ရင်သားစမ်းသပ်စစ်ဆေးခြင်း ၊ကင်ဆာဟုတ်မဟုတ်ကိုယ်တိုင်စမ်းသပ်ခြင်း
ရင်သားစမ်းသပ်စစ်ဆေးခြင်းသည် မိမိဘာသာအိမ်တွင် ရင်သား တစ်ရှူးများပြောင်းလဲခြင်းရှိ မရှိစစ်ဆေးခြင်းဖြစ်သည်။ အရွယ်ရောက်ပြီးသော အမျိုးသမီးတိုင်း တစ်လတစ်ကြိမ်ခန့် ပုံမှန်ရင်သားစမ်းသပ်မှု ပြုလုပ်သင့်သည်။
