အရေပြားကင်ဆာကုထုံးထဲတွင် နောက်ဆုံးပေါ်ကုသနည်းတစ်ခုဖြစ်သည့် Mohs Surgery ဆိုတာဘာလဲ
Mohs Surgery ဟုလည်းလူသိများသော Mohs Micrographic Surgery သည် အချို့သောအရေပြားကင်ဆာအမျိုးအစားများကို ကုသရန်အတွက် အထူးပြုခွဲစိတ်နည်းပညာတစ်ခုဖြစ်သည်။ အထူးသဖြင့် မျက်နှာ၊ နှာခေါင်း၊ နှုတ်ခမ်း၊ မျက်ခမ်းနှင့် နားများကဲ့သို့သော အသွင်အပြင် သို့မဟုတ် လုပ်ငန်းဆောင်တာ အရေးကြီးသည့်နေရာများတွင် ကင်ဆာအကျိတ်အလွှာများကို ဖယ်ရှားစဉ် တတ်နိုင်သမျှ ကျန်းမာသောတစ်သျှူးများကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ အကျိတ်/အရေပြား၏ အလွှာတစ်ခုစီကို အဏုကြည့်မှန်ပြောင်းဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ကင်ဆာဆဲလ်များကို တွေ့ရှိပါက၊ နောက်ထပ်တစ်ရှူးများကို ထိုနေရာများမှ ဂရုတစိုက် ဖယ်ရှားမည်ဖြစ်သည်။ ကင်ဆာဆဲလ်များ မကုန်မချင်း ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ Moh ခွဲစိတ်မှု ဘယ်အချိန်မှာ လိုအပ်လဲ။ Mohs ခွဲစိတ်မှုသည် အရေပြားကင်ဆာ၏ အဖြစ်အများဆုံး ပုံစံနှစ်မျိုးဖြစ်သည့် Basal Cell Carcinoma (BCC) နှင့် […]