ချော့ကလက်ရေအိတ်ဟုခေါ်သော သားဥအိမ်ရေအိတ်တည်ခြင်းကို သိသာစေသော လက္ခဏာ ၅ ချက်
လူအများစုသည် ချော့ကလက်ရေအိတ်တည်ခြင်းကို အခြားသောရောဂါများကြောင့် ခံစားရသော လက္ခဏာများဖြင့် ဆင်တူတတ်ကြသောကြောင့် အခြားရောဂါများဖြင့် အမှတ်မှားတတ်ကြသည်။ ထို့ကြောင့် ရောဂါမှန်မမှန်ဆုံးဖြတ်ရာတွင် ဆရာ၀◌န်မှပြောကြားရုံဖြင့် သတ်မှတ်လို့မရနိုင်သေးပါ။ စစ်ဆေးချက်များ စမ်းသပ်ချက်များဖြင့် ပြန်လည်ဆက်စပ်ပြီးမှ ဖြစ်နိုင်ခြေရှိမရှိကို သုံးသပ်ရမည်ဖြစ်ပါသည်။
