ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ကလေးငယ်များတွင် ကူးစက်တတ်သော Respiratory Syncytial Virus (RSV) အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ရောဂါ

Respiratory Syncytial Virus (RSV) အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ရောဂါ ဆိုသည်မှာ နမိုးနီးယား ဗိုင်းရပ်စ်ရောဂါ အမျိုးအစားဖြစ်ပြီး ရောဂါပိုးရှိသည့်သူ မှ နှာချေ၊ ချောင်းဆိုးသည့် ရာတွင် ထွက်ရှိသော အမှုန်ရည် များမှ အခြားသူ၏ အသက်ရှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ရာမှ ကူစက်တတ်သော ဗိုင်းရပ်စ် ဖြစ်ပါသည်။ RSV ဗိုင်းရပ်စ်သည် အထူးသဖြင့် အဆုတ် ကောင်းစွာမဖွံဖြိုးသေးသော၊ ကိုယ်ခံအား နည်းနေသေးသော ရင်သွေးငယ်နှင့် ငယ်ရွယ်သောကလေး များတွင် အဆုတ်နှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း (RSV) ဖြစ်နိုင်ပါသည်။ အသက် ၂ နှစ် အရွယ် ကလေးငယ်များတွင် အများဆုံး ဖြစ်တတ်ပါသည်။