ကင်ဆာအထူးကုစင်တာ

CRS နှင့် HIPEC ပေါင်းစပ်ခြင်းသည် Peritoneal Metastases ရှိသောလူနာများအတွက် ထိရောက်သောကုသမှုနှင့် ရှင်သန်နိုင်ခြေပိုမိုမြင့်မားစေပါသည်။
HIPEC သည် ဝမ်းဗိုက်အတွင်း သေးငယ်သောကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အပူပေး ဓာတုကုထုံး ဆေးဝါးများကို အသုံးပြုရသည့် အဆင့်နှစ်ဆင့် လုပ်ငန်းစဉ် ဖြစ်သည်။

ကင်ဆာအထူးကုစင်တာ

အချိန်သည် တန်ဖိုးရှိသော အနှစ်သာရတစ်ခုဖြစ်သည်- စောစီးစွာ ကုသမှုသည် ကျောက်ကပ်ကင်ဆာအတွက် အမြဲတမ်းပျောက်ကင်းနိုင်ခြေကို ဖြစ်ပေါ်စေသည်။
ကျောက်ကပ်ကင်ဆာ ကနဦးအဆင့်ရှိ လူနာများသည် ကင်ဆာအကျိတ်များ ပိုမိုကြီးလာသည်အထိ ရောဂါလက္ခဏာများ မပြတတ်ပါ။

ကင်ဆာအထူးကုစင်တာ

နောက်ဆုံးအဆင့် ၄ ဖြစ်နေသော ကင်ဆာသမားများအတွက် မျှော်လင့်ချက်အသစ် Cancer Vaccine (ကင်ဆာလူနာထံမှ ပြန်လည်ထုတ်ယူခြင်းနည်းသစ်)
ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် ရောဂါရှိသောဆဲလ်များ၊ ဘက်တီးရီးယားဆဲလ်များနှင့် ဗိုင်းရပ်စ်ဆဲလ်များကဲ့သို့သော ပြင်ပဆဲလ်များကို ဖျက်ဆီးသည့် ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းဖြစ်သော သွေးဖြူဥများရှိသည်။ သို့သော် အချို့သော ကင်ဆာဆဲလ်များသည် သွေးဖြူဥများ ပျက်စီးခြင်းမှ ကာကွယ်နိုင်သည့် စွမ်းအင်ရှိကြသည်။ ထို့ကြောင့်၊ immunotherapy သည် ထိုစွမ်းအင်အား ဟန့်တားကာ ခန္ဓာကိုယ်၏ ခုခံအားစနစ် သို့မဟုတ် သွေးဖြူဥဆဲလ်များကို မြှင့်တင်ခြင်းဖြင့် ကင်ဆာဆဲလ်များကို တိုက်ထုတ်ရန်အတွက် ဆေးပညာရှင်များမှ အသစ်ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။

ကင်ဆာအထူးကုစင်တာ

တိကျသောဆေးဝါး – အရွယ်အစားတစ်ခုတည်းသည် အားလုံးနှင့်မကိုက်ညီပါ။
တိကျသောဆေးပညာသည် ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် နည်းပညာတိုးတက်မှုတစ်ခုဖြစ်သည်။ ယင်းနည်းသည် လူနာတိုင်းတွင် ရောဂါကုသရန် ဆေးဝါးတစ်မျိုးကို အသုံးပြုခြင်း၏ သဘောတရားကို ပြောင်းလဲရန် ရည်ရွယ်ပါသည်။ လူနာများ၏ မျိုးရိုးဗီဇ၊ ပရိုတိန်းများနှင့် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ အခြားအရာများကို အခြေခံ၍ ဖန်တီးထားသော ကိုယ်ပိုင်ဆေးပညာနည်းသစ်သည် ပုံမှန်ကုသနေသောကုသနည်းများထက် ပိုမိုကောင်းမွန်သော တုံ့ပြန်မှုရှိကြောင်း သုတေသနပြုတွေ့ရှိခဲ့သည်။ တိကျသောဆေးဝါးသည် လူတစ်ဦးချင်းစီ၏ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်နှင့် ဇီဝဗေဒကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ရောဂါများကို ကာကွယ်ကုသရန် ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်သည်။

ကင်ဆာအထူးကုစင်တာ

အူမကြီးကင်ဆာ: စောလျင်စွာ သိရှိခြင်းသည် ကောင်းမွန်သော ကုသမှုရလာဒ်ကို ဖြစ်စေနိုင်သည်
အူမကြီးကင်ဆာသည် ကင်ဆာအမျိုးအစားအားလုံးတွင် စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်သည်။ သို့သော်၊ “အူမကြီးကြည့်မှန်ပြောင်း Colonoscope” ဟုခေါ်သော စမ်းသပ်စစ်ဆေးမှုတစ်ခု ရှိခြင်းကြောင့် ၎င်း၏သေဆုံးမှုနှုန်းသည် နောက်ဆုံးနှစ်များတွင် သိသိသာသာ ကျဆင်းသွားခဲ့သည်။

