Health Article

တိကျသောဆေးဝါး – အရွယ်အစားတစ်ခုတည်းသည် အားလုံးနှင့်မကိုက်ညီပါ။

Share:

တိကျသောဆေးပညာသည် ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် နည်းပညာတိုးတက်မှုတစ်ခုဖြစ်သည်။ ယင်းနည်းသည် လူနာတိုင်းတွင် ရောဂါကုသရန် ဆေးဝါးတစ်မျိုးကို အသုံးပြုခြင်း၏ သဘောတရားကို ပြောင်းလဲရန် ရည်ရွယ်ပါသည်။ လူနာများ၏ မျိုးရိုးဗီဇ၊ ပရိုတိန်းများနှင့် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ အခြားအရာများကို အခြေခံ၍ ဖန်တီးထားသော ကိုယ်ပိုင်ဆေးပညာနည်းသစ်သည် ပုံမှန်ကုသနေသောကုသနည်းများထက် ပိုမိုကောင်းမွန်သော တုံ့ပြန်မှုရှိကြောင်း သုတေသနပြုတွေ့ရှိခဲ့သည်။ တိကျသောဆေးဝါးသည် လူတစ်ဦးချင်းစီ၏ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်နှင့် ဇီဝဗေဒကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ရောဂါများကို ကာကွယ်ကုသရန် ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်သည်။

ကင်ဆာကုသမှုအတွက် ပုံမှန်ကုနည်းဆေးပညာတွင် ဓာတုကုထုံး၊ ခွဲစိတ်ဓာတ်ရောင်ခြည်ကုထုံး၊ ပစ်မှတ်ထားကုထုံး၊ ခုခံအားကုထုံးနှင့် ဟော်မုန်းကုထုံးများ ပါဝင်သည်။ ဤကုသမှုအမျိုးအစားများမသုံးခင် ရောဂါရှာဖွေရန် လူနာများ၏ လက္ခဏာများကို အခြေခံရသည်။

တိကျသောဆေးဝါးကုထုံးဖြင့် ကုသမှုအစီအစဉ်ကို ဆောင်ရွက်သည့်အခါ ဓာတ်ခွဲခန်းစစ်ဆေးမှုများမှ စုဆောင်းရရှိသော လူနာများ၏ အချက်အလက်များကို ထည့်သွင်းအသုံးပြုရပါသည်။ တိကျသောဆေးဝါးကုထုံးသည် အချို့သောလူနာများတွင် ပိုမိုတိကျသောရောဂါရှာဖွေခြင်းနှင့် ပိုမိုကောင်းမွန်သောကုသမှုရလဒ်များကိုပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေပါသည်။ ၎င်းသည် ကျန်းမာရေးလိုက်စားသူများကို စောစီးစွာစစ်ဆေးမှုများပြုလုပ်ရန်နှင့် အချို့သောကင်ဆာရောဂါများဖြစ်ပွားနိုင်ခြေကို လျော့နည်းစေမည့် ကာကွယ်နည်းများကို ကြိုတင်သိစေနိုင်သည်။

တိကျသောဆေးဝါးသည် လူနာများ၏ မျိုးရိုးဗီဇ ဆိုင်ရာအခြေအနေများ၊ DNA သို့မဟုတ် မော်လီကျူးစစ်ဆေးမှု၏ ရလဒ်များကို သေချာစစ်ဆေးရသည်။ ဇီဝအမှတ်အသားများနှင့် မျိုးရိုးဗီဇဆိုင်ရာ ပရိုဖိုင်များရယူခြင်းဖြင့် လူနာအတွက် အကောင်းဆုံးဖြစ်နိုင်မည့် ကုသမှုနည်းလမ်းကို ရွေးချယ်ရန် ဆရာဝန်များအတွက် အချက်အလက်များရရှိစေပါသည်။ ၎င်းသည် ဆဲလ်များတွင်ရှိသော မျိုးဗီဇနှင့် ပရိုတိန်းပြောင်းလဲမှုများ၏ သက်ရောက်မှုများကို အဓိကအားဖြင့် ရှာဖွေတွေ့ရှိသည့် ကင်ဆာအမျိုးအစားခွဲခြင်းဆိုင်ရာနည်းပညာအသစ်ဖြစ်သည်။

ဗီဇများကို ဆဲလ်တစ်ခုစီရှိ DNA အပိုင်းအစများဖြစ်သော မျိုးရိုးလိုက်ခြင်းယူနစ်အဖြစ် သတ်မှတ်သည်။ ၎င်းတို့သည် ဆဲလ်များအား အချို့သောကုဒ်များမှတစ်ဆင့် ပရိုတင်းများထုတ်လုပ်ရန် ညွှန်ကြားထားပြီး ပရိုတင်းတစ်ခုစီသည် ဆဲလ်တစ်ခုစီတွင် သက်ဆိုင်ရာ အခန်းကဏ္ဍမှ ပါ၀်နေသည်ဖြစ်သည်။

