ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ပထမအက္ခရာဖြင့် ဆောင်းပါးများကိုရှာပါ

ရင်သားကင်ဆာ
HER2-အပေါင်းလက္ခဏာဆောင်သော ရင်သားကင်ဆာ ကုသမှုများ

ရင်သားကင်ဆာ ဝေဒနာရှင် ငါးဦးတွင် တစ်ဦးနီးပါးမှာ HER2-အပေါင်းလက္ခဏာဆောင်သော ကင်ဆာအမျိုးအစား (HER2-positive breast cancer) အဖြစ် သတ်မှတ်ခြင်း ခံရသည်။ ဆိုလိုသည်မှာ အဆိုပါ ကင်ဆာဆဲလ်များတွင် Human Epidermal Growth Factor Receptor 2 (HER2) ပရိုတင်းကို ထုတ်လုပ်ပေးသည့် မျိုးဗီဇအဆမတန် ပွားများနေခြင်း ဖြစ်ပြီး၊ ယင်းအခြေအနေကြောင့် အဆိုပါ အကျိတ်များသည် ယေဘုယျအားဖြင့် အခြားသော ရင်သားကင်ဆာ အမျိုးအစားများထက် ပိုမိုပြန့်ပွားလွယ်ပြီး ပြင်းထန်လေ့ရှိသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ဆေးဝါးသစ်များ ပေါ်ထွက်လာမှုကြောင့်HER2-အပေါင်းလက္ခဏာဆောင်သော ကင်ဆာကုသမှု ကဏ္ဍတွင် ကြီးမားသော တိုးတက်ပြောင်းလဲမှုများ ဖြစ်ထွန်းခဲ့သည်။ ပထမဆုံးသော HER2 ပစ်မှတ်ထားကုထုံး ဖြစ်သည့် Trastuzumab (Herceptin) ကို ဓာတုကုထုံး (Chemotherapy) နှင့် […]

ရင်သားကင်ဆာ အသိပညာပေးလ
ရင်သားကင်ဆာ အသိပညာပေးလ (Breast Cancer Awareness Month) မှာ မိမိကိုယ်ကို စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာကို သတိထားရှိနိုင်ရန်

အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေးလ ဖြစ်ပါသည်။ မိမိထံတွင် သတိပြုမိလောက်သော လက္ခဏာများ မရှိပါကလည်းကောင်း၊ မိသားစုအတွင်း ရောဂါရာဇဝင် မရှိပါကလည်းကောင်း ရင်သားကျန်းမာရေးကို ဂရုပြုရန် အရေးကြီးသော သတိပေးချက်တစ်ခု ဖြစ်ပါသည်။ အသက်အရွယ်၊ ဆေးပညာဆိုင်ရာ ရာဇဝင်နှင့် ယခင် ရင်သားစစ်ဆေးချက် ရလဒ်များသည် ရင်သားကင်ဆာ စစ်ဆေးခြင်း (screening) ကို မည်သည့်အချိန်တွင် စတင်သင့်သည်ကို အကြံပြုနိုင်ရန်အတွက် ဆရာဝန်များလိုအပ်သော အချက်အလက်များကို ပေးစွမ်းနိုင်ပါသည်။ အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေးခြင်းကို ပိုမိုအာရုံစိုက်စေသည့် လဖြစ်ပါသည်။ ပုံမှန်မဟုတ်သော လက္ခဏာ တစ်စုံတစ်ရာ မခံစားရသေးသမျှ ကာလပတ်လုံး ရင်သားကျန်းမာရေးနှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းဆွေးနွေးလေ့ မရှိကြပါ။ အောက်တိုဘာလ၏ ရင်သားကင်ဆာ အသိပညာပေး လှုပ်ရှားမှုများသည် ပြည်သူများအနေဖြင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များကို စောစီးစွာ […]