ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ခြေထောက်အရှည် မညီမျှခြင်း
ခြေထောက်အရှည် မညီမျှခြင်း ပြဿနာ (Leg Length Discrepancy) – မှန်ကန်သော ‌ဆေးဝါးကုသမှုဖြင့် ကျော်လွှားနိုင်ပါပြီ

ခြေထောက်အရှည် မညီမျှခြင်း (Leg Length Discrepancy – LLD) ဆိုသည်မှာ ခြေထောက်တစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုတိုနေခြင်း သို့မဟုတ် ပိုရှည်နေခြင်း ဖြစ်ပွားသည့် အခြေအနေတစ်ခု ဖြစ်သည်။ အနည်းငယ်မျှသာ ကွာခြားမှုရှိပါက သတိပြုမိလောက်သည့် ပြဿနာများ မဖြစ်ပေါ်စေနိုင်သော်လည်း ပိုမိုသိသာသည့် ကွာခြားမှုများရှိပါက လမ်းလျှောက်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက်၊ မတ်မတ်ရပ်နိုင်မှုနှင့် အထွေထွေ လှုပ်ရှားသွားလာမှုများကို သက်ရောက်မှုရှိစေနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်က ထိုကွာခြားမှုကို ညှိယူပြင်ဆင်ရသည့်အတွက် အချို့သူများတွင် တင်ပါးဆုံ၊ ဒူးခေါင်း သို့မဟုတ် ခါးအောက်ပိုင်းတို့၌ မအီမသာဖြစ်ခြင်းနှင့် နာကျင်ခြင်းများကို ခံစားရနိုင်သည်။ ဤပြဿနာသည် အရိုးကြီးထွားမှု ကွာခြားခြင်း၊ မွေးရာပါ အခြေအနေများ၊ ယခင်ရရှိခဲ့ဖူးသည့် ဒဏ်ရာများ သို့မဟုတ် အခြားသော အရိုးအကြောဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပွားနိုင်သည်။ အဓိကဖြစ်ပွားရသည့် အကြောင်းအရင်းကို […]

ကမ္ဘာ့လေဖြတ်ရောဂါ တိုက်ဖျက်ရေးနေ့
ကမ္ဘာ့လေဖြတ်ရောဂါ တိုက်ဖျက်ရေးနေ့ (World Stroke Day) နှင့် အသက်တစ်ချောင်းကို ပြောင်းလဲပေးနိုင်သည့် မိနစ်များ

လေဖြတ်ခြင်း သည် ဦးနှောက်အား တုံ့ပြန်ရန် အချိန်မပေးတတ်ပါ။ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လေဖြတ်ရောဂါ တိုက်ဖျက်ရေးနေ့ သည် သတိပေးလက္ခဏာများကို ခွဲခြားသိရှိနိုင်ရန်နှင့် အမြန်ဆုံး ကုသမှုခံယူရန် မည်မျှအရေးကြီးကြောင်း ကျွန်ုပ်တို့အား သတိပေးနေပါသည်။ ပထမဆုံး ရောဂါဖြစ်ပေါ်သည့် မိနစ်ပိုင်းသည် ဦးနှောက်၏ လုပ်ငန်းဆောင်တာမည်မျှ ထိန်းသိမ်းနိုင်မည်နှင့် လူနာမည်မျှကောင်းမွန်စွာ ပြန်လည်သက်သာလာမည်ဆိုသည့်အပေါ် သက်ရောက်မှုရှိပါသည်။ ကမ္ဘာ့လေဖြတ်ရောဂါ တိုက်ဖျက်ရေးနေ့သည် ဖြစ်နိုင်ချေရှိသော ရောဂါအန္တရာယ် အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ ပေါ်လာသည့်အခါ အမြန်ဆုံး လက်တွေ့လုပ်ဆောင်ရန် အရေးကြီးပုံတို့ကို ပေါ်လွင်စေရန်ဖြစ်ပါသည်။ ကမ္ဘာ့လေဖြတ်ရောဂါ တိုက်ဖျက်ရေးနေ့ သည် ပထမဆုံး မိနစ်အနည်းငယ်အတွင်း ဖြစ်ပျက်သည့် အခြေအနေများအပေါ် အဓိက အာရုံစိုက်ဆောင်ရွက်လျက်ရှိသည် ကမ္ဘာ့လေဖြတ်ရောဂါ တိုက်ဖျက်ရေးနေ့ သည် လေဖြတ်ခြင်းအပေါ် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ရရှိစေသော်လည်း […]

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု
နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု – လက်ရှိကျန်းမာနေချိန်သည် သင့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်

လူကြီးမင်း၏ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကျန်းမာရေးလိုအပ်ချက်များသည်လည်း ပြောင်းလဲလာပါသည်။ မိမိဘဝ၏ ကွဲပြားသော အသက်အရွယ်အပိုင်းအခြားအလိုက် အချို့သော ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာပါသည်။ ထိုရောဂါများတွင် ကင်ဆာရောဂါအမျိုးမျိုး၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးကြောကျဉ်းရောဂါများ ပါဝင်ပါသည်။ လူတိုင်းသည် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သည့် အလေ့အကျင့်ကို မပျက်မကွက် မွေးမြူသင့်ပြီး၊ ဤလေ့ကျင့်ခန်းကို မိမိနှင့် မိမိသားစု၏ ကောင်းမွန်သော ကျန်းမာရေးအတွက် တစ်သက်တာ ကတိကဝတ်တစ်ခုအဖြစ် လုပ်ဆောင်သင့်ပါသည်။ ဘန်ကောက်မြို့ရှိ ဆေးရုံအများစုသည် အသက်အရွယ်အလိုက် အဓိကထား စစ်ဆေးသည့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု အမျိုးအစားပေါင်းများစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အမျိုးသား၊ အမျိုးသမီး နှင့် အသက်အရွယ်အလိုက် သီးသန့်ရေးဆွဲထားသော ဤနှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများသည် သင့်အသက်အရွယ်အလိုက် အကောင်းဆုံး ကျန်းမာရေးအခြေအနေတွင် ရှိနေစေရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။ လူငယ်များအတွက် ကျန်းမာရေးစစ်ဆေးမှုများသည် အချို့သော အင်္ဂါအစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်ပုံ […]

အူမကြီးကင်ဆာ ကုသမှု
ထိုင်းနိုင်ငံရှိ အူမကြီးကင်ဆာ ကုသမှု – ရောဂါ အဆင့် (၄) ဆင့်အတွက် အထူးပြုကုထုံးများ

ထိုင်းနိုင်ငံ၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးတွင် အူမကြီးကင်ဆာ ကုသမှု အား အထွေထွေအားဖြင့် အဆင့် ၄ ဆင့် ခွဲခြားထားပါသည်။ အူမကြီး၏ အတွင်းဘက် အမြှေးပါးလွှာထက် ပိုမိုကြီးထွားမလာသေးသော အသားပိုများကို စတင်စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်းကို တစ်ခါတစ်ရံ အဆင့် (၀) (Stage 0) အဖြစ် သတ်မှတ်လေ့ရှိသည်။ အူမကြီးကင်ဆာ ကုသမှုသည် ကင်ဆာရောဂါ ပြန့်ပွားမှု အခြေအနေပေါ်မူတည်၍ အဆင့် ၄ ဆင့်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆင့် (၁) အူမကြီးကင်ဆာ ကုသမှု အူမကြီးကင်ဆာ အဆင့် (၁) သည် ပုံမှန်အားဖြင့် အူမကြီးနံရံ တစ်ရှူးများအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ကြီးထွားဝင်ရောက်သွားပြီဖြစ်သည်။ သို့သော် အူမကြီးနံရံ၏ ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေးသလို အူမကြီးအနီးရှိ […]

ပေါင်ရိုးခေါင်းပုပ်ခြင်း
ပေါင်ရိုးခေါင်းပုပ်ခြင်း (Avascular Necrosis of Hip) – ပေါင်ရိုးခေါင်းသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားသောအခါ

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) သည် တင်ပါးဆစ်အရိုး၏ အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားသောအခါ ဖြစ်ပေါ်သည့် အခြေအနေ ဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်သွားသော အရိုးသည် အားနည်းလာပြီး ပျက်စီးယိုယွင်းလာနိုင်ပါသည်။ AVN သည် ပုံမှန်အားဖြင့် တင်ပါးဆုံအဆစ်ကို ဖွဲ့စည်းထားသော ပေါင်ရိုး၏ အပေါ်ဘက် ထိပ်လုံးအပိုင်း (Femoral head) ၌ အဖြစ်များပါသည်။ ဤရောဂါအခြေအနေကို Osteonecrosis of the hip ဟုလည်း ခေါ်ဆိုပါသည်။ ရောဂါစတင်ဖြစ်ပွားချိန် အစောပိုင်းတွင် အချို့သော ဝေဒနာရှင်များ၌ မည်သည့် လက္ခဏာမျှ မပြတတ်ပါ။ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာပါက တင်ပါးဆစ်၊ ဆီးစပ် သို့မဟုတ် ပေါင်အပေါ်ပိုင်းတို့တွင် နာကျင်မှုကို ခံစားရနိုင်ပါသည်။ အဆိုပါ နာကျင်မှုသည် ထိခိုက်ထားသော ခြေထောက်ပေါ်သို့ အားပြု၍ လမ်းလျှောက်သည့်အခါ […]

ရင်သားကင်ဆာ အသိပညာပေးလ
ရင်သားကင်ဆာ အသိပညာပေးလ (Breast Cancer Awareness Month) မှာ မိမိကိုယ်ကို စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာကို သတိထားရှိနိုင်ရန်

အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေးလ ဖြစ်ပါသည်။ မိမိထံတွင် သတိပြုမိလောက်သော လက္ခဏာများ မရှိပါကလည်းကောင်း၊ မိသားစုအတွင်း ရောဂါရာဇဝင် မရှိပါကလည်းကောင်း ရင်သားကျန်းမာရေးကို ဂရုပြုရန် အရေးကြီးသော သတိပေးချက်တစ်ခု ဖြစ်ပါသည်။ အသက်အရွယ်၊ ဆေးပညာဆိုင်ရာ ရာဇဝင်နှင့် ယခင် ရင်သားစစ်ဆေးချက် ရလဒ်များသည် ရင်သားကင်ဆာ စစ်ဆေးခြင်း (screening) ကို မည်သည့်အချိန်တွင် စတင်သင့်သည်ကို အကြံပြုနိုင်ရန်အတွက် ဆရာဝန်များလိုအပ်သော အချက်အလက်များကို ပေးစွမ်းနိုင်ပါသည်။ အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေးခြင်းကို ပိုမိုအာရုံစိုက်စေသည့် လဖြစ်ပါသည်။ ပုံမှန်မဟုတ်သော လက္ခဏာ တစ်စုံတစ်ရာ မခံစားရသေးသမျှ ကာလပတ်လုံး ရင်သားကျန်းမာရေးနှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းဆွေးနွေးလေ့ မရှိကြပါ။ အောက်တိုဘာလ၏ ရင်သားကင်ဆာ အသိပညာပေး လှုပ်ရှားမှုများသည် ပြည်သူများအနေဖြင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များကို စောစီးစွာ […]

တက်စတိုစတီရုန်း အစားထိုးကုသမှု (TRT)
အမျိုးသားများ၏ ကျန်းမာရေးအပေါ် တက်စတိုစတီရုန်း (Testosterone) လျော့နည်းခြင်း၏ သက်ရောက်မှုနှင့် တက်စတိုစတီရုန်း အစားထိုးကုသမှု (TRT)

