ထိုင်းနိုင်ငံရှိ အူမကြီးကင်ဆာ ကုသမှု – ရောဂါ အဆင့် (၄) ဆင့်အတွက် အထူးပြုကုထုံးများ
ထိုင်းနိုင်ငံ၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးတွင် အူမကြီးကင်ဆာ ကုသမှု အား အထွေထွေအားဖြင့် အဆင့် ၄ ဆင့် ခွဲခြားထားပါသည်။ အူမကြီး၏ အတွင်းဘက် အမြှေးပါးလွှာထက် ပိုမိုကြီးထွားမလာသေးသော အသားပိုများကို စတင်စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်းကို တစ်ခါတစ်ရံ အဆင့် (၀) (Stage 0) အဖြစ် သတ်မှတ်လေ့ရှိသည်။ အူမကြီးကင်ဆာ ကုသမှုသည် ကင်ဆာရောဂါ ပြန့်ပွားမှု အခြေအနေပေါ်မူတည်၍ အဆင့် ၄ ဆင့်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆင့် (၁) အူမကြီးကင်ဆာ ကုသမှု အူမကြီးကင်ဆာ အဆင့် (၁) သည် ပုံမှန်အားဖြင့် အူမကြီးနံရံ တစ်ရှူးများအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ကြီးထွားဝင်ရောက်သွားပြီဖြစ်သည်။ သို့သော် အူမကြီးနံရံ၏ ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေးသလို အူမကြီးအနီးရှိ […]
