ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ပထမအက္ခရာဖြင့် ဆောင်းပါးများကိုရှာပါ

ပေါင်ရိုးခေါင်းပုပ်ခြင်း
ပေါင်ရိုးခေါင်းပုပ်ခြင်း (Avascular Necrosis of Hip) – ပေါင်ရိုးခေါင်းသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားသောအခါ

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) သည် တင်ပါးဆစ်အရိုး၏ အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားသောအခါ ဖြစ်ပေါ်သည့် အခြေအနေ ဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်သွားသော အရိုးသည် အားနည်းလာပြီး ပျက်စီးယိုယွင်းလာနိုင်ပါသည်။ AVN သည် ပုံမှန်အားဖြင့် တင်ပါးဆုံအဆစ်ကို ဖွဲ့စည်းထားသော ပေါင်ရိုး၏ အပေါ်ဘက် ထိပ်လုံးအပိုင်း (Femoral head) ၌ အဖြစ်များပါသည်။ ဤရောဂါအခြေအနေကို Osteonecrosis of the hip ဟုလည်း ခေါ်ဆိုပါသည်။ ရောဂါစတင်ဖြစ်ပွားချိန် အစောပိုင်းတွင် အချို့သော ဝေဒနာရှင်များ၌ မည်သည့် လက္ခဏာမျှ မပြတတ်ပါ။ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာပါက တင်ပါးဆစ်၊ ဆီးစပ် သို့မဟုတ် ပေါင်အပေါ်ပိုင်းတို့တွင် နာကျင်မှုကို ခံစားရနိုင်ပါသည်။ အဆိုပါ နာကျင်မှုသည် ထိခိုက်ထားသော ခြေထောက်ပေါ်သို့ အားပြု၍ လမ်းလျှောက်သည့်အခါ […]