ကျန်းမာရေးဆိုင်ရာ စာစောင်များ

Explore trusted health articles, videos, and news by condition or topic

အရေပြားကင်ဆာကုသခြင်းအတွက် လူနာအတွက်သက်တောင့်သက်သာဖြစ်စေပြီး တိကျသေချာစေမည့် ခွဲစိတ်ခြင်းနည်းပညာ
အရေပြားကင်ဆာကုထုံးထဲတွင် နောက်ဆုံးပေါ်ကုသနည်းတစ်ခုဖြစ်သည့် Mohs Surgery ဆိုတာဘာလဲ

Mohs Surgery ဟုလည်းလူသိများသော Mohs Micrographic Surgery သည် အချို့သောအရေပြားကင်ဆာအမျိုးအစားများကို ကုသရန်အတွက် အထူးပြုခွဲစိတ်နည်းပညာတစ်ခုဖြစ်သည်။ အထူးသဖြင့် မျက်နှာ၊ နှာခေါင်း၊ နှုတ်ခမ်း၊ မျက်ခမ်းနှင့် နားများကဲ့သို့သော အသွင်အပြင် သို့မဟုတ် လုပ်ငန်းဆောင်တာ အရေးကြီးသည့်နေရာများတွင် ကင်ဆာအကျိတ်အလွှာများကို ဖယ်ရှားစဉ် တတ်နိုင်သမျှ ကျန်းမာသောတစ်သျှူးများကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ အကျိတ်/အရေပြား၏ အလွှာတစ်ခုစီကို အဏုကြည့်မှန်ပြောင်းဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ကင်ဆာဆဲလ်များကို တွေ့ရှိပါက၊ နောက်ထပ်တစ်ရှူးများကို ထိုနေရာများမှ ဂရုတစိုက် ဖယ်ရှားမည်ဖြစ်သည်။ ကင်ဆာဆဲလ်များ မကုန်မချင်း ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ Moh ခွဲစိတ်မှု ဘယ်အချိန်မှာ လိုအပ်လဲ။ Mohs ခွဲစိတ်မှုသည် အရေပြားကင်ဆာ၏ အဖြစ်အများဆုံး ပုံစံနှစ်မျိုးဖြစ်သည့် Basal Cell Carcinoma (BCC) နှင့် […]

Da Vinci (ဒါဗင်ချီ) စက်ရုပ်ခွဲစိတ်မှုစနစ်
Da Vinci (ဒါဗင်ချီ)ခွဲစိတ်ကုသမှုစက်ရုပ်ဖြင့်ဆန်းသစ်လာသောအသေးစားခွဲစိတ်မှု၊ ပိုမိုတိကျသေချာခြင်း၊ မြန်ဆန်စွာနာလန်ထူနိုင်ခြင်း၊ ပိုမိုကောင်းမွန်သောလူနေမှုဘဝအရည်အသွေးရရှိခြင်း။

လူနာများအနေဖြင့် ပိုမိုဘေးကင်းပြီး ထိရောက်မှုရှိသော ကုသမှုများကို ရရှိနိုင်စေရန်အတွက် ဆေးဘက်ဆိုင်ရာ နည်းပညာများသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ထိုသို့သော ဆန်းသစ်တီထွင်မှုများထဲတွင် ဒါဗင်ချီ (da Vinci) ခွဲစိတ်ကုသမှု စက်ရုပ်သည် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းမှာ အသေးစားခွဲစိတ်မှု (Minimally Invasive Surgery) များတွင် ခွဲစိတ်ဆရာဝန်များကို ကူညီပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ခေတ်မီစက်ရုပ်စနစ်တစ်ခု ဖြစ်ပါသည်။ ဤစနစ်သည် လက်လှမ်းမီရန် ခက်ခဲသောနေရာများတွင် ခွဲစိတ်မှုကို ပိုမိုတိကျစေသည့်အပြင် လူနာ၏ ခန္ဓာကိုယ်အပေါ် ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်နိုင်သော ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း သိသာထင်ရှားစွာ လျှော့ချပေးနိုင်ပါသည်။ ဒါဗင်ချီ (da Vinci) စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ကုသခြင်းနည်းပညာကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (U.S. FDA) မှ အသိအမှတ်ပြုထားပြီးဖြစ်ကာ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းဆေးရုံကြီးများတွင် […]

မိဘများသိသင့်သော အတက်ကလေးများကို ပြုစုနည်း
ကလေးဘဝတွင် အတက်ရောဂါရှာဖွေတွေ့ရှိခြင်းသည် မိသားစုဘဝထဲတွင်

စိတ်မကောင်းစရာဖြစ်သလို သင့်ကလေး၏ အတက်ရောဂါကို မြင်တွေ့ရခြင်းသည် အလွန်စိတ်သောကရောက်စေနိုင်သည်။ သို့သော် မျှော်လင့်ချက်နှင့် ထိရောက်သော ဖြေရှင်းနည်းများသည် ခုချိန်မှာ ရှိနေပြီဖြစ်ပါသည်။ မှန်ကန်သော ဆေးဘက်ဆိုင်ရာအဖွဲ့၊ မြန်ဆန်ပြီး တိကျသော ရောဂါရှာဖွေမှုနှင့် သင့်ကလေးအတွက် သီးသန့်စစ်ဆေးထုတ်ထားသော ကုသမှုအစီအစဉ်ဖြင့် ကျေနပ်ဖွယ်ကောင်းပြီး တက်ကြွသောဘဝတစ်ခုကို ပြန်လည်ရရှိနိုင်ပါသည်။ ကလေး ၀က်ရူးပြန်ရောဂါ/အတက်ရောဂါ ဆိုတာ ဘာလဲ။ ကလေး ၀က်ရူးပြန်ရောဂါ/ အတက်ရောဂါ ဆိုသည်မှာ ကလေးများသည် ဦးနှောက်တွင် ပုံမှန်မဟုတ်သော လျှပ်စစ်လှုပ်ရှားမှုကြောင့် ထပ်ခါတလဲလဲ ဖြစ်သော အတက်ရောဂါကို ရည်ညွှန်းပါသည်။ ၀က်ရူးပြန်ရောဂါ/ အတက်ရောဂါ သည် နည်းလမ်းများစွာဖြင့် ဖြစ်ပွားနိုင်ပြီး ခဏတာ စိုက်ကြည့်ခြင်းမှ တစ်ကိုယ်လုံး တက်သွားသည်အထိ ဖြစ်ပွားနိုင်သည်။ အချို့သော ကလေးများသည် ၀က်ရူးပြန်ရောဂါ/ အတက်ရောဂါ ပျောက်ကင်းသွားသော်လည်း အချို့မှာ ရေရှည်စောင့်ရှောက်မှုနှင့် […]