အမျိုးသားဟော်မုန်း (တက်စတိုစတီရုန်း ဟော်မုန်း) လျော့နည်းခြင်းသည် လိင်စိတ်ဆန္ဒနှင့် စွမ်းအင် ပြောင်းလဲလာခြင်းမှသည် ကြွက်သားခွန်အား လျော့နည်းသွားခြင်း သို့မဟုတ် စိတ်ခံစားချက် အပြောင်းအလဲဖြစ်ခြင်းအထိ အမျိုးသားများအပေါ် နည်းလမ်းမျိုးစုံဖြင့် သက်ရောက်မှု ရှိနိုင်ပါသည်။ ဤလက္ခဏာများသည် အခြားကျန်းမာရေး အခြေအနေများနှင့်လည်း ဆက်စပ်နေနိုင်သည်။ ထို့ကြောင့် ဆရာဝန်များသည် တက်စတိုစတီရုန်း အစားထိုးကုသမှု ကို မဆွေးနွေးမီ ရောဂါလက္ခဏာများနှင့် သွေးစစ်ဆေးချက် ရလဒ်များ နှစ်ခုလုံးကို လေ့လာသုံးသပ်လေ့ ရှိကြပါသည်။ တက်စတိုစတီရုန်း ဟော်မုန်း ချို့တဲ့ကြောင်း အတည်ပြုပြီးသူများအတွက် ယင်းကုသမှုသည် ကျန်းမာရေးအခြေအနေ၊ ရင်သွေးယူရန် အစီအစဉ်နှင့် ပုံမှန် နောက်ဆက်တွဲ ပြသရန် လိုအပ်ချက်များအပေါ် မူတည်၍ ကုသမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါသည်။ တက်စတိုစတီရုန်း အစားထိုးကုသမှု (TRT) သည် တက်စတိုစတီရုန်း လျော့နည်းနေသော အမျိုးသားများကို […]

ကျောရိုးဆစ်ပြားကျွံခြင်း
ကျောရိုးဆစ်ပြားကျွံခြင်း (Herniated Disc) – ကြွက်သားညောင်းညာခြင်းထက် ပိုမိုဆိုးရွားသော ခါးနာဝေဒနာ

ခါးအောက်ပိုင်း နာကျင်ခြင်းသည် အဖြစ်များသော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါသည်။ သို့သော် နာကျင်သည့်ဝေဒနာသည် တင်ပါး၊ ခြေထောက် သို့မဟုတ် ခြေချောင်းများသို့ စိမ့်ဝင်ပျံ့နှံ့သွားပြီး အထူးသဖြင့် ထုံကျင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း သို့မဟုတ် အားနည်းခြင်းတို့နှင့် ဒွန်တွဲခံစားရပါက ကျောရိုးဆစ်ပြားကျွံခြင်း ၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။ ကျောရိုးဆစ်ပြားကျွံခြင်း ဆိုသည်မှာ ကျောရိုးဆစ်ပြား၏ အပြင်လွှာ စုတ်ပြဲသွားပြီး အတွင်းမှ ပျော့ပျောင်းသော အစိတ်အပိုင်းကျွံထွက်ကာ အနီးရှိ အာရုံကြောများကို သွားရောက်ဖိညှပ်မိခြင်းဖြစ်ပါသည်။ ယင်းသည် အသက်အရွယ်ကြောင့် ပျက်စီးယိုယွင်းခြင်း၊ ကျောရိုးပေါ်သို့ ထပ်ခါတလဲလဲ အားသက်ရောက်မှုရှိခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါသည်။ ကုသမှုနည်းလမ်းသည် ဝေဒနာခံစားရမှု ပမာဏနှင့် အာရုံကြော ထိခိုက်မှုအခြေအနေပေါ် မူတည်ပါသည်။ လူနာအများစုမှာ ခွဲစိတ်ရန်မလိုသော ကုသနည်းများဖြင့် ပြန်လည်သက်သာကောင်းမွန်နိုင်သော်လည်း ခွဲစိတ်ကုသရန် လိုအပ်သည့်အခါတွင်မူ မှန်ပြောင်းသုံး […]