ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း
ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း – သွေးကင်ဆာဝေဒနာရှင်များအတွက် အသက်ကယ်တင်ပေးနိုင်သော ကုသမှုနည်းလမ်း

သွေးကင်ဆာသည် သွေးဆဲလ်များနှင့် ရိုးတွင်းခြင်ဆီများ၌ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းတို့သည် ကျန်းမာသော သွေးဆဲလ်များ ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။ ဤအခြေအနေကြောင့် ကိုယ်ခံအားစနစ် အားနည်းခြင်း၊ ရောဂါပိုးဝင်ရောက်နိုင်ခြေ များပြားခြင်း၊ သွေးလွယ်လွယ်ယိုခြင်းနှင့် သွေးအားနည်းခြင်းတို့ ဖြစ်ပေါ်စေသည်။ ထိုပုံမှန်မဟုတ်သော ဆဲလ်များ အဆမတန် ပွားများလာသောအခါ သွေးကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ သွေးကင်ဆာအမျိုးအစားများတွင် အဖြစ်အများဆုံးမှာ အောက်ပါတို့ဖြစ်သည် – ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်၍ ကုသမှုနည်းလမ်းများစွာ ရှိပါသည် – သွေးကင်ဆာအတွက် အဆင့်အမြင့်ဆုံးကုသမှုမှာ ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း ဖြစ်ပြီး ၎င်းကို ပင်မဆဲလ်အစားထိုးကုသခြင်းဟုလည်း ခေါ်ဆိုပါသည်။ ဤကုသမှုသည် ကျန်းမာသော သွေးဖွဲ့စည်းပေးသည့် ပင်မဆဲလ်များကို လူနာ၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးခြင်းဖြင့် ပျက်စီးနေသော သို့မဟုတ် ပုံမှန်မဟုတ်သော ဆဲလ်များကို အစားထိုး၍ ကျန်းမာသော သွေးဆဲလ်များကို […]

ဆီးကျိတ်ကြီးခြင်းကုထုံး
ဆီးကျိတ်ကြီးခြင်းဝေဒနာ – သမားရိုးကျ ခွဲစိတ်ကုသမှုများထက် ပိုမိုဆန်းသစ်သော ခေတ်မီကုထုံးများ

ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia – BPH) ကြောင့် ဖြစ်ပွားသော ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို ကုသရာတွင် ယခုအခါ သမားရိုးကျ ခွဲစိတ်ကုသမှုများအပြင် ပိုမိုဆန်းသစ်သော ကုသမှု နည်းလမ်းများစွာ ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။ ဆီးကျိတ်ကြီးခြင်းသည် ခဏခဏ ဆီးသွားချင်ခြင်း၊ ဆီးစီးဆင်းအား ပျော့ခြင်း သို့မဟုတ် ဆီးကုန်အောင် စွန့်ထုတ်ရ ခက်ခဲခြင်း စသည့် ဝေဒနာများကို ဖြစ်ပေါ်စေပြီး နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ဆေးပညာ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ဆရာဝန်များအနေဖြင့် ဆီးကျိတ်၏ အရွယ်အစား၊ ရောဂါလက္ခဏာများနှင့် လူနာတစ်ဦးချင်းစီ၏ စုစုပေါင်း ကျန်းမာရေး အခြေအနေပေါ် မူတည်၍ သင့်တော်ရာ ကုသမှု နည်းလမ်းများကို အကြံပြု ကုသပေးနိုင်ပြီ ဖြစ်ပါသည်။ ဆီးကျိတ်ကြီးခြင်းကြောင့် နေ့စဉ်လူနေမှုဘဝကို ထိခိုက်လာသောအခါ အသက်အရွယ် […]

ပင်မသွေးလွှတ်ကြောကွဲအက်ခြင်း
ပင်မသွေးလွတ်ကြော ကွဲအက်ခြင်း ရောဂါလက္ခဏာများနှင့် ရင်ဘတ်အောင့်ခြင်း၏ နောက်ကွယ်က သတိပေးချက်များ

Aortic Dissection (ပင်မသွေးလွှတ်ကြော ကွဲအက်ခြင်း) ၏ ရောဂါလက္ခဏာများသည် ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက် ရင်ဘတ်၊ ကျောပြင် သို့မဟုတ် ဝမ်းဗိုက်တွင် ပြင်းထန်စွာ စုတ်ဖြဲခံလိုက်ရသကဲ့သို့ နာကျင်မှုဖြင့် စတင်ဖြစ်ပွားလေ့ရှိပါသည်။ ထိုသို့ နာကျင်မှုသည် မိနစ်ပိုင်းအတွင်း အလွန်အမင်း ပြင်းထန်လာနိုင်ပြီး ရင်ဘတ်မှတစ်ဆင့် ကျောဘက်သို့ စုတ်ဖြဲဝင်ရောက်သွားသကဲ့သို့ ခံစားရနိုင်ပါသည်။ ထိုအချိန်၌ လူအများစုသည် ၎င်းတို့ ခံစားနေရသည်ကို နှလုံးသွေးကြောကျဉ်းရောဂါ (Heart attack) ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ထင်မှတ်မှားတတ်ကြပါသည်။ သို့သော် Aortic Dissection သည် စမ်းသပ်စစ်ဆေးမှု ရောဂါရှာဖွေပုံနှင့် ကုသပုံစံ လုံးဝ ကွဲပြားခြားနားသဖြင့် ရောဂါလက္ခဏာများကို စောစီးစွာ သိရှိနားလည်ရန် အလွန်အရေးကြီးပါသည်။ ပင်မသွေးလွှတ်ကြော ကွဲအက်ခြင်းကို နှလုံးသွေးကြောကျဉ်းရောဂါဟု အဘယ်ကြောင့် အထင်မှားလေ့ရှိကြသနည်း။ ပင်မသွေးလွှတ်ကြော ကွဲအက်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါ […]

ဦးနှောက်အကျိတ်၏သတိပေးလက္ခဏာ(၉)ချက်
ဦးနှောက်အကျိတ် – ရောဂါလက္ခဏာများနှင့် သတိထားစရာများ

ဦးနှောက်အကျိတ်ဆိုသည်မှာ ဦးနှောက်အတွင်း သို့မဟုတ် ဦးနှောက်အနီးတစ်ဝိုက်တွင် ပုံမှန်မဟုတ်သော ဆဲလ်များ ပွားများလာခြင်း ဖြစ်သည်။ ဦးခေါင်းခွံသည် ပြန့်ကားထွက်နိုင်ခြင်းမရှိသည့် မာကျောသော အကန့်အသတ်ရှိသည့်နေရာ ဖြစ်သောကြောင့် ထိုသို့ ပွားများလာသော အကျိတ်များသည် အလွန်ပင် အန္တရာယ်များလှသည်။ အကျိတ်ကြီးထွားလာသည်နှင့်အမျှ ဦးနှောက်အတွင်း ဖိအား (intracranial pressure) ကို မြင့်တက်စေပြီး ကျန်းမာသော ဦးနှောက်တစ်ရှူးများကို ဖိမိခြင်း၊ ထိခိုက်စေခြင်း သို့မဟုတ် ပျက်စီးစေခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ “အန္တရာယ်မရှိသော” (ကင်ဆာမဟုတ်သော) အကျိတ်များပင်လျှင် အသက်ရှူခြင်း၊ နှလုံးခုန်နှုန်း သို့မဟုတ် လှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်ချက်များကို ထိန်းချုပ်သည့် အရေးပါသော နေရာများတွင် တည်ရှိနေပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်သည်။ ထို့အပြင် “အန္တရာယ်ရှိသော” (ကင်ဆာဖြစ်သော) အကျိတ်များသည် လျှင်မြန်စွာ ကြီးထွားနိုင်ပြီး ကူးစက်ပြန့်ပွားနိုင်သဖြင့် ကုသမှုမခံယူပါက အာရုံကြောဆိုင်ရာ […]

ဦးနှောက်ကင်ဆာ
ဦးနှောက်ကင်ဆာ၏ ရောဂါလက္ခဏာများ

ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်များ စုစည်းပြီး အလုံးအကျိတ် ဖြစ်ပေါ်လာသည့်အခါ ဦးနှောက်အကျိတ် ဖြစ်ပွားရခြင်း ဖြစ်ပြီး ယင်းသည် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပါသည်။ ဦးနှောက်သည် လှုပ်ရှားသွားလာမှုမှသည် စရိုက်လက္ခဏာအထိ သက်ရောက်မှုရှိသဖြင့် အကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ကြီးထွားမှုနှုန်း ပေါ်မူတည်၍ ဦးနှောက်အကျိတ်၏ လက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး အလွန် ကွဲပြားနိုင်ပါသည်။ အဆိုပါ လက္ခဏာ အများစုသည် အခြားသော ကျန်းမာရေး အခြေအနေများကြောင့်လည်း ဖြစ်ပွားနိုင်သော်လည်း ဦးနှောက်ကင်ဆာ၏ စောစီးစွာ တွေ့ရှိရသော လက္ခဏာများနှင့် သတိပြုရမည့် လက္ခဏာများကို သိရှိနားလည်ထားခြင်းသည် အချိန်မီ ရောဂါရှာဖွေကုသမှု ခံယူနိုင်ရန်အတွက် အလွန် အရေးကြီးပါသည်။ ဦးနှောက်ကင်ဆာ၏ လက္ခဏာများမှာ အဘယ်နည်း။ ဦးနှောက်အကျိတ်၏ လက္ခဏာများသည် အကျိတ်သည် အာရုံကြောများကို ဖိမိခြင်း သို့မဟုတ် […]

နှလုံးခုန်မမှန်ခြင်းကို EP Study နှင့် Radiofrequency Ablation ဖြင့် ကုသခြင်း

နှလုံးခုန်မမှန်ခြင်း သို့မဟုတ် နှလုံးစည်းချက်မမှန်ခြင်းဝေဒနာကို လျှပ်စစ်စီးဆင်းမှုစမ်းသပ်စစ်ဆေးခြင်း (EP Study) နှင့် ရေဒီယိုကြိမ်နှုန်းသုံး၍ ကုသခြင်း (Radiofrequency Ablation) တို့ဖြင့် ကုသနိုင်ပြီဖြစ်သောကြောင့် တစ်သက်တာဆေးစွဲသောက်ရန် မလိုအပ်တော့ပါ။ ဝေ့ဌာနီဆေးရုံမှ နှလုံးအထူးကုဆရာဝန်ကြီး Dr. Pariwat Pengkeaw က နှလုံးစည်းချက်မမှန်ခြင်းဆိုသည်မှာ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း သို့မဟုတ် အလွန်နှေးခြင်းကဲ့သို့သော ပုံမှန်မဟုတ်သည့် အခြေအနေဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ ထိုသို့ဖြစ်ပါက နှလုံးမှ သွေးညှစ်ထုတ်နိုင်စွမ်းကို ထိခိုက်စေပြီး နှလုံးပျက်စီးခြင်း၊ လေဖြတ်ခြင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်ပွားစေနိုင်ပါသည်။ နှလုံးခုန်မမှန်ခြင်းကို အောက်ပါအတိုင်း ပုံစံနှစ်မျိုးဖြင့် ခွဲခြားနိုင်ပါသည် – “နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်း၊ အမောမခံနိုင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်းနှင့် သတိလစ်ခြင်းတို့သည် နှလုံးစည်းချက်မမှန်ခြင်း၏ ကနဦးလက္ခဏာများ ဖြစ်ကြပါသည်။ အများအားဖြင့် လူနာအများစုသည် ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာပြီး […]

