Health Article

Result 109 - of

ကလေးငယ်များတွင် ကူးစက်တတ်သော Respiratory Syncytial Virus (RSV) အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ရောဂါ
Respiratory Syncytial Virus (RSV) အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ရောဂါ ဆိုသည်မှာ နမိုးနီးယား ဗိုင်းရပ်စ်ရောဂါ အမျိုးအစားဖြစ်ပြီး ရောဂါပိုးရှိသည့်သူ မှ နှာချေ၊ ချောင်းဆိုးသည့် ရာတွင် ထွက်ရှိသော အမှုန်ရည် များမှ အခြားသူ၏ အသက်ရှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ရာမှ ကူစက်တတ်သော ဗိုင်းရပ်စ် ဖြစ်ပါသည်။ RSV ဗိုင်းရပ်စ်သည် အထူးသဖြင့် အဆုတ် ကောင်းစွာမဖွံဖြိုးသေးသော၊ ကိုယ်ခံအား နည်းနေသေးသော ရင်သွေးငယ်နှင့် ငယ်ရွယ်သောကလေး များတွင် အဆုတ်နှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း (RSV) ဖြစ်နိုင်ပါသည်။ အသက် ၂ နှစ် အရွယ် ကလေးငယ်များတွင် အများဆုံး ဖြစ်တတ်ပါသည်။

Navigation technology ဖြင့်တင်ပါးဆုံရိုး အစားထိုးခွဲစိတ်ကုသခြင်း
ဝေ့ဌာနီဆေးရုံတွင် တင်ပါးဆုံရိုးအစားထိုးခွဲစိတ်ရာ၌ Hip Navigation Technology ကို အသုံးပြုသောကြောင့် ခွဲစိတ်မည့်ဆရာဝန်အား ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ ရရှိစေပါသည်။

အသက်အရွယ်ကြီးရင့်လာချိန်သတိထားရမည့် Parkinsonism ပါကင်ဆန်ရောဂါ
ပါကင်ဆန်ရောဂါ(Parkinsonism)ဆိုတာ ဦးနှောက်ရဲ့ ပို့ဆောင်ဆက်သွယ်မှု အတွက် Dopamine ကိုထုတ်လွှတ်ပေးတဲ့ ဆဲလ်ရဲ့ပျက်စီးချို့တဲ့ခြင်းကို ဆိုလိုပါတယ်။ Dopamine လျော့နည်းလေ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှု၊ စိတ်ခံစားမှုနှင့် လုပ်ဆောင်မှုတို့ကို ထိန်းချုပ်နိုင်စွမ်းကိုထိခိုက်လာပါတယ်။ ပါကင်ဆန်ဖြစ်ရခြင်းအကြောင်းရင်းကိုယခုလက်ရှိအချိန်ထိ တိတိကျကျမသိရသေးပါ။ တချို့သော အကြောင်းရင်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

ကလေးများတွင် ခါးရိုးပုံစံမမှန်ခြင်း (Scoliosis) ကို ထိရောက်စွာ ပြုပြင်ကုသနည်း
သင်၏ကလေး တွင် ကိုယ်ကို တည့်မတ်စွာ မတ်တပ်မရပ်နိုင်ခြင်း သို့မဟုတ် ရပ်နေစဉ်တွင် တစ်ဖက်ဖက်သို့ တိမ်းစောင်း နေခြင်းအား သတိပြုမိပါက ခါးရိုးပုံစံ မမှန်ခြင်း (scoliosis) ကြောင့်ဖြစ်နိုင်ပါသည်။ ဝေ့ဌာနီဆေးရုံတွင် ကလေးများ ခါးရိုးပုံစံ မမှန်ခြင်း (scoliosis) အား ထိရောက်စွာ ပြုပြင်ကုသနိုင်ပါသည်။

