ကျန်းမာရေးဆိုင်ရာ စာစောင်များ

Explore trusted health articles, videos, and news by condition or topic

ကျန်းမာရေးစောင့်ရှောက်မှုများထဲမှ ကိုယ်အလေးချိန်ကျရန် နည်းလမ်းတစ်ခု

လူများစွာသည် အဝလွန်ခြင်းနှင့်ပတ်သက်သော ပြဿနာများ ရှိသလို ကိုယ်အလေးချိန်ကျရန်လည်း အကြိမ်ကြိမ်ကြိုးစားသူများသော်လည်း အောင်မြင်သူမှာ အနည်းငယ်သာရှိကြသည်။ လုပ်လေ့ရှိသည့် ပထမဆုံးအရာတွေက ကိုယ်အလေးချိန် လျှော့ချရန် နည်းလမ်းမှားနေသည်ကို သတိမထားမိဘဲ အစားရှောင်ခြင်းနဲ့ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အအစားမျာရုတ်တစ်ရက်ဖြတ်လိုက်ခြင်းသည် သိသာထင်ရှားသောကိုယ်အလေးချိန်ကို ပြန်တက်လာစေခြင်း သို့မဟုတ် ရေရှည်တွင် ကစားစရာပစ္စည်းတစ်ခုဖြစ်သည့် Yo-Yo အတိုင်း ကျလိုက် တက်လိုက် အချိန်မမှန်ခြင်းကဲ့သို့သော အကျိုးသက်ရောက်မှုကို ဖြစ်စေသောကြောင့်ဖြစ်သည်။