ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

Easy Pump – သင်ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဓာတုဆေးသွင်းနိုင်ဖို့ နောက်ဆုံးပေါ်နည်းပညာ

အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ သို့မဟုတ် ပန်ကရိယကင်ဆာကဲ့သို့သော ကင်ဆာဝေဒနာရှင်များအား ဓာတုကုထုံးဆေးများဖြင့် ကုသရာတွင် လူနာများသည် ဓာတုကုထုံး ၁ ကြိမ် ကုသရန် ၄၈ နာရီ ဆက်တိုက်ကြာမြင့်သောကြောင့် ဆေးရုံတွင် အနည်းဆုံး ၃ ရက်နှင့် ၂ ည နေထိုင်ရန် လိုအပ်ပါသည်။ ယေဘူယျအားဖြင့်၊ အဆင့် 3 သို့မဟုတ် metastatic အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာရှိသောလူနာများသည်ရောဂါ၏အဆင့်ပေါ် မူတည်၍ 2 ပတ်တစ်ကြိမ်နှုန်းဖြင့် အနည်းဆုံး ၁၂ကြိမ်မျှ ဓာတုကုထုံးဖြင့် ကုသရန်လိုအပ်ပါသည်။

Varicose veins အကြောထုံးခြင်းအတွက် ခရင်မ်များ လိမ်းခြင်းက တကယ်ထိရောက်မှု ရှိပါသလား?

အကြောထုံး‌ေ၀ဒနာ ခံစားနေရသူများသည် varicose vein cream ကို ရောဂါကုသရာတွင် အသုံးပြုသည်ဟု ယုံကြည်သောကြောင့် မကြာခဏ လိမ်းလေ့ရှိကြသည်။ သို့သော် ယခုထိ ယင်းခရင်များသုံးစွဲခြင်းသည် လုံး၀ပျောက်ကင်းစေသည်ဆိုသည့် အခိုင်အမာသက်သေပြနိုင်သော သုတေသနများ မရှိသေးပါ။ ထို့ကြောင့် ထိုခရင်မ် သို့မဟုတ် အုန်းဆီ လိမ်းခြင်းသည် ရောဂါလက္ခဏာကို ခဏသာ သက်သာစေနိုင်သော်လည်း ရောဂါကို လုံးဝ ကုသနိုင်ခြင်းမဟုတ်ပါ။ ဒါ့အပြင် ကုသရပိုခက်မယ့် varicose veins သွေးပြန်ကြောများထွက်နိုင်ခြေကို တိုးမြင့်လာစေနိုင်ပါတယ်။