Health Article

Transcarotid Artery Revascularization (TCAR) သည် carotid သွေးလွှတ်ကြောဆိုင်ရာရောဂါကို ကုသနိုင်သော ကုသမှုတစ်ခုဖြစ်ပါသည်

Share:

Transcarotid Artery Revascularization (TCAR) သည် carotid သွေးလွှတ်ကြောရောဂါကို ကုသရန်နှင့် နောက်ပိုင်းတွင် လေဖြတ်နိုင်ခြေကို လျှော့ချရန် အကောင်းဆုံးဖြစ်အောင် ကုသပေးနိုင်သော ကုသမှုတစ်ခုဖြစ်သည်။ TCAR ကုသခြင်းတွင် သွေးစီးဆင်းမှုကို ယာယီပြောင်းပြန်ဖြစ်စေခြင်းဖြင့် နောက်ဆုံပေါ်နည်းပညာဖြင့် ကုသခြင်းမျိုးဖြစ်သည်။ ထိုသို့ပြောင်းပြန်စီးဆင်းမှုကြောင့် ဦးနှောက်သွေးကြောကျဥ်းနေသောနေရာများကို အမှုန်များ သွားရောက်စီးဆင်းစေမှုကို တနည်းအားဖြင့် တားဆီးလိုက်ခြင်းပင်ဖြစ်သည်။ ကျဉ်းနေသော သွေးလွှတ်ကြောများကို ပြန်ဖွင့်ရန် ဆေးပညာသုံး ပူဖောင်းများနှင့် stent များကိုအသုံးပြုထားသောကြောင့် သွေးစီးဆင်းမှုကို ခေတ္တပြောင်းပြန်ဖြစ်ပေါ်ခြင်းဖြင့် လေဖြတ်နိုင်ခြေကို လျော့နည်းစေသည်။ ယာယီသွေးလမ်းကြောင်းလွှဲထားသော်လည်း ဦးနှောက်သို့ လုံလောက်သော သွေးလည်ပတ်မှုရရှိအောင် အခြားသွေးကြောများမှ ပံ့ပိုးပေးနေပါသေးသည်။ ထိုအချက်ကြောင့် TCAR ကုထုံးကို အချို့သောကိစ္စများတွင် carotid endarterectomy ထက် ပိုမိုနှစ်သက်ကြသည်။

TCAR ကို သွေးကြောခွဲစိတ်ဆရာဝန်များ၊ နည်းပညာရှင်များနှင့် သွေးကြောဆိုင်ရာ မေ့ဆေးဆရာဝန်တို့က လုပ်ဆောင်သည်။ ခွဲစိတ်ဆရာဝန်သည် လူနာအား စမ်းသပ်အကဲဖြတ်ပြီး ထုံဆေးနှင့် မေ့ဆေးကို လိုအပ်မည့်အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ခွဲစိတ်မှုအား ညှပ်ရိုးအနီးတွင် သေးငယ်သော ခွဲစိတ်မှုလုပ်ခြင်းမှတစ်ဆင့် သွေးလွှတ်ကြောသို့ ထိုးဖောက်၀င်ရောက်ခြင်းဖြစ်ပါသည်။ ထို့နောက် transcarotid neuro-protection system (NPS) နှင့်ချိတ်ဆက်ထားသည့် ပြွန်တစ်ခုကို သွေးလွှတ်ကြောထဲသို့ တိုက်ရိုက်ထည့်သွင်းသည်။ NPS စနစ်သည် ကုထုံးလုပ်နေစဥ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အညစ်အကြေးများ သို့မဟုတ် အမှုန်များကို အကာအကွယ်အဖြစ် လုပ်ဆောင်ကာ ဦးနှောက်မှ သွေးစီးဆင်းမှုကို ထိရောက်စွာ ကောင်းမွန်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းကိရိယာသည် သွေးများကို ပေါင်ခြံရှိ သွေးကြောတစ်ခုသို့ ပြန်မပို့မီ plaque အမှုန်များ နှင့် အညစ်အကြေးများကို စုဆောင်းပြီး စစ်ထုတ်ပါသည်။ ထို့နောက် သွေးလည်ပတ်မှုလမ်းကြောင်းကို မူလအတိုင်းပြန်လည်မလုပ်ခင် ယင်းပြွန်ကို ပြန်ဖယ်ရှားခြင်းဖြစ်ပါသည်။ ထို့နောက် ခွဲစိတ်ဆရာဝန်သည် ပြန်လည်ချုပ်ရိုးချုပ်ခြင်းဖြင့် ပြီးဆုံးစေမည်ဖြစ်ပါသည်။