အိပ်စက်ခြင်းသည် တချို့သောလူများအတွက် အန္တရာယ်ရှိရသော အကြောင်းရင်း – Sleep Test Program
ယေဘူယျအားဖြင့် သာမာန်လူတစ်ဦးသည် တနေ့တွင် အနဲဆုံး ၈နာရီခန့် အိပ်စက်ပြီး ခန္ဓာကိုယ်အား အနားပေးလေ့ရှိပါသည်။ သို့ရာတွင် အချို့သော လူများတွင် အိပ်စက်နေသော်လည်း ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် သာမာန်ထက်ပိုမို အလုပ်လုပ်တတ်ပြီး အချို့တွင် အိပ်စက်စဉ် အတွင်း အသက်ဆုံးရှုံးတတ်ပါသည်။

အူလမ်းကြောင်းက ရေအိတ်လေးတွေဟာ (Colonic Polyps) ကင်ဆာဖြစ်လာနိုင်ပါတယ်။
အူလမ်းကြောင်းအတွင်းမှာတွေ့ရတဲ့ ရေအိတ် (Polyps) လေးတေ့ကြောင့် အူမကြီးကင်ဆာဖြစ်နိုင်တယ်ဆိုတာ ယနေ့ခောတ်မှာ သိရှိလာကြပြီးဖြစ်ပါတယ်။

သွားဖုံးသွေးယိုခြင်းဟာ သွေးကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်နိုင်တာသင်သိပြီးပြီလား?
သွေးကင်ဆာ (Leukemia) ဆိုတာ ပုံမှန်မဟုတ်တဲ့ သွေးဖြူဥတွေ ထုတ်လုပ်မှုများပြားခြင်းကနေဖြစ်ပေါ်လာတဲ့ ကင်ဆာတစ်မျိုးပါ။ သွေးကင်ဆာ (Leukemia) လူနာတွေဟာ အမြဲတစေမောပန်းနွမ်းနယ်ခြင်း၊ ရောဂါကူးစက်လွယ်ခြင်း နဲ့ သွားဖုံးသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးခြေဥခြင်းအစရှိသော သွေးဆိုင်ရာလက္ခဏာတွေပြသတတ်ပါတယ်။

Uterine Fibroid (သို့) သားအိမ်အကျိတ် တွေဟာ အမျိုးသမီးတွေ
Uterine Fibroid (သို့) သားအိမ်အကျိတ် တွေဟာ အမျိုးသမီးတွေ (အထူးသဖြင့် အသက် ၃၀-၄၀ ဝန်းကျင်) မှာအဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၂၀-၃၀ ရာခိုင်နှုန်း သောသားအိမ်အကျိတ်ရှိသူအမျိုးသမီးတွေမှာသာ ရောဂါလက္ခဏာပြတတ်ပေမယ့် မကုသဘဲ ဒီတိုင်းထားပြန်ရင်လည်းတစ်ဖြည်းဖြည်းကြီးလာပြီး ဘေးပတ်လည်မှ ကိုယ်တွင်းအဂါင်္များကိုဒုက္ခပေးနိုင်ပါတယ်။

Hallux Valgus ခေါ်ခြေမအရိုး ပုံပျက်ခြင်း
Hallux Valgus ခေါ်ခြေမအရိုး ပုံပျက်ခြင်းဆိုတာ ပုံပါအတိုင်း ခြေမအရိုးဟာ ပုံမှန်အတည့်အတိုင်းရှိမနေဘဲ ခြေချောင်းငယ်များဘက်ကိုစောင်းသွားတာကိုခေါ်ခြင်းဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခြေမအရိုးမှတဖြည်းဖြည်းနာကျင်လာပြီး ခြေမအရိုးဟာလဲတဖြည်းဖြည်းသိသာစွာငေါထွက်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ နေ့စဉ်ဘဝအတွက်စိတ်အနှောက်အယှက်ဖြစ်ရသလို မိမိကိုယ်ကိုယုံကြည်မှုလဲကျဆင်းလာနိုင်ပါတယ်။
117164