Health Article

အပူဒဏ်၏သတိပေးလက္ခဏာများ – ပြင်းထန်သောနွေရာသီရောဂါ

Share:

ယခုရက်ပိုင်းရာသီဥတုသည် လူအများကို ချွေးထွက်များစေပါသည်။ ယခုနွေရာသီတွင် အပူချိန်သည် 43°C သို့ မြင့်တက်မည်ဟု ခန့်မှန်းရပါသည်။ နေရောင်ခြည်နှင့်အလွန်ပူပြင်းသော နေ့ဘက်ရာသီဥတုသည်ခန္ဓာကိုယ်၏အပူချိန်ကိုထိထိရောက်ရောက်ထိန်းညှိနိုင်စွမ်းမရှိစေသောကြောင့် အချိန်အကြာကြီး အပြင်ထွက်နေသူများအား “အပူလျှပ်ခြင်း” ဖြစ်စေပြီး အသက်အန္တရာယ်ဆုံးရှုံးစေပါသည်။

Vejthani ဆေးရုံမှ အာရုံကြောပါရဂူ ဒေါက်တာ Naris Smitasin က အပူဒဏ်ကြောင့် ခန္ဓာကိုယ်က သူ့အလိုလို မထိန်းနိုင်တော့သည့်အခါ အပူလျှပ်ခြင်း ဖြစ်တတ်သည်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်အပူချိန် 40 ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်လာသောအခါ၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်သည့် ဦးနှောက်အစိတ်အပိုင်းသည် အလုပ်မလုပ်တော့သည့်အပြင် သွေးလည်ပတ်မှုနှင့် အာရုံကြောစနစ်များကို ထိခိုက်စေပါသည်။ အောက်ပါတို့သည် အပူဒဏ်ခံရနိုင်ခြေရှိသော လူအုပ်စုများဖြစ်ပါသည်။

  1. တစ်နေ့လျှင် အချိန်ကြာမြင့်စွာ အလုပ်လုပ်သူများ သို့မဟုတ် နေပူထဲတွင် လေ့ကျင့်ခန်းလုပ်သူများ
  2. နှလုံးရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါရှိသူများ၊
  3. ခန္ဓာကိုယ်မှ အပူကို လူငယ်များကဲ့သို့ ထိရောက်စွာ မထုတ်လွှတ်နိုင်သော ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊
  4. အဝလွန်သူများ
  5. အိပ်ရေးပျက်ခြင်းနှင့် ရင်ဆိုင်နေရသူများ
  6. အဲကွန်းဖွင့်ထားသောပတ်ဝန်းကျင်တွင် အလုပ်လုပ်ပြီး အလွန်မြင့်မားသော အပူချိန်ကို ရုတ်တရက် ထိတွေ့မိသူများ (၎င်းတို့၏ ခန္ဓာကိုယ်သည် အပူနှင့် လျင်မြန်စွာ လိုက်လျောညီထွေမဖြစ်နိုင်သောကြောင့်ဖြစ်သည်)
  7. ခန္ဓာကိုယ်သည် ပုံမှန်ထက်ပို၍ အရည်နဲ့ သတ္တုဓာတ်များ ဆုံးရှုံးမှုကြောင့် အရက်ယမကာ သောက်သုံးမှုသည် အပူလျှပ်ခြင်း ဖြစ်စေနိုင်သောအကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပါသည်။

အပူလွန်ကဲခြင်း၏ အရေးကြီးသောသတိပေးလက္ခဏာများမှာ ပူပြင်းသောရာသီဥတုတွင် ချွေးမထွက်ခြင်း၊ မျက်နှာနီရဲခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ ရေငတ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ကြွက်သားများတင်းမာခြင်း၊ ထုံကျင်ခြင်း၊ တက်ခြင်း၊ မျက်စိသူငယ်အိမ်ကျယ်လာြခင်းနှင့် မူးမေ့လဲခြင်းတို့ ဖြစ်စေနိုင်၍ နှလုံးခုန်ရပ်သွားကာ နောက်ဆုံးတွင် သေဆုံးသည်အထိ ဖြစ်လာသည်။

လူနာကို အရိပ်ရသည့်နေရာတွင် ပြောင်းရွှေ့ပြီး လဲလျောင်းထားသင့်သည်။ ခြေထောက်နဲ့ ခြေဖဝါးကို မြှင့်ထားသင့်သည်။ ထို့နောက် တင်းကျပ်သောအဝတ်အစားများကို ဖယ်ရှားပါ။ လူနာအား ဆေးရုံကို နှောင့်နှေးမနေဘဲ လွှဲပြောင်းပေးစဥ်တွင် ခန္ဓာကိုယ်အပူချိန်ကို ချက်ချင်းလျော့ကျအောင်  စိုစွတ်သော မျက်နှာသုတ်ပုဝါနှင့် သုတ်၍သော်လည်းကောင်း ဟု ဒေါက်တာ နရစ်က ရှင်းပြသည်။ 

အပူလျှပ်ခြင်းဖြစ်နိုင်ခြေရှိသူများသည်နေရောင်အောက်တွင် နာရီပေါင်းများစွာ အလုပ်လုပ်ခြင်းကိုရှောင်ကြဉ်သင့်သည်ဟုဒေါက်တာ Naris ကပြောထားပါသည်။ ထို့အပြင်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကိုနေရောင်အောက်တွင်လုပ်မယ့်အစား မနက်ပိုင်းဒါမှမဟုတ်ညနေပိုင်းမှာသာလုပ်သင့်ပါသည်။ပူလောင်သောနေရာကိုေရှာင်ရှားသင့်သည်။ ကလေးငယ်များ သို့မဟုတ် သက်ကြီးရွယ်အိုများကို နေရောင်အောက်တွင် ရပ်ထားသည့်ယာဉ်အတွင်းတွင်ကြာကြာမထားသင့်ပါ။ နွေရာသီတွင် ဦးထုပ် သို့မဟုတ် ထီးများကဲ့သို့သောနေရောင်ကာကွယ်ကိရိယာများကိုအသုံးပြုရမည်။ လေဝင်လေထွက် ကောင်းစေရန်ထူပြီးအရောင်ဖျော့သောအဝတ်အစားများကိုမ၀တ်ဆင်သင့်ပါ။ ရေဓာတ်တိုးစေပြီး ခန္ဓာကိုယ်အပူချိန်ကိုလျှော့ချရန် ရေမဆာသော်လည်း တစ်နေ့ကို အနည်းဆုံး ရေ ၆ခွက်မှ၈ခွက်ခန့် သောက်သင့်သည်။ အရေးကြီးသည်မှာလက်ဖက်ရည်နှင့် ကော်ဖီကဲ့သို့သောသကြားဓာတ်များသော၊ အရက်၊ သို့မဟုတ် ကဖင်းဓာတ်ပါသော အချိုရည်များကိုရှောင်ကြဉ်သင့်သည်။ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သေဆုံးနိုင်ခြေကိုလျှော့ချရန်အတွက် ဆရာဝန်နှင့် ချက်ချင်းပြသရန်လိုအပ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating