ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ခါးရိုးဆစ်ကျွံခြင်း
အချိန်ကြာမြင့်စွာ ထိုင်နေခြင်းကြောင့် ခါးရိုးဆစ်ကျွံခြင်းဝေဒနာ (Herniated disc) ဖြစ်နိုင်ချေ မြင့်တက်လာခြင်း

လူအများစုသည် နာတာရှည် ခါးနာခြင်း (back pain) သို့မဟုတ် လည်ပင်းနာခြင်း (neck pain) ဝေဒနာများကို အလိုအလျောက် ပြန်လည်ကောင်းမွန်သွားနိုင်သည့် သာမန်ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူကာ လျစ်လျူရှုတတ်ကြပါသည်။ သို့သော် အဆိုပါ လက္ခဏာများသည် ခါးဆစ်ရိုးကျွံခြင်း ဝေဒနာ (Herniated disc) ၏ အစောပိုင်း သတိပေးချက်များ ဖြစ်နိုင်ပြီး စနစ်တကျ ကုသမှု မခံယူပါက အခြေအနေ ပိုမိုဆိုးရွားလာကာ သင်၏ နေ့စဉ် လူမှုဘဝကိုပါ သိသိသာသာ ထိခိုက်စေနိုင်ပါသည်။ ခါးဆစ်ရိုးကျွံခြင်း ဆိုတာ ဘာလဲ? ခါးဆစ်ရိုးကျွံခြင်း (Herniated disc) ဆိုသည်မှာ ခန္ဓာကိုယ်လှုပ်ရှားမှုကို ချောမွေ့စေပြီး တုန်ခါမှုဒဏ်ကို ထိန်းညှိပေးသော ကျောရိုးဆစ်ကြားရှိ အောက်ခံပြားလေးများ စုတ်ပြဲခြင်း သို့မဟုတ် နေရာလွဲချော်ခြင်းကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ ထိုသို့ […]

ဦးနှောက်သွေးကြောဖောင်းခြင်း
ဦးနှောက်သွေးကြောဖောင်းခြင်း (Brain aneurysm) ဆိုင်ရာ အထွေအထွေဗဟုသုတ

ဦးနှောက်သွေးကြောဖောင်းခြင်းဆိုသည်မှာ ဦးနှောက်အတွင်း သို့မဟုတ် ဦးနှောက်အနီးတစ်ဝိုက်ရှိ သွေးလွှတ်ကြောနံရံ အားနည်းသောနေရာတွင် သွေးများစုပုံလာပြီး ဖောင်းကြွလာခြင်းဖြစ်ပါသည်။ သွေးစီးဆင်းမှုမှတစ်ဆင့် အမြဲမပြတ်ရှိနေသော ဖိအားကြောင့် အဆိုပါအားနည်းသည့် အပိုင်းသည် အပြင်ဘက်သို့ ကားထွက်လာကာ အရွယ်အစားကြီးမားလာပြီး အရည်ကြည်ဖုကဲ့သို့ ဖောင်းထွက်လာခြင်း ဖြစ်ပါသည်။ ဦးနှောက်သွေးကြောဖောင်းခြင်းသည် ဦးနှောက်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပါသည်။ ဤဝေဒနာခံစားရသူများ၏ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်တွင် သွေးကြောဖောင်းခြင်း တစ်ခုထက်မက ရှိနေတတ်ပါသည်။ ဦးနှောက်သွေးကြောဖောင်းခြင်း အမျိုးအစားတိုင်းသည် ပေါက်ထွက်သွားနိုင်သည့် အန္တရာယ်ရှိပြီး ထိုသို့ပေါက်ထွက်ပါက ဦးနှောက်အတွင်း သို့မဟုတ် ဦးနှောက်အနီးတစ်ဝိုက်တွင် သွေးယိုစီးခြင်း (hemorrhage) ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဦးနှောက်သွေးကြောဖောင်းရာမှ ပေါက်ထွက်သွားပါက ဘာတွေဖြစ်နိုင်မလဲ? အလွန်သေးငယ်သော သွေးကြောဖောင်းခြင်းများသည် သွေးယိုစိမ့်ခြင်း သို့မဟုတ် ရောဂါလက္ခဏာပြခြင်းမျိုး မရှိတတ်ပါ။ သွေးကြောဖောင်းခြင်းသည် ပိုမိုကြီးမားလာပြီး အနီးနားရှိ […]

Da Vinci (ဒါဗင်ချီ) စက်ရုပ်ခွဲစိတ်မှုစနစ်
Da Vinci (ဒါဗင်ချီ)ခွဲစိတ်ကုသမှုစက်ရုပ်ဖြင့်ဆန်းသစ်လာသောအသေးစားခွဲစိတ်မှု၊ ပိုမိုတိကျသေချာခြင်း၊ မြန်ဆန်စွာနာလန်ထူနိုင်ခြင်း၊ ပိုမိုကောင်းမွန်သောလူနေမှုဘဝအရည်အသွေးရရှိခြင်း။

လူနာများအနေဖြင့် ပိုမိုဘေးကင်းပြီး ထိရောက်မှုရှိသော ကုသမှုများကို ရရှိနိုင်စေရန်အတွက် ဆေးဘက်ဆိုင်ရာ နည်းပညာများသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ထိုသို့သော ဆန်းသစ်တီထွင်မှုများထဲတွင် ဒါဗင်ချီ (da Vinci) ခွဲစိတ်ကုသမှု စက်ရုပ်သည် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းမှာ အသေးစားခွဲစိတ်မှု (Minimally Invasive Surgery) များတွင် ခွဲစိတ်ဆရာဝန်များကို ကူညီပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ခေတ်မီစက်ရုပ်စနစ်တစ်ခု ဖြစ်ပါသည်။ ဤစနစ်သည် လက်လှမ်းမီရန် ခက်ခဲသောနေရာများတွင် ခွဲစိတ်မှုကို ပိုမိုတိကျစေသည့်အပြင် လူနာ၏ ခန္ဓာကိုယ်အပေါ် ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်နိုင်သော ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း သိသာထင်ရှားစွာ လျှော့ချပေးနိုင်ပါသည်။ ဒါဗင်ချီ (da Vinci) စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ကုသခြင်းနည်းပညာကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (U.S. FDA) မှ အသိအမှတ်ပြုထားပြီးဖြစ်ကာ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းဆေးရုံကြီးများတွင် […]

မိဘများသိသင့်သော အတက်ကလေးများကို ပြုစုနည်း
ကလေးဘဝတွင် အတက်ရောဂါရှာဖွေတွေ့ရှိခြင်းသည် မိသားစုဘဝထဲတွင်

စိတ်မကောင်းစရာဖြစ်သလို သင့်ကလေး၏ အတက်ရောဂါကို မြင်တွေ့ရခြင်းသည် အလွန်စိတ်သောကရောက်စေနိုင်သည်။ သို့သော် မျှော်လင့်ချက်နှင့် ထိရောက်သော ဖြေရှင်းနည်းများသည် ခုချိန်မှာ ရှိနေပြီဖြစ်ပါသည်။ မှန်ကန်သော ဆေးဘက်ဆိုင်ရာအဖွဲ့၊ မြန်ဆန်ပြီး တိကျသော ရောဂါရှာဖွေမှုနှင့် သင့်ကလေးအတွက် သီးသန့်စစ်ဆေးထုတ်ထားသော ကုသမှုအစီအစဉ်ဖြင့် ကျေနပ်ဖွယ်ကောင်းပြီး တက်ကြွသောဘဝတစ်ခုကို ပြန်လည်ရရှိနိုင်ပါသည်။ ကလေး ၀က်ရူးပြန်ရောဂါ/အတက်ရောဂါ ဆိုတာ ဘာလဲ။ ကလေး ၀က်ရူးပြန်ရောဂါ/ အတက်ရောဂါ ဆိုသည်မှာ ကလေးများသည် ဦးနှောက်တွင် ပုံမှန်မဟုတ်သော လျှပ်စစ်လှုပ်ရှားမှုကြောင့် ထပ်ခါတလဲလဲ ဖြစ်သော အတက်ရောဂါကို ရည်ညွှန်းပါသည်။ ၀က်ရူးပြန်ရောဂါ/ အတက်ရောဂါ သည် နည်းလမ်းများစွာဖြင့် ဖြစ်ပွားနိုင်ပြီး ခဏတာ စိုက်ကြည့်ခြင်းမှ တစ်ကိုယ်လုံး တက်သွားသည်အထိ ဖြစ်ပွားနိုင်သည်။ အချို့သော ကလေးများသည် ၀က်ရူးပြန်ရောဂါ/ အတက်ရောဂါ ပျောက်ကင်းသွားသော်လည်း အချို့မှာ ရေရှည်စောင့်ရှောက်မှုနှင့် […]