ကင်ဆာအထူးကုစင်တာ

Multidisciplinary Team (MDT)
Multidisciplinary Team (MDT) သည် လူနာတစ်ဦးစီအတွက် အထိရောက်ဆုံးနှင့် အသင့်လျော်ဆုံး ကုသမှုအစီအစဉ်ကို လုပ်ဆောင်ရန် လူနာများ၏ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ပေါင်းစပ်စောင့်ရှောက်မှုအတွက် ဆေးဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ အတူတကွ ပူးပေါင်းလုပ်ဆောင်သည့် ကင်ဆာကုသမှုအမျိုးအစားတစ်ခုဖြစ်သည်။

ကင်ဆာအထူးကုစင်တာ

Cancer Vaccines (ကင်ဆာကုသမှုအတွက် ရွေးချယ်စရာ နောက်ဆုံပေါ်ကုသမှုအသစ်)
ကင်ဆာရောဂါများသည် ထိုင်းနိုင်ငံတွင် သေဆုံးမှုနှုန်း အများဆုံးဖြစ်သည်။ ကင်ဆာရောဂါဖြစ်စေနိုင်သောပြင်ပအကြောင်းတရားများနှင့် လူနေမှုပုံစံများ၏ 90% သည် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သလို နှစ်စဉ် ကင်ဆာလူနာအရေအတွက် တိုးလာလျက်ရှိသည်။ အချို့သောအစားအစာ စားသုံးမှု၊ စိတ်ဖိစီးမှု၊ ဗိုင်းရပ်စ်ကူးစက်မှု၊ ဆေးလိပ်သောက်မှု၊ အရက်သောက်သုံးမှုတို့သည်လည်း အကြောင်းရင်းအချို့ဖြစ်သည်။ ထို့ကြောင့် ကင်ဆာကုသမှုသည် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သမျှ လျော့ပါးစေပြီး လူနာများအပေါ် ကုသမှု ထိရောက်ခြင်းကို မြှင့်တင်ရန် တီထွင်ခဲ့ကြခြင်းဖြစ်သည်။

ကင်ဆာအထူးကုစင်တာ

Cancer Avatar – Precision Cancer Medicine
ယေဘုယျအားဖြင့် ကင်ဆာကို ဆေးဝါးများဖြင့် ကုသရာတွင် လူနာ၏ကင်ဆာအခြေအနေအတွက် ကုသမည့်ဆေးဝါးများက မည်သို့တုံ့ပြန်သည်ကို ကြည့်ရှုရန် စောင့်ဆိုင်းရမည့် ကာလ တစ်ခု လိုအပ်ပါသည်။ မျှော်လင့်ထားသည့်အတိုင်း တုံ့ပြန်မှုမရှိပါက ဆေးဝါးအမျိုးအစားကို ပြောင်းလဲရန် လိုအပ်ပါသည်။ ထိုသို့စောင့်ကြည့်ရမည့် ကာလတစ်ခုကို ကျော်လွှားရန် လက်ရှိတွင်၊ Cancer Avatar ဟုခေါ်သော ဆန်းသစ်သောကုသမှုဖြင့် လူနာများထံ ကုသမှုစတင်ချိန်မှစ၍ တိကျပြီး သင့်လျော်သောဆေးဝါးများ အချိန်တိုအတွင်း ပေးပို့ရန်အတွက် အသုံးပြုလာကြပြီဖြစ်ပါသည်။

ကင်ဆာအထူးကုစင်တာ

အဆုတ်ကင်ဆာ အဆင့်မျာ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Vejthani ဆေးရုံရှိ Holistic Life Cancer Center သည် ကင်ဆာအမျိုးအစားအားလုံးကို ထိရောက်စွာ ကုသပေးသည်။ အဆုတ်ကင်ဆာသည် အခြားကင်ဆာအမျိုးအစားများထက် တစ်ကမ္ဘာလုံးတွင် ကင်ဆာသေဆုံးမှု ပိုများသည့်သလို အဆုတ်ကင်ဆာ၏ အဆင့်တိုင်းကို ကုသနိုင်သည့် နည်းလမ်းများလည်းရှိပါသည်။ ပိုမိုအဆင့်မြင့်သော အဆုတ်ကင်ဆာရောဂါများကို ကုသခြင်းသည် အသက်ရှင်နေထိုင်နိုင်ခြင်းကို တဖက်တလမ်းမှ အားကိုအားပြုရာရောက်ပါသည်။
913