အရေးပေါ်လေကြောင်းဌာန
ဝေ့ဌာနီဆေးရုံကြီး လွှဲပြောင်းရေးနှင့် လေကြောင်းပို့ဆောင်ရေးဌာန
လွှဲပြောင်းရေးနှင့် လေကြောင်းပို့ဆောင်ရေးဌာနသည် လူနာနှင့်လူနာရှင်များအတွက် ဆေးကုသခြင်းတွင် လိုအပ်သော ခရီးသွားဝန်ဆောင်မှု၊ ဗီဇာသက်တမ်းတိုးခြင်းများနှင့် ပက်သက်ပြီး လိုအပ်သောအထောက်အပံ့ များကိုကူညီလုပ်ဆောင်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုများ
- ဗီဇာသက်တမ်းတိုးခြင်း
- ခရီးသွားလာမှုစီစဉ်ခြင်း
- ဟိုတယ်ကြိုတင်ဌားရမ်းပေးခြင်း
- V-Flight ဝန်ဆောင်မှု (အရေးပေါ်လေယာဥ်၀န်ဆောင်မှု)
ဗီဇာသက်တမ်းတိုးခြင်း
- လူနာနှင့်လူနာရှင် များဗီဇာသက်တမ်းတိုးခြင်းအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်းယာယီနေထိုင်ခွင့် ရရန် လုပ်ဆောင်ပေးပါသည်။(ဗီဇာသက်တမ်း မကုန်ခင် ၁၀ရက်ကြိုတင်အကြောင်းကြားပေးပါရန်)
- ရက်၉၀ တုံးထုခြင်းဝန်ဆောင်မှု - ထိုင်းနိုင်ငံတွင် ၃လအထက် နေထိုင်သော နိုင်ငံခြားသားများသည် ရောက်ရှိသည့်နေ့မှ ရက်၉၀ ပြည့်တိုင်း လူဝင်မှုကြီးကြပ်ရေးသို့ ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် လိပ်စာကို ၁၅ရက်အတွင်း (သို့) ကုန်ဆုံးရင်မှ ၇ရက်အတွင်း ကြိုတင်အကြောင်းကြားပေးရပါမည်။
ခရီးသွားလာမှုစီစဉ်ခြင်း
လွှဲပြောင်းရေးနှင့် လေကြောင်းပို့ဆောင်ရေးဌာနသည်လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊အကြိုအပို့စီစဉ်ပေးခြင်း၊ နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ခရီးသွားအေဂျင်စီများနဲ့ပူးပေါင်း၍ ခရီးစဉ်များကြိုတင်စီစဉ်ပေးခြင်းဆောင်ရွက်ပေးခြင်းများကို ဆေးရုံ၏သတ်မှတ်ထားသောစိတ်ချလုံခြုံမှုနဲ့ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ကိုက်ညီအောင်စီစဉ်ဆောင်ရွက်ပေးနေပါသည်။
- ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်များ
- လေဆိပ်မှအခြားနေရာများသို့ ပို့ဆောင်ခြင်းများ
- မြို့တွင်းလှည့်လည်ပတ်ခြင်း (နေ့တ၀က်/တစ်နေ့တာ/ညစာစားပွဲများနှင့် ဖျော်ဖြေရေးအစီအစဥ်များ )ကိုပါ စီစဥ်ပေးပါသည်။
ဟိုတယ်ကြိုတင်ဌားရမ်းပေးခြင်း
ဝေ့ဌာနီဆေးရုံဟိုတယ်ကြီးတွင် မိမိအိမ်ကဲ့သို့ ကောင်းမွန်သော အခန်းနဲ့ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးထားပါသည်။
V-Flight အရေးပေါ်လေယာဥ်ဝန်ဆောင်မှု
V-Flight အရေးပေါ်လေယာဥ်ဝန်ဆောင်မှုသည် အရေးပေါ်လူနာများအတွက် သီးသန့်လူနာတင်လေယာဉ် အဖြစ်ဝန်ဆောင်မှုပေးရုံမက အရေးပေါ်အခြေအနေမဟုတ်သောဆေးအကူအညီလိုသော လူနာများအတွက် ပုံမှန်လေကြောင်းလိုင်းများဖြင့်သွားလာနိုင်ရန်စီစဉ်ပေးပါသည်။ ကျွနု်ပ်တို့၏ အရေးပေါ်လေယာဥ်အဖွဲ့တွင် ကျွမ်းကျင်၍အတွေ့အကြုံရှိသောဆေးပညာရှင်နှင့်ဆရာဝန်၊ဆရာမများသည် သက်သောင့်သက်သာအဖြစ်ဆုံး ထိရောက်မှုရှိသောအရေးပေါ်ကုသမှုကို အချိန်မရွေး လေယာဉ်ပေါ်တွင်ဝန်ဆောင်မှုပေးရုံမက အရေးပေါ်ကုသမှုခံယူပြီး ဆေးရုံမှဆင်းလာသော လူနာများကိုလဲ လူနာများ၏ နေရပ်တိုင်းပြည် အထိပြန်လည်ပို့ဆောင်ပေးပါသည်။ကျွန်ုပ်တို့၏ အရေးပေါ်အဖွဲ့သည် လူနာများလိုအပ်ချက်မှန်သမျှတို့ကိုတတ်နိုင်သမျှ ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။
V-Flight အရေးပေါ်လေယာဥ်ဝန်ဆောင်မှု
ကျွန်ုပ်တို့၏ဆေးဘက်ဆိုင်ရာလေကြောင်းအထူးကျွမ်းကျင်ဝန်ထမ်းများသည် လူနာ၏ဆေးကုသမှုရာဇဝင်နှင့် အခြေအနေကိုလိုက်၍ လူနာနဲ့သင့်တော်သောအောက်ပါပျံသန်းမှုကို ၂၄နာရီ ၇ရက်လုံး ဦးစားပေးရွေးချယ်ပါသည်။ ၀န်ဆောင်မှုများမှာ-
- လူနာအရေးပေါ်တင်လေယာဉ်သည် လေယာဥ်ပေါ်တွင် လူနာများအတွက် အဆင့်မြင့်အသက်ကယ်အကူကိရိယာ၊ထမ်းစင်၊အောက်စီဂျင်စက်စသဖြင့် လိုအပ်သည်များကို လေယာဥ်အတွင်း ပြည့်စုံအောင်ထားရှိထားပါသည်။
- ပုံမှန်လေကြောင်းလိုင်းများအတွက် လူနာစောင့်ကြည့်ရေးဝန်ဆောင်မှု
- လေဆိပ်မြေပြင်ရှိ လူနာအရေးပေါ်တင်ယာဉ်
အထူးကြပ်မတ်ကုသမှု
- အထူးကြပ်မတ်ကုသမှု ICU/CCU အတွေ့အကြုံ့
- မွေးကင်းစကလေးအထူးကုကျွမ်းကျင်ဆရာဝန်များ
- နှလုံးအထူးကုကျွမ်းကျင်ဆရာဝန်များ
- ထောက်ခံချက်ရရှိထားသောလေကြောင်းဆေးပညာအဖွဲ့
- FAA အသိအမှတ်ပြု အိတ်ဆောင်ဆေးကိရိယာများ
- လူနာဆေးမှတ်တမ်းများ
ဆက်သွယ်ရန်
စုံစမ်းမေးမြန်းခြင်း
- လွှဲပြောင်းရေးနှင့် လေကြောင်းပို့ဆောင်ရေးဌာနဝေ့ဌာနီဆေးရုံကြီး
- ဟော့လိုင်းနံပါတ်များ (+66)87-813-9990
- အီးမေး – [email protected]
၀န်ဆောင်မှု - နေ့စဥ် 08.00 am - 08.00 pm
အီးမေး – [email protected]
ဖုန်း : (+66)2-734-0354
ဟော့လိုင်းဖုန်း : (+66)8-255-2810
မြန်မာဖုန်း - (+66)81 98 45111
