Health Article

Cancer Avatar – Precision Cancer Medicine

Share:

ယေဘုယျအားဖြင့် ကင်ဆာကို ဆေးဝါးများဖြင့် ကုသရာတွင် လူနာ၏ကင်ဆာအခြေအနေအတွက် ကုသမည့်ဆေးဝါးများက မည်သို့တုံ့ပြန်သည်ကို ကြည့်ရှုရန် စောင့်ဆိုင်းရမည့် ကာလ တစ်ခု လိုအပ်ပါသည်။ မျှော်လင့်ထားသည့်အတိုင်း တုံ့ပြန်မှုမရှိပါက ဆေးဝါးအမျိုးအစားကို ပြောင်းလဲရန် လိုအပ်ပါသည်။ ထိုသို့စောင့်ကြည့်ရမည့် ကာလတစ်ခုကို ကျော်လွှားရန် လက်ရှိတွင်၊ Cancer Avatar ဟုခေါ်သော ဆန်းသစ်သောကုသမှုဖြင့် လူနာများထံ ကုသမှုစတင်ချိန်မှစ၍ တိကျပြီး သင့်လျော်သောဆေးဝါးများ အချိန်တိုအတွင်း ပေးပို့ရန်အတွက် အသုံးပြုလာကြပြီဖြစ်ပါသည်။

Vejthani ဆေးရုံမှ ကင်ဆာရောဂါဗေဒ ပညာရှင် ဒေါက်တာ Vigrom Jennetisin က ကင်ဆာဆဲလ်များတွင် ဖြစ်ပေါ်သည့် ဗီဇပြောင်းလဲမှုများကို ရှာဖွေရာတွင် Precision Medicine သို့မဟုတ် PERSONALIZED TREATEMTN APPROACH ဖြင့် ကုသကြောင်း ရှင်းပြခဲ့သည်။ စစ်ဆေးမှုရလဒ်များသည် ဗီဇပြောင်းခြင်းအတွက် အသင့်တော်ဆုံးဖြစ်မည့် ဆေးဝါးများကို အသုံးပြုနိုင်ရန် ဆရာဝန်အတွက် အချက်အလက်အဖြစ် အသုံးပြုခြင်းဖြစ်သည်။ သို့သော် Precision Medicine သည် လူနာတစ်ဦးစီအတွက်ကုသမှုတစ်ခုဖြစ်သော်လည်း ဆေးဝါးများပေးပြီးနောက်၊ ထိုဆေးများအပေါ် လူနာ၏တုံ့ပြန်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ အမြဲစောင့်ကြည့်ရန် လိုအပ်ပါသည်။ လူနာသည် ကုသနေစဥ◌်မှာလည်း CT စကင်န်ဖြင့် ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာဆဲလ်များအခြေအနေကို သိရှိရန်စစ်ဆေးမှုများလည်း လိုအပ်သည်။ ကုသမှုအပေါ် တုံ့ပြန်မှု မရှိခြင်း သို့မဟုတ် မျှော်မှန်းသလောက်မဖြစ်ပါက ကုသမှု၏ ထိရောက်မှုကို မြှင့်တင်ရန် ဆေးဝါးအမျိုးအစားကို ပြောင်းလဲရန် လိုအပ်ပါသည်။

သုတေသီများသည် ယနေ့ခေတ်တွင် မတူညီသော ကုသနည်းကို တွေ့ရှိခဲ့ကြသည်။ Cancer Avatar သည် လူနာတွင် အသုံးမပြုမီ ဆေးတစ်ခုစီ၏ တုံ့ပြန်မှုကို စမ်းသပ်ရန် လုပ်ဆောင်ထားသည်။ Cancer Avatar သည် လူနာထံမှ ကင်ဆာတစ်ရှူးများကို စုဆောင်းပြီး ခန္ဓာကိုယ်ရှိ ကင်ဆာဆဲလ်များနှင့် ဆင်တူသည်အထိ ကြီးထွားလာစေရန် ဓာတ်ခွဲခန်းတွင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် ကုသမှုနည်းလမ်းတစ်ခုဖြစ်သည်။ ဓာတ်ခွဲခန်းရှိ ကင်ဆာဆဲလ်သည် လူနာ၏ ခန္ဓာကိုယ်ရှိ ကင်ဆာဆဲလ်များနှင့်ထပ်တူ ကိုယ်စားပြုသည်။ ထို့နောက် ယင်းကိုယ်စားပြုကင်ဆာဆဲလ်များကို လူနာအား ကုသမှုကိုအသုံးမပြုမီ ၎င်းတို့တုံ့ပြန်ပုံအား သိရှိနိုင်ရန် ကင်ဆာကုသမှုအမျိုးအစားတစ်ခုစီနှင့် စမ်းသပ်မည်ဖြစ်သည်။

Cancer Avatar သည် ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည် သို့မဟုတ် အခြားကင်ဆာဆေးများကဲ့သို့သော ကုသမှုများကို ကောင်းမွန်စွာ မတုံ့ပြန်နိုင်သည့် ကင်ဆာအဆင့်မြင့်သည့်ကင်ဆာဝေဒနာရှင်များအတွက် အကျိုးပြုပါသည်။ ထိုအခြေအနေတွင် လူနာများသည် အခြေခံကုသနည်းလမ်းမဟုတ်သော ကင်ဆာဆေးအသစ်များ သို့မဟုတ် ဆန်းသစ်သောကုသမှုနည်းလမ်းများကို လိုအပ်လာနိုင်သည်။

Cancer Avatar ကို လူနာများ၏ယုံကြည်မှုနှင့် ကုသမှု၏တိကျမှုကို မြှင့်တင်ပေးမည့် မှန်ကန်သောဆေးဝါးများကို အချိန်တိုအတွင်း ဆုံးဖြတ်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ဓာတုကုထုံး ၁၀ မျိုးသည် လူနာ၏ကင်ဆာရောဂါဖြစ်ပွားမှုနှင့် ကိုက်ညီပါက၊ ဆရာဝန်သည် Cancer Avatar ဖြင့် ထိုဓာတုကုထုံးအမျိုးအစားတစ်ခုစီ၏ ထိရောက်မှုနှင့် တုံ့ပြန်မှုကို စမ်းသပ်မည်ဖြစ်သည်။ ထိုအခါ လူနာအား အဆိုပါ 10 အမျိုးအစားအားလုံးကို စမ်းသပ်ရန် မလိုအပ်ဘဲ ကင်ဆာအတွက် အသင့်တော်ဆုံး အမျိုးအစားဖြစ်လာသည့် ဓာတုကုထုံးအမျိုးအစားတစ်ခုကိုသာ ဆရာဝန်အား ဆုံးဖြတ်ရွေးချယ်နိုင်စေပါသည်။

Cancer Avatar ဖြင့် စမ်းသပ်ထားသော ဆေးဝါးသည် ကောင်းမွန်သော တုံ့ပြန်မှုကို ပေးနိုင်ပါက၊ ထိုဆေးသည်လည်း လူနာအပေါ် ကောင်းကျိုးသက်ရောက်နိုင်ခြေ 70-80% ရှိပါသည်ဟု အာမခံနိုင်ပါသည်။

“အမှန်တကယ်လူနာများ၏ ဆေးဝါးတစ်ခုပေါ် တုံ့ပြန်မှုနှုန်းသည် ကိုယ်စားပြုဆဲလ်များပေါ်ရှိ တုံ့ပြန်မှုနှုန်းနှင့် ယှဥ◌်လျှင် 100% မကိုက်ညီရခြင်းအကြောင်းရင်းများလည်း တစ်ဦးနှင့် တစ်ဦး ကိုယ်ခန္ဓာတွင်း တုံ့ပြန်မှုမတူညီ

ခြင်းပေါ်မူတည်ပြီး အကြောင်းရင်းများစွာရှိနိုင်ပါသေးသည်။ ဥပမာအားဖြင့်၊ အချို့သောဆေးဝါးများကို ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းသည့်အခါတွင် ၎င်းတို့သည် သွေးကြောမှတစ်ဆင့် သို့မဟုတ် အခြားနည်းလမ်းများအသုံးပြုကာ ထည့်သွင်းရခြင်းတို့ကြောင့် တခါတရံ ကွဲပြားသောရလဒ်များကို ဖြစ်ပေါ်စေသည်” ဟု ဒေါက်တာ Vigrom က ပြောကြားခဲ့သည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating