ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ပထမအက္ခရာဖြင့် ဆောင်းပါးများကိုရှာပါ

ပုခုံတောင့်သွားခြင်း (frozen shoulder) အဆင့် ၃ ဆင့်- သင်ခံစားနေရသည်မှာမည်သည့်အဆင့်တွင် ဖြစ်နေပါသလဲ?

frozen shoulder ဆိုသည်မှာ အဆစ်များ အထူးသဖြင့် ပုခုံးဆစ်တွင် တစ်ရှူးများ ရောင်ပြီး ပုခုံးနာကျင်နေခြင်းဖြစ်ပါသည်။ နာကျင်ခြင်းဖြစ်စဥ◌်မှာ မိမိပုခုံးလှုပ်ရှားမှုပေါ်မူတည်ပြီး အခြေအနေမတူညီပါ။ အကယ်လို့ နာကျင်မှုဖြစ်နေသည်ကို မကုသပါက နာတာရှည်ဒဏ်ဖြစ်သွားနိုင်ပါသည်။ ထိုအခါ ပုခုံးနာကျင်ခြင်းမှာ သူ့အလိုလိုပြန်လည်ကောင်းမွန်ပြီး ပုံမှန်အခြေအနေပြန်ရောက်တတ်ခြင်းမရှိပါ။ ထိုသို့ရောင်ယမ်းခြင်းများသည်လည်း မိမိတို့နေ့စဥ◌်လုပ်ငန်းဆောင်တာများဆောင်ရွက်ခြင်းအတွက် အဟန့်အတားဖြစ်စေပါသည်။