ဆဲလ်များ ပွားများလာသောအခါ ၎င်းတို့အတွင်းရှိ ဗီဇများကို ကူးယူသည်။ မျိုးရိုးဗီဇပြောင်းလဲမှုများကို မူကွဲခြင်း သို့မဟုတ် ဗီဇပြောင်းလဲခြင်းဟု ခေါ်သည်။ ထိုသို့ဖြစ်စဥ◌်သည် ကူးယူခြင်းလုပ်ငန်းစဉ်အတွင်း အမှားအယွင်းရှိသည့်အခါ ဖြစ်ပေါ်လာတတ်သည်။ မျိုးရိုးဗီဇပြောင်းလဲမှုများသည် ကျွန်ုပ်တို့၏ DNA ၏အရင်းခံ မိဘများမှ ဖြစ်ပေါ်လာသည်။ သို့သော်လည်း မျိုးဗီဇပြောင်းလဲမှုများသည် အမြဲတမ်းအမွေဆက်ခံခြင်းမဟုတ်ပါ။ ဗီဇပြောင်းလဲမှုများသည် ကာလတခုခုအချိန်ပိုင်းတွင် ပေါ်လာနိုင်သည်။ သို့သော်လည်း ထိုသို့ မျိုးဗီဇပြောင်းလဲမှုများသည် အမြဲတမ်းအန္တရာယ်မရှိပါ။

မျိုးဗီဇပြောင်းလဲမှုအချို့ကြောင့် တခါတရံ ကင်ဆာဖြစ်တတ်ပါသည်။ ပုံမှန်ဆဲလ်များတွင် ပုံမှန်မဟုတ်သောပြောင်းလဲမှုများသည် ၎င်းတို့အား ကင်ဆာဆဲလ်များအဖြစ်သို့ ပြောင်းလဲစေသည်။ ပုံမှန်ဆဲလ်များ မကြီးထွားအောင် ထိန်းသိမ်းရာတွင် ယေဘုယျအားဖြင့် အထောက်အကူဖြစ်စေသော မျိုးဗီဇများသည် တခါတရံ အနှောင့်အယှက်ဖြစ်စေနိုင်သလို ဆဲလ်များကြီးထွားရန်နှင့် ပွားများစေရန် ကူညီပေးသော မျိုးဗီဇများတွင်လည်း အပြောင်းအလဲဖြစ်တတ်တာတမျိုးရှိတတ်သည်။

သို့သော် ကင်ဆာသည် မျိုးရိုးဗီဇတစ်ခုတည်း ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ မျိုးရိုးဗီဇ အများအပြားပြောင်းလဲမှသာ ကင်ဆာဖြစ်စေသည်။ ဆရာဝန်များက အချို့သော မျိုးရိုးဗီဇနှင့် ဗီဇပြောင်းလဲမှုများကိုသာ သိရှိပြီး စမ်းသပ်နိုင်သည်။

တိကျသောဆေးဝါးကုထုံးသည် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသူများကို ကောင်းမွန်စွာ ခွဲခြားနိုင်ရန်နှင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ အန္တရာယ်များကို လျှော့ချရာတွင် ကူညီပေးရန်အတွက် အသုံးပြုနိုင်သည်။ ဤဆန်းသစ်သောနည်းလမ်းဖြင့် အချို့သောကင်ဆာရောဂါများကို စောစောစီးစီးသိရှိနိုင်မည်ဖြစ်သည်။ ၎င်းအပြင် ကင်ဆာအမျိုးအစားတစ်ခုစီ၏ မှန်ကန်သောရောဂါရှာဖွေမှုကို ပြုလုပ်နိုင်ပြီး ထိုမှ ရရှိသော အဖြေများအရ ဆရာဝန်များသည် လူနာတစ်ဦးစီအတွက် အကောင်းဆုံးကင်ဆာကုသမှုရွေးချယ်မှုကို ရွေးချယ်နိုင်စေမည်ဖြစ်သည်။ တိကျသောကုသမှု၏ အားသာချက်တစ်ခုမှာ၊ ကုသမှုဆက်လက်လုပ်ဆောင်နေသည့်လုပ်ငန်းစဉ်အတွင်း ကုသမှု၏ထိရောက်မှုမည်ကဲ့သို့ရှိနိုင်သည်ကို ဆက်တိုက်အကဲဖြတ်နိုင်သည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating