသည်။ ကုသမှုနည်းလမ်းသည် ဝေဒနာခံစားရမှု ပမာဏနှင့် အာရုံကြော ထိခိုက်မှုအခြေအနေပေါ် မူတည်ပါသည်။ လူနာအများစုမှာ ခွဲစိတ်ရန်မလိုသော ကုသနည်းများဖြင့် ပြန်လည်သက်သာကောင်းမွန်နိုင်သော်လည်း ခွဲစိတ်ကုသရန် လိုအပ်သည့်အခါတွင်မူ မှန်ပြောင်းသုံး […]

ပခုံးအရွတ်စုတ်ပြဲခြင်း
ပခုံးအရွတ်စုတ်ပြဲခြင်း (Rotator Cuff Tear) – ထိခိုက်ပျက်စီးသွားသော ပခုံးအရွတ်များကို ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်း

ပခုံးအရွတ်စုတ်ပြဲခြင်း သည် ပခုံးလှုပ်ရှားနိုင်စွမ်း၊ သန်မာမှုနှင့် နေ့စဉ်လှုပ်ရှားမှုများကို ထိခိုက်စေသည့် ပခုံးအရွတ်တစ်ချောင်း သို့မဟုတ် တစ်ချောင်းထက်ပို၍ ပျက်စီးခြင်း၊ စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိသော အတွေ့ရများသည့် ပခုံးရောဂါအခြေအနေတစ်ခု ဖြစ်ပါသည်။ ဤရောဂါအခြေအနေသည် အရွတ်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာခြင်းကြောင့်လည်းကောင်း၊ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိပြီးနောက် ရုတ်တရက်လည်းကောင်း ဖြစ်ပွားနိုင်ပါသည်။ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းတို့သည် စုတ်ပြဲမှု ပြင်းထန်မှုအခြေအနေနှင့် လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်တွင် မူတည်ပါသည်။ ကုသမှုနည်းလမ်းများတွင် ကာယကုထုံးခံယူခြင်းနှင့် နေ့စဉ်လှုပ်ရှားမှုများကို ပြုပြင်ပြောင်းလဲခြင်းကဲ့သို့သော ခွဲစိတ်မှုမလိုသည့် ကုသနည်းများမှစ၍ တစ်ရှူးများ ပျက်စီးမှုကို လျှော့ချပေးပြီး ထိခိုက်ထားသော အရွတ်များကို ပြန်လည်ပြင်ဆင်ပေးနိုင်သည့် ဒဏ်ရာသေး မှန်ပြောင်းသုံး ပခုံးခွဲစိတ်ကုသခြင်း အပါအဝင် အဆင့်မြင့် ခွဲစိတ်ကုသမှု နည်းပညာများအထိ ပါဝင်ပါသည်။ ပခုံးနာကျင်မှု ကုသရေးဆိုင်ရာ တိုးတက်လာမှုများနှင့်အတူ ခေတ်မီ ရောဂါရှာဖွေရေး […]

ခါးနာခြင်း ဝေဒနာ
ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး – ဘန်ကောက်မြို့ရှိ ကျောရိုးဆစ်အထူးကုဆေးရုံကြီး

နာတာရှည် ခါးနာခြင်း ဝေဒနာ များသည် လူတိုင်းလိုလို၏ သာမန် နေ့စဉ် လှုပ်ရှားသွားလာမှုများကို သက်ရောက်မှု ရှိစေနိုင်ပါသည်။ မိမိ၏ ကျောရိုးဆစ် ပြဿနာများမှာ နာတာရှည် ဖြစ်လာပြီး နေ့စဉ် လှုပ်ရှားသွားလာ ကုသမှုများကို အဟန့်အတား ဖြစ်စေသည့်အခါ မိမိ၏ ရောဂါအတွက် မှန်ကန်သော ကုသမှုကို ပေးနိုင်မည့် ဘန်ကောက်မြို့ရှိ အကောင်းဆုံး ကျောရိုးဆစ် အထူးကု ဆေးရုံကြီးကို ရှာဖွေ ကုသမှု ခံယူရန် လိုအပ်လာမည် ဖြစ်ပါသည်။ အရိုးနှင့် အဆစ် အထူးကု ဆေးကုသမှု – ဝေ့ဌာနီ ဆေးရုံကြီး အထူးပြု ဘာသာရပ် အတိတ်ကာလက ဘန်ကောက်မြို့ရှိ ဆေးရုံ အများစုသည် ကျောရိုးဆစ်ဆိုင်ရာ ကုသမှုများနှင့် ဝန်ဆောင်မှုများကို တစ်ပြေးညီ အဆင့်ဖြင့်သာ ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြပါသည်။ […]

Pilonidal Sinus ကုသမှု
SiLaC® Laser နည်းပညာဖြင့် အဆင့်မြင့် Pilonidal Sinus ကုသမှု — ခွဲစိတ်စရာမလို၊ အမာရွတ်မကျန်

Pilonidal Sinus ကို မြီးညှောင့်ရိုးအနီး အရေပြားရောဂါဟုလဲ ခေါ်ဆိုပါသည်။ ဤရောဂါသည် တင်ပါးအထက်ပိုင်းတွင် ခဏခဏ ပြန်လည်ဖြစ်ပွားတတ်သော ပိုးဝင်ရောင်ရမ်းသည့် လှိုဏ်ခေါင်းဖြစ်ပြီး၊ ထုံးတမ်းစဉ်လာ ခွဲစိတ်ကုသမှုများဖြင့် ကုသပါက နာကျင်မှု ခံစားရသော ပြန်လည်သက်သာချိန်နှင့် အနာပတ်တီးစည်းခြင်းများကို သီတင်းပတ်ပေါင်းများစွာ ပြုလုပ်ရလေ့ရှိပါသည်။ ယနေ့ခေတ်တွင် အဆင့်မြင့် ဆေးဝါးနည်းပညာများသည် Pilonidal Sinus ရောဂါကို ကုသသည့် သမားရိုးကျနည်းလမ်းများကို ပြောင်းလဲပေးခဲ့ပြီဖြစ်ပါသည်။ SiLaC® (Sinus Laser Closure) နည်းပညာသည် သမားရိုးကျခွဲစိတ်ကုသမှုကဲ့သို့ ထိခိုက်နာကျင်မှုများ မရှိဘဲ ဘုတ်အဖွဲ့ဝင် အူမကြီး ခွဲစိတ် အထူးကု ဆရာဝန်ကြီးများမှ ဆောင်ရွက်ပေးသော ရောဂါကို အမြစ်ပြတ် သက်သာပျောက်ကင်းစေသည့် ခေတ်မီ လေဆာကုသမှု နည်းလမ်းတစ်ခု ဖြစ်ပါသည်။ Pilonidal Sinus ဆိုသည်မှာ အဘယ်နည်း။ […]

Scoliosis (ကျောရိုးစောင်းခြင်း)
Scoliosis (ကျောရိုးစောင်းခြင်း) – ကျောရိုးကောက်ကွေးမှု ပိုမိုဆိုးရွားလာသောအခါ ထိုင်းနိုင်ငံရှိ အဆင့်မြင့်ကုထုံး

Scoliosis (ကျောရိုးစောင်းခြင်း) သည် များသောအားဖြင့် လူပျိုဖော်၊ အပျိုဖော်မဝင်မီ အရွယ်ကြီးထွားမှု မြန်ဆန်သည့် အချိန်တွင် တွေ့ရလေ့ရှိသည်။ လူပျိုဖော်ဝင်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်၏ ၃ ရာခိုင်းနှုန်းခန့်တွင်လဲ ဖြစ်ပွားလေ့ရှိပါသည်။ ရောဂါလက္ခဏာမှာ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာနိုင်သော်လည်း မကုသဘဲထားပါက နောင်တစ်ချိန်တွင် ခန္ဓာကိုယ်ပုံစံ ပျက်ယွင်းခြင်း၊ အတွင်းအင်္ဂါများကို ထိခိုက်ခြင်းနှင့် ပုံမှန်လှုပ်ရှားသွားလာမှုကို ထိခိုက်စေပြီး အလုပ်မလုပ်နိုင်သည်အထိ ဖြစ်စေနိုင်ပါသည်။ ကျောရိုးစောင်းရောဂါအချို့မှာ အလိုအလျောက် ပြန်ကောင်းသွားနိုင်သလို အချို့မှာလည်း ကျောရိုးထိန်းကိရိယာ (Brace) တပ်ဆင်ရုံဖြင့် ထိရောက်စွာ ပျောက်ကင်းနိုင်ပါသည်။ သို့သော် ပိုမိုပြင်းထန်သည့် ရောဂါအခြေအနေများအတွက် ထိုင်းနိုင်ငံတွင် ကျောရိုးစောင်း ခွဲစိတ်ကုသမှု ခံယူခြင်းသည် အကောင်းဆုံး ကုသမှုနည်းလမ်း ဖြစ်ပါသည်။ Scoliosis (ကျောရိုးစောင်းခြင်း) ၏ လက္ခဏာများ မိဘတိုင်း ကျောရိုးစောင်းရောဂါ၏ လက္ခဏာများကို […]

ကျောက်ကပ်ရောဂါ၏ လက္ခဏာများ
ကျောက်ကပ်ရောဂါ၏ လက္ခဏာ (၆) ချက် – မိမိကျောက်ကပ် မူမမှန်သည်ကို သိရှိပြီး အချိန်မီ တုံ့ပြန်ကုသနိုင်ရန်

ကျောက်ကပ်ရောဂါသည် အများစု ထင်မှတ်ထားသည်ထက် ပိုမို အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပါသည်။ ၎င်းသည် သိသာထင်ရှားသော လက္ခဏာများ မပြဘဲ တိတ်တဆိတ် စတင်လေ့ရှိသောကြောင့် လူများ လျစ်လျူရှုမိတတ်သည့် ကျန်းမာရေးပြဿနာများထဲမှ တစ်ခုလည်း ဖြစ်ပါသည်။ သို့သော် လက္ခဏာများ ပေါ်ပေါက်လာချိန်တွင် ရောဂါအခြေအနေမှာ အတန်ငယ် ရင့်ကျက်နေပြီ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကျောက်ကပ်ရောဂါ၏ ကြိုတင်သတိပေး လက္ခဏာများကို သိရှိနားလည်ထားခြင်းသည် အချိန်မီ ကုသမှုခံယူနိုင်ရန်အတွက် အလွန် အရေးကြီးပါသည်။ ကျောက်ကပ်ရောဂါ ဆိုသည်မှာ အဘယ်နည်း၊ အဘယ်ကြောင့် ထင်မှတ်ထားသည်ထက် ပိုမို အဖြစ်များသနည်း။ ကျောက်ကပ်ရောဂါသည် ကျောက်ကပ်များ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာသောအခါ ဖြစ်ပွားပါသည်။ သွေးအတွင်းရှိ အညစ်အကြေးများကို ထိရောက်စွာ စစ်ထုတ်နိုင်ခြင်း မရှိတော့သည့်အပြင် ခန္ဓာကိုယ်တွင်း အရည်ပမာဏ […]