Health Article

အူမကြီးကင်ဆာ: စောလျင်စွာ သိရှိခြင်းသည် ကောင်းမွန်သော ကုသမှုရလာဒ်ကို ဖြစ်စေနိုင်သည်

Share:

အူမကြီးကင်ဆာသည် ကင်ဆာအမျိုးအစားအားလုံးတွင် စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်သည်။ သို့သော်၊ “အူမကြီးကြည့်မှန်ပြောင်း Colonoscope” ဟုခေါ်သော စမ်းသပ်စစ်ဆေးမှုတစ်ခု ရှိခြင်းကြောင့် ၎င်း၏သေဆုံးမှုနှုန်းသည် နောက်ဆုံးနှစ်များတွင် သိသိသာသာ ကျဆင်းသွားခဲ့သည်။

အူမကြီးကင်ဆာသည် အူမကြီးတွင် polyps အလုံးများရှိနေခြင်းကြောင့်ဖြစ်သည်။ ကနဦးအဆင့်တွင် ရောဂါလက္ခဏာမပြတတ်သော်လည်း polyps သည် ကြီးမားလာပြီး ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် ရောဂါလက္ခဏာများ စတင်ပေါ်လာမည်ဖြစ်သည်။

လက္ခဏာများတွင် ဝမ်းထဲတွင် သွေးပါသော ချွဲများ၊ ၀◌မ်းအနည်းငယ်သာသွားခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်း ၊ ဝမ်းဗိုက်တင်းခြင်း၊ ဗိုက်ဖောင်းနေခြင်း၊ ဝမ်းဗိုက်တွင် အလုံးများ ပေါ်လာခြင်း တို့ ပါဝင်သည်။

ထို့ကြောင့် ရောဂါဖြစ်နိုင်ခြေရှိသူများသည် အူမကြီးကိုမှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးမှုခံယူပါက စောစီးစွာသိရှိနိုင်ပြီး လူနာများ ချက်ချင်းကုသမှုခံယူနိုင်မည်ဖြစ်သည်။

အူမကြီးကင်ဆာဖြစ်နိုင်ချေရှိသော အုပ်စုများကို အောက်ဖော်ပြပါအတိုင်း colonoscopy မှန်ပြောင်းကြည့်ရှုရန် အကြံပြုအပ်ပါသည်။

  • အသက် 50 နှစ်အထက်လူများကို 3-5 နှစ်တစ်ကြိမ် colonoscopy ပြုလုပ်သင့်ပါသည်။
  • ဝမ်းချုပ်ခြင်း သို့မဟုတ် မကြာခဏ ဝမ်းလျှောခြင်းကဲ့သို့သော အူလှုပ်ရှားမှုဆိုင်ရာ ပြဿနာရှိသူများ၊ သို့မဟုတ် ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းများကို ကာလအလှည့်အပြောင်းခဏခဏခံစားနေရသူများ
  • ပုံမှန်မဟုတ်သော အနံ့ဆိုးများနှင့်အတူ ၀◌မ်းသွားသောအခါ အနီရောင် သို့မဟုတ် အမည်းရောင်း၀◌မ်းများ သွားနေလျှင်လည်း စစ်ဆေးသင့်ပါသည်။
  • ၀◌မ်းသွားဖို့ ၀◌မ်းညှစ်သောအခါ စအိုထဲက Polyps တွေဟာ ဖိပြားပြီးပေါက်ထွက်လျှင် သွေးထွက်ခြင်းများ တစ်ခါတစ်ရံရှိတတ်သည်။
  • ဗိုက်အောင့်ခြင်း၊ လေပွခြင်းနှင့် နာကျင်ခြင်း။
  • ဝမ်းဗိုက်အဖုများ၊ ကိုယ်အလေးချိန်ကျခြင်း၊ ဖျော့တော့ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း။

စသည်တို့ဖြစ်နေပါက အူမကြီးကြည့်မှန်ပြောင်းကို ချက်ချင်းကြည့်ရှုရန်လိုအပ်ပြီး သက်ဆိုင်ရာ အထူးကုဆရာ၀◌န်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (3 )
  • Your Rating