ရင်သားကင်ဆာ
ရင်သားကင်ဆာဆိုင်ရာအခြေခံသိမှတ်ဖွယ်ရာများ – ရောဂါအမျိုးအစားများကိုခွဲခြားနားလည်ခြင်း၊ရောဂါလက္ခဏာများကိုစနစ်တကျသတိပြုခြင်းနှင့်အဆင့်မြင့်ကုထုံးနည်းလမ်းများ

ရင်သားကင်ဆာသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် ဘဝကို များစွာထိခိုက်စေနိုင်သော ရောဂါဖြစ်ပါသည်။ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး၏ ရင်သားကင်ဆာစင်တာတွင် ရောဂါရှာဖွေခြင်းနှင့် စောင့်ရှောက်မှုများကို အပြည့်အစုံ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရင်သားကင်ဆာဆိုသည်မှာ အဘယ်နည်း။ ရင်သားကင်ဆာဆိုသည်မှာ ရင်သားအတွင်းရှိ ပုံမှန်မဟုတ်သော ဆဲလ်များ အထိန်းအကွပ်မရှိဘဲ ကြီးထွားလာပြီး အကျိတ်များ ဖြစ်ပေါ်လာသည့် ရောဂါဖြစ်ပါသည်။ ထိုကင်ဆာဆဲလ်များသည် အနီးနားရှိ တစ်ရှူးများကို ကျူးကျော်ဝင်ရောက်နိုင်ရုံသာမက ရောဂါအခြေအနေ ပြင်းထန်လာပါက အရိုး၊ အသည်း၊ အဆုတ် သို့မဟုတ် ဦးနှောက်ကဲ့သို့သော ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့သွားတတ်ပါသည်။ ယင်းအခြေအနေကို ပြန့်နှံ့ရင်သားကင်ဆာ (Metastatic Breast Cancer) ဟု သတ်မှတ်ပါသည်။ ရင်သားကင်ဆာသည် အမျိုးသားရော အမျိုးသမီးများတွင်ပါ ဖြစ်ပွားနိုင်သော်လည်း အမျိုးသမီးများတွင် အဖြစ်များဆုံး ဖြစ်ပါသည်။ ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် […]

ဦးနှောက်သွေးကြောပိတ်၍လေဖြတ်ခြင်း
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း – ကိုယ်အင်္ဂါမသန်စွမ်းမှုကို ကာကွယ်ရန် အချိန်နှင့်တပြေးညီ ကုသမှုခံယူရမည့် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ

ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischemic Stroke) သည် ဦးနှောက်အတွင်းသို့ သွေးစီးဆင်းမှု ရပ်တန့်သွားခြင်း သို့မဟုတ် အလွန်အမင်း လျော့နည်းသွားခြင်းကြောင့် ဖြစ်ပွားပြီး ဦးနှောက်ဆဲလ်များအတွက် လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ မရရှိတော့ဘဲ မိနစ်ပိုင်းအတွင်း ဆဲလ်များ စတင်သေဆုံးစေပါသည်။ လေဖြတ်ခြင်းသည် အချိန်မီ ကုသမှုမခံယူပါက အသက်ဆုံးရှုံးနိုင်ခြေနှင့် ရေရှည်ကိုယ်အင်္ဂါမသန်စွမ်းမှု ဖြစ်ပွားနိုင်ခြေ အမြင့်မားဆုံးသော ရောဂါများထဲတွင် ပါဝင်ပါသည်။ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ရခြင်း အကြောင်းရင်းများ ဦးနှောက်အတွင်းရှိ သွေးကြောများ သို့မဟုတ် ဦးနှောက်သို့ သွေးပို့လွှတ်သည့် သွေးလွှတ်တော်များ ပိတ်ဆို့သွားခြင်းကြောင့် ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း ဖြစ်ပွားရပါသည်။ အဖြစ်များသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် – ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၏ ရောဂါလက္ခဏာများ ရောဂါလက္ခဏာများသည် များသောအားဖြင့် ရုတ်တရက် ပေါ်ပေါက်လာတတ်ပြီး အရေးပေါ် […]