Health Article

ဦးနှောက်သွေးကြောပြဿနာကြောင့် ပြင်းထန်ခေါင်းကိုက်ခြင်းကို ဖြစ်စေသည့် သတိပေးချက်လက္ခဏာ ၃ ရပ်

Share:

ခေါင်းကိုက်ခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခု ဖြစ်သော်လည်း ဆေးကုသမှု ခံယူနေသည့် လူနာများ၏ 90% ကျော်သည် ပုံမှန်ခေါင်းကိုက်မှုကို သတိထားမိတတ်ကြသော်လည်း 10% လူနည်းစုမှာ သတိမထားမိတတ်ကြသည်မှာ အရေးကြီးပါသည်။ အထူးသဖြင့် ပထမအကြိမ် ဖြစ်ပွားပါက လေဖြတ်ခြင်းကဲ့သို့ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေ၏ ညွှန်ပြချက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်ဖြစ်ပါသည်။

သတိပေးလက္ခဏာများ-

  1. ပြင်းထန်ပြီး စူးရှနာကျင်သော ခေါင်းကိုက်ခြင်း။ တခါမှ မဖြစ်ဖူးသော ရုတ်တရက် ပြင်းထန်ခေါင်းကိုက်ခြင်းသည် သွေးထွက်ခြင်းကြောင့် ဦးနှောက်အတွင်း ဖိအားများ ရုတ်တစ်ရက် တိုးလာခြင်းကြောင့် ဖြစ်နိုင်သည်။
  2. ခေါင်းကိုက်ခြင်းနှင့် ပုံမမှန်အာရုံကြောဆိုင်ရာ လက္ခဏာများ လက်မောင်းနှင့် ခြေထောက်များ အားနည်းခြင်း၊ မျက်နှာတခြမ်းရွဲ့ခြင်း၊ စကားများမပီသခြင်း၊ မူးဝေခြင်း၊ ကိုယ်ဟန်ချက်မညီခြင်း နှင့် အမြင်နှစ်ထပ်ဖြစ်ခြင်းစသည့် ပုံမှန်မဟုတ်သော အာရုံကြောဆိုင်ရာ လက္ခဏာများဖြစ်သော ရုတ်တရက်ဖြစ်ပေါ်လာပါက လေဖြတ်ခြင်း၏ လက္ခဏာဖြစ်နိုင်သည်။
  3. Seizure (တက်ခြင်း) နှင့်အတူ ခေါင်းကိုက်ခြင်း တက်ခြင်းသည် ဦးနှောက်အတွင်းရှိ သွေးကြောများ ကျဉ်းသွားခြင်း သို့မဟုတ် ပေါက်သွားခြင်း၏ အဖြစ်များသော လက္ခဏာများဖြစ်သည်။ ခန္ဓာကိုယ်မှ တက်ခြင်းကို ဟန့်တားသော neurotransmitters ထက် တက်ခြင်းကို လှုံ့ဆော်သော neurotransmitters ကို ပိုမိုထုတ်လွှတ်သောအခါ ဖြစ်ပေါ်တတ်ပါသည်။ တက်ခြင်းနှင့် ပုံမှန်မဟုတ်သော သွေးစီးဆင်းမှုများသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်သည်။

ဦးနှောက်သွေးကြောဆိုင်ရာရောဂါသည် အောက်ပါတို့ကြောင့် ဖြစ်နိုင်သည်။

  • ဦးနှောက်သွေးကြောများအတွင်း သွေးခဲများဖြစ်ပေါ်ခြင်း (thrombosis)
  • ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှ ဦးနှောက်သို့ သွေးခဲများရောက်ရှိခြင်း (embolism)၊
  • သွေးကြောများပေါက်ပြဲခြင်း (သွေးသွန်ခြင်း)
  • Arterial plaque များစုပုံခြင်း (atherosclerosis)၊
  • သွေးကြောဆိုင်ရာပြဿနာများ
  • ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း။

Cerebrovascular Disease ဖြစ်နိုင်ခြေက ပိုများသောသူများ

ကျား၊မ၊ အသက်အရွယ်မရွေး၊ မည့်သည့် လူမျိုးမဆို ဖြစ်နိုင်ပါသည်။ အချို့သောလူများသည် အသက်အရွယ် သို့မဟုတ် ဇီဝမျိုးရိုးဆိုင်ရာကိစ္စရပ်များကဲ့သို့ ထိန်းချုပ်မရသောအချက်များကြောင့် ဖြစ်နိုင်ခြေပိုများသည်။

ရောဂါရှာဖွေခြင်း

အကယ်၍ သင့်ဆရာဝန်သည် ဦးနှောက်သွေးကြောဆိုင်ရာရောဂါကို သံသယရှိပါက၊ ပြဿနာကိုသိရှိနိုင်စေရန်နှင့် ကုသမှုလမ်းညွှန်ရန် အမျိုးမျိုးသောရောဂါရှာဖွေစစ်ဆေးမှုများကို အသုံးပြုနိုင်ပါသည်။

ပုံရိပ်ဖော်စစ်ဆေးမှုများ

  • Cerebral Angiography– ဓာတ်မှန်ရိုက်ရာတွင် အထူးပြုလုပ်ထားသောဆေးသုံး၍ သင့်ဦးနှောက်ရှိ သွေးကြောများကို ဓာတ်မှန်ရိုက်ခြင်း။
  • Coronary computed tomography angiogram (CTA)- သွေးကြောပိတ်ဆို့ခြင်းများကို သေချာစွာမြင်ရရန် သင့်နှလုံးနှင့် သွေးကြောများ၏ အသေးစိတ် 3D ပုံများဖြင့် စစ်ဆေးခြင်း။
  • MRI (သံလိုက်ပဲ့တင်ရိုက်ခတ်မှုပုံရိပ်)- ပုံမမှန်မှုများကို သိရှိနိုင်ရန် သင့်ဦးနှောက်နှင့် သွေးကြောများ၏ အသေးစိတ်ပုံများကို စစ်ဆေးခြင်း။

အခြားစစ်ဆေးမှုများ-

  • Electrocardiogram (EKG)- ဖြစ်နိုင်ချေရှိသော ပုံမမှန်ခြင်းကို သိရှိရန် သင့်နှလုံးမှ လျှပ်စစ်ထုတ်လွှတ်မှုမှတစ်ဆင့် တိုင်းတာခြင်း။
  • Spinal Tap (Lumbar puncture): ဦးနှောက်ရှိအရည်ကို ထုတ်ယူပြီး အခြားဖြစ်နိုင်ခြေရှိသော အကြောင်းအရာများကို ရှာဖွေခြင်း

ကုသခြင်း

ပြန်လည်ကောင်းမွန်လာစေသည့် ကုသမှုလမ်းကြောင်းသည် ခေါင်းကိုက်ခြင်းဖြစ်ပေါ်စေသော တိကျသောအမျိုးအစားနှင့် ဦးနှောက်သွေးကြောဆိုင်ရာရောဂါ၏ပြင်းထန်မှုအပေါ် မူတည်ပါသည်။ သို့သော် အဓိက ရည်မှန်းချက်မှာ သင့်ဦးနှောက်သို့ သွေးစီးဆင်းမှုကို ပြန်လည်ရရှိရန်နှင့် နောက်ထပ်ပျက်စီးမှုများကို ကာကွယ်ရန်ဖြစ်သည်။ ကုသမှုရွေးချယ်စရာများ အနေဖြင့်

ဆေးဝါးများ

  • သွေးပေါင်ကျဆေးများ– သွေးပေါင်ကျစေပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးသည်။
  • သွေးကျဲဆေးများ (anticoagulants) – သွေးခဲများဖြစ်ပေါ်ခြင်း သို့မဟုတ် ကြီးထွားခြင်းမှ ကာကွယ်ပေးသည်။
  • ကိုလက်စထရောကျစေသောဆေးများ– မကောင်းတဲ့ ကိုလက်စထရောပမာဏကို လျှော့ချပေးပြီး plaque များစုပုံလာခြင်းကို ကာကွယ်ပေးပါတယ်။
  • သွေးတွင်းသကြားဓာတ်ကျဆေးများ– ဆီးချိုရောဂါကို ထိန်းညှိပေးပြီး ဆက်စပ်ရောဂါများကို ကာကွယ်ပေးသည်။

ခွဲစိတ်ကုသခြင်း

  • Carotid angioplasty- catheter ထိပ်တွင် ပူဖောင်းကဲ့သို့ပါသောအရာကို အသုံးပြု၍ ကျဉ်းနေသော သွေးကြောများကို ဖွင့်ပေးသည်။
  • Carotid endarterectomy– ပိတ်ဆို့နေသော သွေးလွှတ်ကြောများမှ plaque များကို ဖယ်ရှားပေးသည်။
  • Carotid stenting – သွေးကြောများပွင့်နေစေရန် stent ကိုထည့်ထားသည်။
  • Catheter-directed mechanical thrombectomy– ပိတ်ဆို့နေသော သွေးကြောများမှ သွေးခဲများကို တိုက်ရိုက်ဖယ်ရှားပေးသည်။

ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါကို ထိရောက်စွာ ကုသနိုင်ရန် အချိန်မီ ရောဂါရှာဖွေခြင်းနှင့် လျင်မြန်စွာ ကုသမှုခံယူရန် အရေးကြီးကြောင်း သတိရှိထားရပါမည်။ သင် တစ်ခါမှ မကြုံဖူးသော ပြင်းထန်သော ခေါင်းကိုက်ခြင်းကို အခြားသော ပုံမှန်မဟုတ်သည့် လက္ခဏာများ နှင့်အတူ ခံစားရပါက လေဖြတ်ခြင်း ၏ သတိပေး လက္ခဏာ ဖြစ် နိုင်သောကြောင့် ချက်ခြင်း ဆေးကုသမှု ခံယူပါ ။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating