Health Article

အရေးကြီးသောကျန်းမာရေးစစ်ဆေးမှုတွင် အမျိုးသမီးများသည် မိမိတို့ကျန်းမာရေးစစ်ဆေးခြင်းကိုအချိန်ဇယားဆွဲကာဦးစားပေးဆောင်ရွက်သင့်သည်။

Share:

ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းသည် ကောင်းမွန်သောကျန်းမာရေးကိုထိန်းသိမ်းရန်နှင့် ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာများကိုကာကွယ်ရန်အတွက်အရေးကြီးပါသည်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများသည် ရောဂါအခြေအနေများကိုစောစီးစွာသိရှိ၍အောင်မြင်စွာ ကုသနိုင်ပြီး၊ရောဂါများကိုပြန်လည်ကောင်းမွန်ရန်အခွင့်အလမ်းကိုတိုးစေပါသည်။ မိမိကိုယ်ကိုယ်ကာကွယ်စောင့်ရှောက်ရာတွင်လေ့ကျင့်ခန်းလုပ်ခြင်း၊ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများစားခြင်းတို့အပြင်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းလည်းမရှိမဖြစ်လိုအပ်ချက်တစ်ခုအနေဖြင့်ပါဝင်ပါသည်။ အောက်ပါတို့သည်စစ်ဆေးမှုခံယူရန်အရေးကြီးသော အမျိူးသမီးရောဂါဆိုင်ရာ စစ်ဆေးခြင်းများဖြစ်သည်။

  • Mammography နှင့် Breast Ultrasound : အသက် 25 နှစ်နှင့်အထက် အမျိုးသမီးများသည်ရင်သားစမ်းသပ်မှုကိုတစ်လတစ်ကြိမ်ပြုလုပ်ရန် အကြံပြုထားပြီး အသက်၄၀အရွယ်မှစတင်၍ mammogram ရိုက်ပြီး ရင်သားစစ်ဆေးမှုခံယူရန်၊ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။
  • Pap smear– ဤသားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုသည် အပျို နှင့် အိမ်ထောင်သည်အမျိုးသမီးများအတွက်အလွန်အရေးကြီးပါသည်။ အသက်၃၀ နှင့်အထက် အမျိုးသမီးများသည်တစ်နှစ်လျှင် တစ်ကြိမ် ဤစစ်ဆေးမှုကိုခံယူသင့်ပါသည်။
  • HPV ကာကွယ်ဆေး(သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) -အသက်၉နှစ်မှ၂၆ နှစ်အတွင်း ရှိသော အမျိုးသမီးများသည် ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်းမပြုမီ ဤကာကွယ်ဆေးကို ထိုးထားရန်အကြံပြုထားပါသည်။

HPV ကာကွယ်ဆေးသည် အမျိုးသားများတွင်လည်း လိင်အင်္ဂါ၌ ကြွက်နို့များဖြစ်ပေါ်ခြင်းနှင့် စအိုကင်ဆာတို့ကို ကာကွယ်နိုင်ပါသည်။ လိင်ဆက်ဆံဖူးသူ သို့မဟုတ် အသက် ၂၆ နှစ်အထက်ရှိသော အမျိုးသမီးများသည်လည်း ဤကာကွယ်ဆေးကိုထိုးနှံနိုင်ပါသည်။ HPVကူးစက်မှုရာဇဝင်ရှိသောလူနာတစ်ဦးတွင်ဤကာကွယ်ဆေးများသည်အကျိုးသက်ရောက်မှုနည်း သော်လည်း ၎င်းတို့သည် မကူးစက်ဖူးသောသူများအတွက်ရောဂါကြိုတင်ကာကွယ်ရေးအပိုင်းတွင် အလွန်အရေးကြီးပါသည်။

စုံစမ်းမေးမြန်းရန် သို့မဟုတ် ရက်ချိန်းယူရန် ကျွန်ုပ်တို့၏ မြန်မာHotline တွင် ကျွန်ုပ်တို့ကို ဆက်သွယ်ခေါ်ဆိုပါ။

+66 (0) 81-984-5111 သို့မဟုတ် အီးမေးလ် [email protected]

  • Readers Rating
  • Rated 4.5 stars
    4.5 / 5 (2 )
  • Your Rating