အစာအိမ်မှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်းသည် အစာအိမ်ကင်ဆာကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်သည်

ကျန်းမာရေးဆိုင်ရာ စာစောင်များ
အစာအိမ်မှန်ပြောင်း

အစာအိမ်ကင်ဆာ သည် အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိသောကြောင့် လူနာအများစုမှာ ရောဂါရင့်လာသည့်တိုင်အောင် မိမိတွင် ရောဂါရှိနေသည်ကို သတိမထားမိတတ်ကြပါ။

ဤကဲ့သို့ တိတ်တဆိတ်ဖြစ်ပွားတတ်သော ရောဂါကို စောစီးစွာသိရှိနိုင်ရန် အထိရောက်ဆုံးနည်းလမ်းမှာ အစာအိမ်မှန်ပြောင်း (Gastroscopy) ကြည့်ရှုခြင်း ပင် ဖြစ်ပါသည်။ ဤစစ်ဆေးမှုသည် ဘေးကင်းခြင်း၊ တိကျခြင်း၊ ကြာမြင့်ချိန်တိုတောင်းခြင်းနှင့် ခံစားရသည့် မသက်မသာဖြစ်မှု အနည်းဆုံးဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများရှိသည့်အပြင် ရောဂါမပြန့်ပွားမီ အစောပိုင်းအဆင့်မှာပင် ပုံမှန်မဟုတ်သော အခြေအနေများကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည်။

အစာအိမ်မှန်ပြောင်း ဖြင့် စစ်ဆေးမှုကို အဘယ်ကြောင့် ရွေးချယ်သင့်သနည်း?

  1. အစာအိမ်အနာ၊ အသားပို သို့မဟုတ် အစောပိုင်းအဆင့် အစာအိမ်ကင်ဆာကဲ့သို့သော ပုံမှန်မဟုတ်သည့် အခြေအနေများကို စစ်ဆေးတွေ့ရှိနိုင်ခြင်း။
  2. ခေတ်မီနည်းပညာများကြောင့် လျင်မြန်ဘေးကင်းပြီး နာကျင်မှုအနည်းဆုံးဖြစ်ခြင်း။
  3. အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ ကျွမ်းကျင်သော လမ်းညွှန်မှုနှင့် တိကျသည့် စစ်ဆေးမှုရလဒ်များကို ရရှိနိုင်ခြင်း။

မည်သူများ အစာအိမ်မှန်ပြောင်း ကြည့်သင့်သနည်း?

  1. အစာမကြေခြင်းနှင့် နာတာရှည် လေပွခြင်း ဝေဒနာခံစားနေရသူများ။
  2. မိသားစုမျိုးရိုးအတွင်း အစာအိမ်ကင်ဆာဖြစ်ပွားဖူးသူများ။
  3. H. pylori (အစာအိမ်ပိုး) ကူးစက်ခံထားရဖူးသည့် ရာဇဝင်ရှိသူများ။
  4. အသက် (၄၀) နှစ်နှင့်အထက် အစာအိမ်မှန်ပြောင်း တစ်ကြိမ်တစ်ခါမျှ မရိုက်ဖူးသေးသူများ။

အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်းသည် အစာအိမ်ကင်ဆာကို ကြိုတင်စစ်ဆေးရန် အထိရောက်ဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ စောစီးစွာ စစ်ဆေးခြင်းဖြင့် အချိန်မီကုသမှုခံယူနိုင်ပြီး ရောဂါပျောက်ကင်းနိုင်ခြေကို သိသိသာသာ မြင့်တက်စေပါသည်။ သင် သို့မဟုတ် သင့်ချစ်ခင်ရသူများတွင် ပုံမှန်မဟုတ်သော လက္ခဏာများရှိနေခြင်း သို့မဟုတ် ရောဂါဖြစ်နိုင်ခြေမြင့်မားသည့် အုပ်စုတွင် ပါဝင်နေပါက လိုအပ်သော စစ်ဆေးမှုနှင့် စောင့်ရှောက်မှုများခံယူရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဆက်သွယ်ရန် –
အစာအိမ်နှင့် အသည်းရောဂါအထူးကုဌာန၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း (+66) 2-734-0000 လိုင်းခွဲ 2960, 2961, 2966
မြန်မာဟော့လိုင်း (+66)63-853-2447

Medically Reviewed by

DR. Sukprasert Jutaghokiat
DR. Sukprasert Jutaghokiat

Internal Medicine

Gastroenterology and Hepatology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)