Health Article

နောက်ဆုံးအဆင့် ၄ ဖြစ်နေသော ကင်ဆာသမားများအတွက် မျှော်လင့်ချက်အသစ် Cancer Vaccine (ကင်ဆာလူနာထံမှ ပြန်လည်ထုတ်ယူခြင်းနည်းသစ်)

Share:

ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် ရောဂါရှိသောဆဲလ်များ၊ ဘက်တီးရီးယားဆဲလ်များနှင့် ဗိုင်းရပ်စ်ဆဲလ်များကဲ့သို့သော ပြင်ပဆဲလ်များကို ဖျက်ဆီးသည့် ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းဖြစ်သော သွေးဖြူဥများရှိသည်။ သို့သော် အချို့သော ကင်ဆာဆဲလ်များသည် သွေးဖြူဥများ ပျက်စီးခြင်းမှ ကာကွယ်နိုင်သည့် စွမ်းအင်ရှိကြသည်။ ထို့ကြောင့်၊ immunotherapy သည် ထိုစွမ်းအင်အား ဟန့်တားကာ ခန္ဓာကိုယ်၏ ခုခံအားစနစ် သို့မဟုတ် သွေးဖြူဥဆဲလ်များကို မြှင့်တင်ခြင်းဖြင့် ကင်ဆာဆဲလ်များကို တိုက်ထုတ်ရန်အတွက် ဆေးပညာရှင်များမှ အသစ်ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။

ထိုသို့ရှာဖွေတွေ့ရှိထားသော ခုခံအားကုထုံးဆေးများ ပေးနိုင်ခဲ့သော်လည်း တစ်ခါတစ်ရံတွင် သွေးဖြူဥများသည် ကင်ဆာဆဲလ်များကို အသိအမှတ်မပြုပါက ၎င်းတို့၏တာဝန်ဖြစ်သည့် ကင်ဆာဆဲလ်များကို ဖျက်ဆီးနိုင်ခြင်း မရှိနိုင်ကြပေ။ ဤနေရာတွင် Cancer Vaccine သည် ထိုကဲ့သို့အခြေအနေရှိ ကင်ဆာကို ကုသရာတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။

လူနာ၏ကင်ဆာအကျိတ်မှရရှိသော ကင်ဆာပရိုတင်းများကို သီးသန့်ကင်ဆာကာကွယ်ဆေးထုတ်လုပ်ရန် အသုံးပြုသည်။ ကင်ဆာကာကွယ်ဆေးသည် လူနာကိုယ်ထဲမှ ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ရန် သွေးဖြူဥများကို လှုံ့ဆော်ပေးသည်။ ကင်ဆာကာကွယ်ဆေးကို immunotherapy နှင့် တွဲဖက်အသုံးပြုသောအခါ၊ ၎င်းသည် သွေးဖြူဥများ၏ ကင်ဆာတိုက်ခိုက်မှုစွမ်းရည်ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေသည်။

  • Readers Rating
  • Rated 4.5 stars
    4.5 / 5 (1 )
  • Your Rating