ဗိုက်တာမင် စီ – Vitamin C (သို့မဟုတ်) ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ အရေးပါသူ
ခန္ဓာကိုယ်ထဲကိုဗိုင်းရပ်စ်တစ်မျိုးမျိုး ဝင်ရောက်လာပြီဆိုရင် သွေးဖြူဥတွေက ရှေ့တန်း ကိုယ်ခံအားစနစ်အနေနဲ့ စတင်တိုက်ခိုက်ကြပါတယ်။ လေ့လာတွေ့ရှိမှုများအရ ဗိုက်တာမင်စီဟာ(Vitamin C) သွေးဖြူဥများရဲ့ ထုတ်လုပ်နှုန်းနဲ့ လုပ်ဆောင်ရည် အစွမ်းတွေကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်လို့တွေ့ရှိရပါတယ်။ အဲဒီလိုပြုလုပ်ပေးခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။