plaque အမှုန်များဖြစ်ပေါ်လာပါကလည်း မရွေ့လျားပဲ တည်ငြိမ်နေစေခြင်းဖြင့် လေဖြတ်ခြင်းကိုကာကွယ်နိုင်ရန်အတွက်၊ ကျုံ့ချဲ့နိုင်သော mesh ပြွန်တခုဖြစ်သည့် stent ကို carotid သွေးလွှတ်ကြောအတွင်းရှိပိတ်ဆို့သည့်နေရာ၌ထည့်သွင်းထားမည်ဖြစ်ပါသည်။ stent တည်ထားသောအခါတွင် သွေးလည်ပတ်မှုပြောင်းပြန်စီးခြင်းအခြေအနေသည် ပုံမှန်လမ်းကြောင်းအတိုင်း ပြန်လည်စီးဆင်းသွားမည်ဖြစ်ပါသည်။

TCAR သည် အနည်းဆုံး ထိုးဖောက်ကုသခြင်းနည်းဖြစ်သောကြောင့် carotid သွေးလွှတ်ကြောများ ကျဥ်းခြင်း ကဲ့သို့သော အကြောင်းရင်းများအချို့နှင့် အခြားသော ခွဲစိတ်မှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေမြင့်မားသော လူနာများနှင့် အသက်အရွယ်အရသော်လည်းကောင်း ခန္ဓာဗေဒဆိုင်ရာ ပုံမှန်မဟုတ်သောအခြေအနေများတွင် အထူးသင့်လျော်ပါသည်။ ထို့အပြင် သွေးကြောကျဥ်းခြင်းသည် 50 ရာခိုင်နှုန်းထက်ပိုမိုဖြစ်နေပြီး အချို့သောရောဂါလက္ခဏာများပြသနေခြင်း သို့မဟုတ် သွေးကြောကျဥ်းခြင်းသည် 70 ရာခိုင်နှုန်းထက်ပိုမိုမြင့်မားနေသော်လည်းရောဂါလက္ခဏာမပြပါက TCAR သည် carotid သွေးလွှတ်ကြောရောဂါအတွက်အလားအလာရှိသောကုသမှုတစ်ခုဖြစ်သည်။

အောက်ပါတို့သည် TCAR ကုထုံးနှင့် သင့်တော်သော လူနာအခြေအနေများဖြစ်ပါသည်-

  • အသက် 75 နှစ်နှင့်အထက်လူနာများ
  • နှလုံးသွေးကြောပိတ်ခြင်း သို့မဟုတ် unstable angina ရှိသောလူနာများ
  • လွန်ခဲ့သော 6 ပတ်အတွင်း နှလုံးဖောက်ခြင်း (myocardial infarction) ရှိခဲ့သောလူနာများ
  • ဦးခေါင်း သို့မဟုတ် လည်ပင်း ခွဲစိတ်မှု သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးယူထားဖူးသူများ
  • အသံအိုး (အသံသေတ္တာ) သို့မဟုတ် လည်ပင်းပြဿနာများဖြစ်ထားသူများ
  • သွေးကြောကျဥ်းဆိုင်ရာ ခွဲစိတ်ပြီးနောက် နောက်ထပ်တဖန် carotid stenosis ပြန်ဖြစ်ထားသူများ
  • မထိန်းချုပ်နိုင်သော ဆီးချိုရောဂါ သို့မဟုတ် ပြင်းထန်အဆုတ်ရောဂါဖြစ်ထားသူများ

TCAR ကို ကမ္ဘာတဝှမ်းရှိ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်ပါသည်။ သွေးကြောခွဲစိတ်ဆရာဝန်များကြားတွင် ရေပန်းစားပြီး ကောင်းမွန်သောရလာဒ်များရထားသော ကုသမှုတစ်ခုဆိုလည်း မမှားပေ။ TCAR ကုထုံးရယူမှုနှင့် ကုသခြင်းသည် နေရာဒေသပေါ်မူတည်ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များနှင့် နိုင်ငံတစ်နိုင်ငံခြင်းစီ၏ စည်းမျဥ်းစည်းကမ်းများစသည့် အကြောင်းရင်းများအပေါ် မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ကွဲပြားနိုင်သည်။ ကုသရွေးချယ်မှုအဖြစ် TCAR ၏ရရှိနိုင်မှုနှင့် သင့်လျော်မှုကို ဆုံးဖြတ်ရန် မိမိပြသမည့်နိုင်ငံရှိ အထူးကုနှင့် သေချာစွာတိုင်ပင်ရန် အရေးကြီးပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating