နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း (CABG) – နှလုံးသွေးကြောကျဥ်းရောဂါကိုထိရောက်စွာကုသခြင်း
နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသို့ အောက်ဆီဂျင်ပါသော သွေးများကို ပို့ဆောင်ပေးသည့် သွေးကြောများ ကျဉ်းမြောင်းလာခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်သော နှလုံးရောဂါအခြေအနေဖြစ်သည်။ နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း (CABG) တွင် on-pump ခေါ် ရိုးရာခွဲစိတ်ကုသမှုနည်းလမ်းနှင့် နည်းပညာအသစ်ဖြစ်သည့် off-pump CABG ဟူ၍ နှစ်မျိုးရှိသည်။ နည်းလမ်းနှစ်ခုစလုံးသည် နှလုံးသွေးကြောကျဉ်းရောဂါအတွက် ထိရောက်သော ကုသမှုများဖြစ်သည်။ သမားရိုးကျ On-Pump နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း On-pump CABG ခွဲစိတ်မှုကို ဆယ်စုနှစ်များစွာ အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဤအဖွင့်နှလုံးခွဲစိတ်မှုတွင် နှလုံးနှင့် အဆုတ်စက် (heart-lung machine) ကို အသုံးပြု၍ အောက်ဆီဂျင်ပါသော သွေးများကို နှလုံးသို့ ခေတ္တခဏ ပန့်ဖြင့် ပို့ဆောင်ပေးသည်။ ၎င်းက ခွဲစိတ်ဆရာဝန်များအား ပိုမိုလွယ်ကူစွာ ခွဲစိတ်နိုင်စေပြီး ရောဂါဖြစ်နေသော […]

