Health Article

အချိန်သည် တန်ဖိုးရှိသော အနှစ်သာရတစ်ခုဖြစ်သည်- စောစီးစွာ ကုသမှုသည် ကျောက်ကပ်ကင်ဆာအတွက် အမြဲတမ်းပျောက်ကင်းနိုင်ခြေကို ဖြစ်ပေါ်စေသည်။

Share:

လက်ရှိတွင် “ကျောက်ကပ်ကင်ဆာ” ဖြစ်ရသည့် အကြောင်းရင်းများကို မသိရသေးသော်လည်း အချို့သော အန္တရာယ်အချက်များသည် ရောဂါနောက်ကွယ်မှ အကြောင်းရင်းများဖြစ်ကြောင်း တွေ့ရှိရသည်။ ဥပမာ အချို့သောမျိုးရိုးဗီဇရောဂါများ၊ ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ သွေးတိုးရောဂါ၊ အဝလွန်ခြင်း သို့မဟုတ် ဓာတုပစ္စည်းများဖြင့် အဆက်မပြတ်ထိတွေ့မှုရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ခြင်းတို့ ပါဝင်သည်။

ကျောက်ကပ်ကင်ဆာ ကနဦးအဆင့်ရှိ လူနာများသည် ကင်ဆာအကျိတ်များ ပိုမိုကြီးလာသည်အထိ ရောဂါလက္ခဏာများ မပြတတ်ပါ။ ဆီးသွားခြင်း နှင့် ခါးနာခြင်း ကဲ့သို့သော သီးခြားလက္ခဏာများ ထွက်ပေါ်လာသောအခါတွင်သာ ဖြစ်သည်။

ကျောက်ကပ်ကင်ဆာကို ကုသရာတွင် ကင်ဆာအဆင့်ပေါ်မူတည်ပါတယ်။ ကုသမှုအဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကင်ဆာမပြန့်သော ကျောက်ကပ်ကင်ဆာ- ဆရာဝန်များသည် ကင်ဆာ၏အရွယ်အစားနှင့် တည်နေရာပေါ်မူတည်၍ ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်ပါသည်။ ကင်ဆာဆဲလ်များသည် ကျောက်ကပ်မှ မပြန့်ပွားပါက ကင်ဆာကို ကုသရန် အခွင့်အလမ်းရှိသည်။

ကင်ဆာပြန့်သော ကျောက်ကပ်ကင်ဆာ- ဆရာဝန်များသည် ကင်ဆာ၏ ရောဂါလက္ခဏာများကို သက်သာစေရန် ပေါင်းစပ်ကုသနည်းဖြစ်သည့်  ခွဲစိတ်မှုနှင့် အခြားကင်ဆာကုထုံးများဖြစ်သည့် ဓာတုကုထုံး၊ ခုခံအားကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးများကို စဉ်းစားနိုင်သည်။ Immunotherapy သည် ကင်ဆာဆဲလ်များကို ပိုမိုထိရောက်စွာ ဖယ်ရှားရန် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို လှုံ့ဆော်ပေးခြင်းဖြင့် လုပ်ဆောင်သည်။ ပစ်မှတ်ထားကုထုံးကို ကုသရာတွင်လည်း အသုံးပြုနိုင်သည်။ ပစ်မှတ်ထားကုထုံးကို အုပ်စုနှစ်စုခွဲထားသည်။ ပထမအုပ်စုသည် ကင်ဆာဆဲလ်များကို ထောက်ပံ့ပေးသော သွေးကြောများဖွဲ့စည်းခြင်းကို ဟန့်တားသော ဆေးဝါးများကို အသုံးပြုသည်။ အခြားတစ်မျိုးမှာ ကင်ဆာကြီးထွားမှုကို ဖြစ်စေသည့် ဆဲလ်ကို ဟန့်တားသည့် ဆေးဝါးများကို အသုံးပြုခြင်းဖြစ်သည်။

ယနေ့ခေတ်တွင် ကျောက်ကပ်ကင်ဆာကို ကာကွယ်နိုင်ခြင်း ရှိမရှိကို အသေချာမသိရသေးပေး။ သို့သော် အန္တရာယ်ဖြစ်စေသော အကြောင်းအရင်းများကို ရှောင်ကြဉ်ခြင်းသည် ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။ အရေးကြီးသောအချက်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပေါ်လာရင် မှန်ကန်စွာ ရောဂါရှာဖွေရန်နှင့် စောစီးစွာ ကုသမှုခံယရန် တတ်ကျွမ်းသော ဆရာဝန်နှင့် ချက်ချင်းပြသခြင်းပင်ဖြစ်ပါသည်။ လေ့လာမှုတစ်ခုအရ ပထမအဆင့် ကျောက်ကပ်ကင်ဆာလူနာတစ်ဦးသည် အမြန်ကုသမှုခံယူသောအခါ လူနာများ၏ 95% တွင် အသက်ရှင်နှုန်းသည် 5 နှစ်အထိ ရှိလာမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက Life Cancer Center၊ Vejthani Hospital သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 02-734-0000 Ext ၂၇၂၀ ကိုခေါ်ဆိုပါ။ အင်္ဂလိပ် hotline: (+66) 8-522 38888

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating