Health Article

အဆုတ်ကင်ဆာ အဆင့်မျာ

Share:

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Vejthani ဆေးရုံရှိ Holistic Life Cancer Center သည် ကင်ဆာအမျိုးအစားအားလုံးကို ထိရောက်စွာ ကုသပေးသည်။ အဆုတ်ကင်ဆာသည် အခြားကင်ဆာအမျိုးအစားများထက် တစ်ကမ္ဘာလုံးတွင် ကင်ဆာသေဆုံးမှု ပိုများသည့်သလို အဆုတ်ကင်ဆာ၏ အဆင့်တိုင်းကို ကုသနိုင်သည့် နည်းလမ်းများလည်းရှိပါသည်။ ပိုမိုအဆင့်မြင့်သော အဆုတ်ကင်ဆာရောဂါများကို ကုသခြင်းသည် အသက်ရှင်နေထိုင်နိုင်ခြင်းကို တဖက်တလမ်းမှ အားကိုအားပြုရာရောက်ပါသည်။

ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းသည် မည်သည့်ကင်ဆာကိုမဆို အဆင့်များအဖြစ် ပိုင်းခြားလေ့ရှိသည်။ အဆင့်များသည် ရောဂါကြီးထွားမှုနှင့် ပြောင်းလဲမှိုတို့ကို ကိုယ်စားပြုသည်။ ရောဂါ တိုးလာသည်နှင့်အမျှ ကုသမှုသည် ထိရောက်မှု နည်းပါးလာသောကြောင့် ပြန်လည်ကောင်းမွန်ရန် အကောင်းဆုံး အခွင့်အလမ်းရရှိရန် ဖြစ်နိုင်သမျှ စောလျင်စွာ ကုသမှုကို စတင်ရန် အရေးကြီးပါသည်။

အဆုတ်ကင်ဆာ အဆင့်များ

အဆုတ်ကင်ဆာတွင် သေးငယ်သောဆဲလ်နှင့် သေးငယ်ခြင်းမဟုတ်သောဆဲလ်ဆိုပြီး အမျိုးအစား နှစ်မျိုးရှိသည်။ တစ်ခုချင်းစီကို ကွဲပြားစွာ အဆင့်သတ်မှတ်ထားပါသည်။ သေးငယ်ခြင်းမဟုတ်သောဆဲလ်ဖြစ်သည့် အဆုတ်ကင်ဆာ (NSCLC) သည် ပိုအဖြစ်များသောကြောင့် ၎င်းကို အဆင့်သတ်မှတ်သည့်စနစ်နှင့် ကင်ဆာကုသရာတွင် အဘယ်ကြောင့် အလွန်အရေးကြီးကြောင်း ရှင်းပြရန် အသုံးပြုများကြသည်။ အဆုတ်ကင်ဆာအကြောင်း ပြောတဲ့အခါမှာလည်း ဆရာဝန်တွေက T၊ M နဲ့ N စာလုံးတွေကို သုံးလေ့ရှိပါတယ်။ စာလုံးများသည်-

T သည် သင့်အကျိတ်၊ ၎င်း၏အရွယ်အစားနှင့် အဆုတ်အတွင်းတည်ရှိသည့်နေရာကို ရည်ညွှန်းသည်။

N သည် အကျိတ် ပါဝင်ပတ်သက်မှုကို ဆိုလိုသည်။ သင့်အဆုတ်နှင့် နီးစပ်သော lymph node များသို့ ပျံ့နှံ့သွားသော ကင်ဆာသည် အသက်အန္တရာယ်ကို ပိုမိုခြိမ်းခြောက်လာပါသည်။

M သည် metastasis ကို ကိုယ်စားပြုသည်။ ၎င်းတွင် ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားနေရာများ သို့မဟုတ် အခြားအင်္ဂါများသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိကို ရည်ညွှန်းသည်။

