ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

မိုင်ယယ်လိုဒစ်ပလပ်စတစ်ရောဂါစု
မိုင်ယယ်လိုဒစ်ပလပ်စတစ်ရောဂါစု (Myelodysplastic Syndrome) – ပုံမမှန်သော သွေးဆဲလ်ထုတ်လုပ်မှုကို ဖြစ်စေနိုင်သည့် ရိုးတွင်းခြင်ဆီချို့ယွင်းမှု ရောဂါ

မိုင်ယယ်လိုဒစ်ပလပ်စတစ်ရောဂါစု (Myelodysplastic Syndrome – MDS) ဆိုသည်မှာ ခန္ဓာကိုယ်၏ သွေးဆဲလ်ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေသည့် ရိုးတွင်းခြင်ဆီချို့ယွင်းမှု ရောဂါစုတစ်ခု ဖြစ်ပါသည်။ ဤရောဂါဖြစ်ပွားပါက ရိုးတွင်းခြင်ဆီ၏ လုပ်ဆောင်ချက်များ ပျက်ပြားလာပြီး ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သော ပုံမှန်မဟုတ်သည့် သွေးဆဲလ်များကို ထုတ်လုပ်ပေးပါသည်။ ရောဂါလက္ခဏာများသည် MDS က မည်သည့်သွေးဆဲလ်အမျိုးအစားကို ထိခိုက်စေသနည်းဟူသည့်အချက်နှင့် အဆိုပါသွေးဆဲလ်ပမာဏ မည်မျှအထိ လျော့နည်းသွားသနည်းဟူသည့်အချက်အပေါ် မူတည်ပါသည်။ ရောဂါကို စောစီးစွာ သိရှိနားလည်ခြင်းနှင့် သင့်လျော်သော ဆေးကုသမှုခံယူခြင်းတို့သည် ရေရှည်ကျန်းမာရေး စီမံခန့်ခွဲမှုအတွက် အရေးကြီးပါသည်။ ဆရာဝန်များသည် အသက်အရွယ်ကြီးရင့်သူများတွင် MDS ရောဂါကို ပိုမိုရှာဖွေတွေ့ရှိလေ့ရှိသော်လည်း လူအများစုသည် ၎င်း၏ရောဂါလက္ခဏာများကို သာမန်အသက်ကြီးရင့်မှု ဖြစ်စဉ် သို့မဟုတ် အခြားအဖြစ်များသော ကျန်းမာရေးအခြေအနေများနှင့် မှားယွင်းယူဆတတ်ကြပါသည်။ အချို့သော MDS ရောဂါပုံစံများသည် အချိန်ကြာလာသည်နှင့်အမျှ […]

သားအိမ်အလုံးတည်ခြင်း
ရာသီသွေးဆင်းစဉ် ကိုက်ခဲခြင်းသည် သာမန်ရာသီလာခြင်းထက် ပိုမိုပြင်းထန်သော လက္ခဏာတစ်ရပ် ဖြစ်နေနိုင်သည့်အခါ – သားအိမ်အလုံးတည်ခြင်း အကြောင်းကို ‌လေ့လာခြင်း

သားအိမ်အလုံးတည်ခြင်း (Uterine fibroids) ဆိုသည်မှာ သားအိမ်၏ ကြွက်သားအလွှာမှ ဖွံ့ဖြိုးကြီးထွားလာတတ်သော ကင်ဆာမဟုတ်သည့် သာမန်အကျိတ်များ ဖြစ်ကြပြီး အမျိုးသမီးများတွင် အဖြစ်အများဆုံး အမျိုးသမီးရောဂါဆိုင်ရာ ဝေဒနာများထဲမှ တစ်ခုဖြစ်ပါသည်။ အချို့သောအမျိုးသမီးများတွင် မည်သည့်လက္ခဏာမျှ ပြသခြင်းမရှိသော်လည်း၊ အချို့သူများတွင်မူ ရာသီသွေးအလွန်အမင်းဆင်းခြင်း၊ ဆီးခုံတဝိုက် နာကျင်ကိုက်ခဲခြင်း သို့မဟုတ် သားသမီးရရှိနိုင်စွမ်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ရောဂါရှာဖွေသတ်မှတ်ရာတွင် ယေဘုယျအားဖြင့် လူနာ၏ ရောဂါရာဇဝင်ကို ပြန်လည်ဆန်းစစ်ခြင်း၊ ကိုယ်ခန္ဓာစစ်ဆေးခြင်းနှင့် တီဗွီဓာတ်မှန် (Ultrasound) ရိုက်ကူးခြင်းတို့ ပါဝင်ပါသည်။ ကုသမှုဆိုင်ရာ အကြံပြုချက်များကိုမူ အသားလုံး၏ အရွယ်အစား၊ အရေအတွက်နှင့် တည်နေရာ၊ လက္ခဏာများ မည်မျှပြင်းထန်သည်ဟူသော အချက်နှင့် လူနာ၏ နောင်တွင် သားသမီးယူရန် အစီအစဉ်ရှိမရှိ စသည့်အချက်များအပေါ် မူတည်၍ ဆုံးဖြတ်ရပါသည်။ ကုသနည်းလမ်းများတွင် ရောဂါအခြေအနေကို စောင့်ကြည့်လေ့လာခြင်းနှင့် […]

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE)
အစာပြွန်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) – နှလုံးကျန်းမာရေးကို အသေးစိတ် ပိုမိုနီးကပ်စွာ ကြည့်ရှုစစ်ဆေးခြင်း

သင့်ဆရာဝန်မှ အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) ပြုလုပ်ရန် အကြံပြုထားပါက ဤစစ်ဆေးမှု ပြုလုပ်ရန် အဘယ်ကြောင့် လိုအပ်သနည်းဟု သင့်အနေဖြင့် သိရှိလိုမည်ဖြစ်သည်။ နှလုံးရောဂါအများစုကို ရင်ဘတ်ပေါ်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TTE စစ်ဆေးမှု) ဖြင့် စတင်ရောဂါရှာဖွေခြင်းနှင့် သုံးသပ်စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်။ အစာပြွန်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE စစ်ဆေးမှု) ကို နှလုံးတည်ဆောက်ပုံဆိုင်ရာ အချက်အလက်များကို ပိုမိုအသေးစိတ် သိရှိရန်လိုအပ်သည့်အခါ၊ ရင်ဘတ်ပေါ်မှ ရိုက်ကူးထားသော အာထရာဆောင်း အဖြေများ မသဲကွဲသည့်အခါ သို့မဟုတ် ကုသမှုအစီအစဉ်များ ရေးဆွဲခြင်းနှင့် လမ်းညွှန်မှုပေးခြင်းများ ပြုလုပ်သည့်အခါတို့တွင် သီးသန့်ရွေးချယ် အသုံးပြုလေ့ရှိသည်။ အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) စစ်ဆေးမှုဆိုသည်မှာ အဘယ်နည်း၊ ၎င်းသည် သင့်နှလုံးအကြောင်း အဘယ်အရာများ ဖော်ပြပေးနိုင်သနည်း။ အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) ဆိုသည်မှာ နှလုံးအထူးကု ဆရာဝန်များအနေဖြင့် သင့်နှလုံး၏ […]

ကလေးအသည်းအဆီဖုံးရောဂါ
ကလေးများတွင် ဖြစ်ပွားတတ်သော အသည်းအဆီဖုံး‌ရောဂါ – မိဘများအတွက် သိကောင်းစရာများ

ကလေးအသည်းအဆီဖုံးရောဂါ (Pediatric fatty liver disease) သည် အသည်းအတွင်း အဆီများ လွန်ကဲစွာ စုပုံလာခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဤရောဂါအခြေအနေကို ယခင်က အရက်ကြောင့် မဟုတ်သောအသည်းအဆီဖုံးရောဂါ (NAFLD) ဟု ခေါ်ဆိုခဲ့ကြသော်လည်း ယခုအခါ ဇီဝကမ္မဖြစ်စဉ် မူမမှန်ခြင်းကြောင့် အသည်းအဆီဖုံးခြင်း (MASLD) ဟု ပြောင်းလဲခေါ်ဆိုပါသည်။ ၎င်းသည် အဝလွန်ခြင်း၊ အင်ဆူလင် တုံ့ပြန်မှု အားနည်းခြင်း (Insulin resistance) နှင့် ဇီဝကမ္မဖြစ်စဉ် မူမမှန်ခြင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများနှင့် ယေဘုယျအားဖြင့် ဆက်စပ်နေပါသည်။ သို့သော်လည်း အချို့သော ကလေးငယ်များတွင် သိသာထင်ရှားသော အကြောင်းအရင်းများ မရှိဘဲ ပင် ဤရောဂါ ဖြစ်ပွားနိုင်ပါသည်။ ဤရောဂါအခြေအနေသည် များသောအားဖြင့် လက္ခဏာ မပြဘဲ တိတ်တဆိတ် ဖြစ်ပေါ်လာတတ်ပြီး၊ […]

ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်မှုပေးခွဲစိတ်ခြင်း (DBS)
ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်မှုပေးခွဲစိတ်ကုသခြင်း (Deep Brain Stimulation – DBS Surgery): ဤခွဲစိတ်မှုမှာ အဘယ်နည်း၊ မည်သူတို့အတွက် သင့်တော်သနည်း။

ဦးနှောက်အတွင်းပိုင်း လှုံ့ဆော်မှုပေး ခွဲစိတ်ကုသခြင်း (Deep Brain Stimulation – DBS Surgery) ဆိုသည်မှာ အဘယ်နည်း။ ခန္ဓာကိုယ် တုန်ရင်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်းနှင့် လှုပ်ရှားသွားလာရ ခက်ခဲခြင်းတို့သည် နေ့စဉ်ပုံမှန် လူမှုဘဝကို အနှောင့်အယှက် ဖြစ်လာသည့်အခါ ဦးနှောက်အတွင်းပိုင်း လှုံ့ဆော်မှုပေး ခွဲစိတ်ကုသခြင်း (DBS) သည် ကုသမှုနည်းလမ်းသစ် တစ်ခုအဖြစ် ကူညီပေးနိုင်ပါသည်။ ဤဆန်းသစ်သော ကုသမှုလုပ်ငန်းစဉ်သည် ဦးနှောက်၏ သီးခြားနေရာများကို အဓိကထား ထိန်းချုပ်ပေးခြင်းဖြင့် ပါကင်ဆန်ရောဂါ (Parkinson’s Disease)၊ ခေါင်းတုန်လက်တုန်ရောဂါ (Essential Tremor) နှင့် အခြားသော အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်ပါသည်။ ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်မှုပေးခွဲစိတ်ကုသခြင်း (DBS) ဆိုသည်မှာ အဘယ်နည်း။ ဦးနှောက်အတွင်းပိုင်း လှုံ့ဆော်မှုပေး ခွဲစိတ်ကုသခြင်း (DBS) […]

DaVinciစက်ရုပ်နည်းပညာသုံးကျောက်ကပ်အစားထိုးခွဲစိတ်မှု
Da Vinci စက်ရုပ်နည်းပညာသုံးခွဲစိတ်ကုသမှုဖြင့် ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း ကဏ္ဍကို ပိုမိုမြှင့်တင်ပေးခြင်း

Da Vinci စက်ရုပ်နည်းပညာသုံးခွဲစိတ်ကုသမှုဖြင့် ကျောက်ကပ်အစားထိုးကုသခြင်း (Robotic-assisted kidney transplantation) သည် ကျောက်ကပ်ပျက်စီးမှု နောက်ဆုံးအဆင့် (End-stage kidney disease) ခံစားနေရသော လူနာများအတွက် ခန္ဓာကိုယ်တွင်း ထိခိုက်ဒဏ်ရာအနည်းဆုံးဖြစ်စေသည့် ခေတ်မီခွဲစိတ်နည်းပညာ (Minimally invasive technique) တစ်ခု ဖြစ်ပါသည်။ အဆိုပါ ခွဲစိတ်မှုတွင် အလွန်ကြည်လင်ပြတ်သားသော 3D ကင်မရာနှင့် အဆင့်မြင့်ဉာဏ်ရည်တု စက်ရုပ်လက်တံများကို ပေါင်းစပ်အသုံးပြုထားခြင်းကြောင့် ခွဲစိတ်ဆရာဝန်အနေဖြင့် အနီးကပ်ဆုံး တိကျသေချာစွာ ခွဲစိတ်နိုင်သည့်အပြင် ခွဲစိတ်ဒဏ်ရာပတ်ပတ်လည်ရှိ တစ်ရှူးများ ထိခိုက်မိခြင်းကိုလည်း အနည်းဆုံးဖြစ်စေကာ လူနာကို လျင်မြန်စွာ ပြန်လည်နာလန်ထူလာစေရန် အထောက်အကူပြုပါသည်။ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်ပြီးမြောက်ပါက လူနာများအနေဖြင့် ကျောက်ကပ်ဆေးရသည့် အလုပ်အပေါ် ဆက်လက်မှီခိုနေရန် မလိုတော့ပါ။ သို့သော်လည်း တစ်သက်တာပတ်လုံး ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန်နှင့် […]

ပါကင်ဆန် DBS
ပါကင်ဆန်ရောဂါအတွက် ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်မှုပေးခွဲစိတ်ခြင်း (DBS) – အကျိုးကျေးဇူးများ၊ ဘေးထွက်ဆိုးကျိုးများ၊ အောင်မြင်မှုနှုန်းနှင့် ကုသမှုခံယူရန် သင့်တော်သူများ

ပါကင်ဆန်ရောဂါသည် တုန်ယင်ခြင်းတစ်မျိုးတည်းသာမက ဘဝ၏ ခန္ဓာကိုယ်ဟန်ချက်ညီမှုကို ထိခိုက်စေနိုင်ပြီး လူမှုရေးနယ်ပယ်တွင် ယုံကြည်မှုလျော့နည်းစေနိုင်သည့် ရောဂါလည်း ဖြစ်ပါသည်။ သောက်ဆေးများ ထိရောက်မှု မရှိတော့သည့် သို့မဟုတ် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် ခက်ခဲနေသည့် ဝေဒနာရှင်များအတွက် ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်မှုပေးခွဲစိတ်ခြင်း (DBS) ပါကင်ဆန်ရောဂါ ကုသမှုသည် ရွေးချယ်နိုင်သော ကုသမှုနည်းလမ်းတစ်ခု ဖြစ်ပါသည်။ ပါကင်ဆန်ရောဂါအတွက် ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်မှုပေးခွဲစိတ်ခြင်း (DBS) ဆိုသည်မှာ အဘယ်နည်း။ ပါကင်ဆန်ရောဂါအတွက် ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်မှုပေးခွဲစိတ်ခြင်း (DBS) ကုသမှုသည် ရောဂါကြောင့်ဖြစ်ပေါ်သော လှုပ်ရှားမှုဆိုင်ရာ လက္ခဏာများကို ထိန်းချုပ်ရန် ခန္ဓာကိုယ်အတွင်း သေးငယ်သော စက်ပစ္စည်းတစ်ခု ထည့်သွင်းကုသသည့် နည်းလမ်းဖြစ်ပါသည်။ ဆရာဝန်များသည် လှုပ်ရှားမှုကို ထိန်းချုပ်ပေးသော ဦးနှောက်၏ သီးသန့်ဧရိယာများအတွင်းသို့ သေးငယ်သည့် အီလက်ထရုတ် (Electrodes) ဝိုင်ယာကြိုးများကို ထည့်သွင်းပေးပါသည်။ ထိုအီလက်ထရုတ်များမှ ငြင်သာသော လျှပ်စစ်လှိုင်းများကို […]

အဆုတ်ကင်ဆာ
အဆုတ်ကင်ဆာကို တိကျစွာ စစ်ဆေးခြင်း- EBUS (အဆုတ်မှန်ပြောင်း အာထရာဆောင်း) နည်းပညာဖြင့် စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်း

နာတာရှည်ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ပုံမှန်မဟုတ်ဘဲ နွမ်းနယ်ခြင်းတို့သည် သာမန်အအေးမိခြင်း သို့မဟုတ် ဓာတ်မလည့်ခြင်းဟု ထင်မှတ်မှားကာ လျစ်လျူရှုတတ်ကြသည့် အသေးစားလက္ခဏာများကဲ့သို့ ထင်ရနိုင်ပါသည်။ သို့သော် လက်တွေ့တွင် အဆိုပါလက္ခဏာများသည် ကမ္ဘာ့သေဆုံးမှုအများဆုံး အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သော အဆုတ်ကင်ဆာ၏ စောစီးစွာပြသသည့် သတိပေးလက္ခဏာများ ဖြစ်နေနိုင်ပါသည်။ အဆုတ်ကင်ဆာဆိုသည်မှာ အဘယ်နည်း။ အဆုတ်ကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာရောဂါများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ကင်ဆာကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်ပါသည်။ ရောဂါစတင်သည့် အစောပိုင်းအဆင့်များတွင် လက္ခဏာတစ်စုံတစ်ရာ ပြသလေ့မရှိသောကြောင့် လူနာအများအပြားသည် ရောဂါကျွမ်းမှသာ စမ်းသပ်တွေ့ရှိရလေ့ရှိပြီး ယင်းက ရောဂါပျောက်ကင်းအောင် ကုသနိုင်ခြေကို သိသိသာသာ လျော့နည်းစေပါသည်။ အဆုတ်ကင်ဆာ၏ သတိပေးလက္ခဏာများ အကယ်၍ အဆိုပါလက္ခဏာများသည် သီတင်းပတ်အနည်းငယ်ထက်ပို၍ စွဲကပ်နေပါက အဆုတ်ကင်ဆာ ကြိုတင်စစ်ဆေးမှု ပြုလုပ်ရန် အလေးအနက် […]