ဆရာဝန်များသည် လူနာ၏ အဆုတ်ရှိ အကျိတ်၏ ပုံရိပ်ကို စကင်န်ယူပြီး စတင်စစ်ဆေးပြီး ထပ်မံ အတည်ပြုနိုင်ရန် အသားစယူစစ်ဆေးခြင်းဖြင့် ကင်ဆာအဆင့်ကို ဆုံးဖြတ်သည်။ NSCLC အကျိတ်ကို ပုံဖော်ခြင်း၏ အသုံးအများဆုံးနည်းလမ်းမှာ TNM စနစ်အား အသုံးပြုကာ I မှ IV အထိ နံပါတ်တစ်ခုဆီကို အဆင့်တစ်ခုစီအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ lymph node များအတွင်းသို့ ဝင်ရောက်လာသော အဆုတ်ကင်ဆာကို အများအားဖြင့် အနည်းဆုံး N3A အဖြစ် ခွဲခြားထားသည်။

အကျိတ်သည် နံပါတ်တပ်ထားသော အဆင့်များမရောက်မီ ကနဦးအဆင့် နှစ်ခုရှိသည်။ ကနဦးအဆင့်တွင် လူနာချောင်းဆိုးသည့်အချွဲတွင် ကင်ဆာဆဲလ်များကို တွေ့ရှိနိုင်သော်လည်း ပုံရိပ်ဖော်စကင်န် သို့မဟုတ် အသားစယူစစ်ဆေးမှုတွင် အကျိတ်ကို မတွေ့ရသေးတာမျိုးဖြစ်ပါသည်။ ထိုအဆင့်ကို လျှို့ဝှက်ကင်ဆာ သို့ ၀ှက်ထားသောကင်ဆာအခြေအနေ ဟုလည်း ခေါ်သည်။ အဆင့် 0 တွင်၊ အကျိတ်သည် အလွန်သေးငယ်ပြီး ကင်ဆာဆဲလ်များသည် ပိုမိုနက်ရှိုင်းသော အဆုတ်တစ်ရှူးများ သို့မဟုတ် အဆုတ်အပြင်ဘက်သို့ မပျံ့နှံ့သေးပါ။

အဆင့် 1 ဆိုသည်မှာ ကင်ဆာသည် အဆုတ်တစ်သျှူးများတွင်ရှိသော်လည်း lymph node သို့မရောက်သေးပေ။

အဆင့် 2 သည် ရောဂါသည် အဆုတ်အနီးရှိ lymph node များသို့ ကူးစက်သွားနိုင်ကြောင်း ညွှန်ပြသည်။

အဆင့် 3 ဆိုသည်မှာ ကင်ဆာသည် lymph node များအတွင်းနှင့် ရင်ဘတ်အလယ်ပိုင်းအထိသို့ ပိုမိုပျံ့နှံ့သွားသည်ကို ဆိုလိုပါသည်။

အဆင့် 4 ဆိုသည်မှာ ကင်ဆာသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ဦးနှောက်၊ အရိုးနှင့် အသည်းတို့အထိ ရောက်ရှိသွားနိုင်သည်။

စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကြောင့် အဆင့် 1 အဆုတ်ကင်ဆာသည် ကုသရန် အလွန်ကောင်းမွန်ပြီး အဆင့် 2 အဆုတ်ကင်ဆာလူနာများ၏ ထက်ဝက်ကျော်သည် ငါးနှစ် သို့မဟုတ် ထိုထက်ပို၍ အသက်ရှင်နေနိုင်ပါသည်။

အဆင့် 3 အဆုတ်ကင်ဆာသည် အကျိတ်၏တိုးတက်မှုကို ပိုမိုရှင်းလင်းစွာမြင်ရပြီး အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ရန် ဆရာဝန်များမှ အပိုင်းသုံးပိုင်း ခွဲထားသည်။ အဆင့် 3A ဆိုသည်မှာ လူနာအဆုတ်တွင် အကျိတ် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုရှိပြီး ကင်ဆာသည် အနီးနားရှိ lymph node များတွင် ရှိနေသည်။ ၎င်းသည် အနီးနားရှိ တစ်ရှူးများတွင် ရှိကောင်းရှိနိုင်သော်လည်း အဝေးရှိ အင်္ဂါအစိတ်အပိုင်းများသို့ မရောက်ရှိသေးပါ။

အဆင့် 3B တွင်၊ လူနာသည် ညှပ်ရိုးအထက်ရှိ lymph node များဆီသို့ ပျံ့နှံ့သွားပြီး သင့်ရင်ဘတ်တစ်ဖက်ခြမ်းနှင့် အနီးတစ်ဝိုက်ရှိ တစ်ရှူးများနှင့် lymph node များအထိ ပျံ့နှံ့နေပြီး အဆုတ်တွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအကျိတ်များရှိသည်။

အဆင့် 3C အဆုတ်ကင်ဆာ ဆိုသည်မှာ လူနာသည် တူညီသောအဆုတ်တဖက်တွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အကျိတ်များရှိသည်။ ကင်ဆာသည် ညှပ်ရိုးအထက်နှင့် ရင်ဘတ်တစ်ဖက်ခြမ်းရှိ lymph node များသို့ သေချာပေါက်ပျံ့နှံ့သွားပါသည်။ ရင်ဘတ်နံရံ၊ ရင်သားရိုး၊ နှလုံးနှင့် အခြားတစ်ရှူးများသို့လည်း ပျံ့နှံ့သွားသော်လည်းအခြား‌ေ၀◌းကွာသော အင်္ဂါများတွင် မရှိသေးပါ။ ပျမ်းမျှ 5 နှစ် အသက်ရှင်နှုန်းသည် အဆင့် 3B အဆုတ်ကင်ဆာအတွက် 26% ရှိနိုင်ပါသည်။ အဆင့် 3C အတွက်ကတော့ ၎င်းသည် 13%သာ ဖြစ်ပါသည်။

NSCLC အဆုတ်ကင်ဆာ အဆင့် 4 တွင်၊ ကင်ဆာသည် အဆုတ်မှ ဦးနှောက်၊ အသည်းနှင့် အရိုးများကဲ့သို့သော အဝေးမှ ကိုယ်တွင်း အင်္ဂါများနှင့် တစ်ရှူးများအပါအဝင် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားပါသည်။ ကုသမှုသည် ကင်ဆာကြီးထွားမှုကို နှေးကွေးစေရန်နှင့် လူနာ၏ ရောဂါလက္ခဏာများကို စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း

အဆင့် 4 အဆုတ်ကင်ဆာလူနာများသည် အသက်ကိုခြိမ်းခြောက်နိုင်သော နောက်ဆက်တွဲပြဿနာအမျိုးမျိုးကို ခံစားရနိုင်သည်။ ဤသို့ပြဿနာများတွင် ရောဂါပိုးဝင်ခြင်း၊ သွေးခဲခြင်းနှင့် အဆုတ်တွင်းရှိ alveolar ပျက်စီးခြင်းတို့ ပါဝင်နိုင်သည်။ သို့သော် အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုသည် အဆုတ်ကင်ဆာဖြစ်ပွားမှု၏ ၃၈ ရာခိုင်နှုန်းနီးပါးတွင် သေဆုံးစေသည့် အကြောင်းရင်းဖြစ်သည်။ ကင်ဆာ အဆင့် 4 မှ အဆုတ်ကို ထိခိုက်မှု အများစုသည် အဆုတ်သည် ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် လုံလောက်စွာ ထောက်ပံ့ပေးရန် မဖြစ်နိုင်တော့ခြင်းမျိုးဖြစ်ပါသည်။

သင် သို့မဟုတ် သင့်မိသားစု နှင့် ချစ်ခင်ရသူတစ်ဦးသည် အဆုတ်ကင်ဆာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက ဘန်ကောက်ရှိ ကျွန်ုပ်တို့၏ ကင်ဆာအထူးကုအဖွဲ့မှ ဆရာ၀◌န်ကြီးများနှင့်အတူ ကောင်းမွန်ပြီး ခေတ်မီသော ကင်ဆာကုသဆွေးနွေးမှုများဖြင့် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများကို မခံရစေရန်စောလျင်စွာ ကုသမှုခံယူနိုင်ဖို့ Vejthani ဆေးရုံရှိ Life Cancer Center တွင် ရက်ချိန်းရယူနိုင်ပါသည်။

  • Readers Rating
  • Rated 3.9 stars
    3.9 / 5 (4 )
  • Your Rating