Health Article

သားအိမ်ထုတ်ခြင်းနှင့် ပက်သက်သောအခါ ဘာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မှ ဝေ့ဌာနီဆေးရုံကြီးကို ရွေးချယ်ကြပါသလဲ?

Share:

နှစ်စဉ် တကမ္ဘာလုံးရှိ အမျိုးသမီးအများစုသည် အမျိုးသမီးရောဂါဆိုင်ရာခွဲစိတ်မှုများဖြစ်သည့် အထူးသဖြင့် သားအိမ်ထုတ်ခြင်းကိစ္စရပ်ကို သန်းပေါင်းများစွာသော အမျိုးသမီးအများစုသည် နှစ်တိုင်းရွေးချယ်လုပ်လေ့ရှိပါသည်။ ယခုလို သားအိမ်ထုတ်ခြင်းခွဲစိတ်မှုများအတွက် ထိုင်းနိုင်ငံရှိ ဝေ့ဌာနီဆေးရုံကြီးတွင် သားဖွားမီးယပ်ဆိုင်ရာခွဲစိတ်မှုများတွင် နှစ်ပေါင်း ၁၃ နှစ်နှင့်အထက် အတွေ့အကြုံရှိခွဲစိတ်ဆရာ၀◌န်ကြီးများရှိနေပါပြီ။ ဝေ့ဌာနီဆေးရုံကြီးရှိ ဆရာ၀◌န်ကြီးများ အတွေ့အကြုံအရ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းကို လူနာပေါင်း ၁၀၀၀ ကျော်နှင့်အထက်၊ သားအိမ်ထုတ်ခြင်းခွဲစိတ်ခြင်းကို လူနာပေါင်း ၅၀၀ ကျော်နှင့်အထက်၊ မှန်ပြောင်းဖြင့် သားအိမ်ထုတ်ခြင်းကို လူနာပေါင်း ၅၀၀ ကျော်နှင့်အထက်၊ အမာရွတ်မဖြစ်သောခွဲစိတ်မှုများကို လူနာပေါင်း ၁၀၀ ကျော်နှင့်အထက် ခွဲစိတ်ဖူးပြီး လူနာပေါင်းများစွာထံမှ ကောင်းမွန်သောရလာဒ်များ ရရှိထားပြီဖြစ်ပါသည်။ ထို့ကြောင့် ယခုလို အတွေ့အကြုံရှိ ဆရာ၀◌န်ကြီးများ၏ လက်ရည်များဖြင့် နာကျင်မှုမရှိသော၊ အန္တရာယ်နည်းသော၊ နလန်ပြန်ထူချိန်ပိုမြန်ခြင်းများအတွက် စိတ်ချယုံကြည်နိုင်ပြီဖြစ်ပါသည်။

ယခုကာလများတွင် သားအိမ်ထုတ်ခြင်းဆိုင်ရာ ခွဲစိတ်နည်းများသည် အလွန်များပြားနေပြီဖြစ်ပါသည်။

မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Laparoscopic Surgery)

ယင်းခွဲစိတ်ခြင်းကို Minimaly Invasive Surger (MIS) လို့လည်းခေါ်ဆိုပါသည်။ ခွဲစိတ်ဆရာ၀◌န်မှ ၀◌မ်းဗိုက်အတွင်း စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ခွဲစိတ်မှုများပြုလုပ်ရန် သေးငယ်သောအပေါက် ၃ ပေါက်ထဲသို့ 3D/4K မှန်ပြောင်းကင်မရာ ထည့်သုံးကာ ခွဲစိတ်ခြင်းဖြစ်ပါသည်။ 3D/4K မှန်ပြောင်းကင်မရာသုံးခြင်းသည် ခွဲစိတ်မည့်ဆရာ၀◌န်၏ စစ်ဆေးမှုများ လုပ်ဆောင်မှုများကို ရှင်းလင်းပြတ်သားစွာ ဖြစ်ပေါ်စေပြီး နာကျင်မှုမရှိြခင်း၊ ခွဲစိတ်ဒဏ်ရာသေးငယ်ခြင်း၊ နလန်ထူချိန်မြန်ဆန်ခြင်းစသည့် ရလာဒ်များကို ရရှိစေပါသည်။

သဘာဝအတိုင်းရှိနေသော ခန္ဓာကိုယ်မှ အပေါက်များ (ဥပမာ လိင်အင်္ဂါပေါက်/ဆီးလမ်းကြောင်း/စအိုပေါက်) သို့မဟုတ် ဒွါရပေါက်များမှ မှန်ပြောင်းထည့်ခြင်းဖြင့် ခွဲစိတ်ကုသခြင်း (Natural Orifice Transluminal endoscopic surgery (NOTES))

NOTES သည် ခွဲစိတ်ဒဏ်ရာမရှိပဲ လုပ်ဆောင်နိုင်သော နည်းပညာသစ်ကုထုံးတခုဖြစ်ပါသည်။ အထူးသဖြင့် အလွန်ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်သော ဆရာ၀◌န်ကြီးများကသာ လုပ်ဆောင်ပေးနိုင်သော ခွဲစိတ်မှုတခုဖြစ်ပါသည်။ ယင်းခွဲစိတ်မှုတွင် လူနာသည် မည်သို့မှ ခွဲကြောင်းဒဏ်ရာ ရနိုင်ခြင်းမရှိပဲ နလန်ထူခြင်းအလွန်မြန်ဆန်ပါသည်။
မည်သို့ပင်ခွဲစိတ်မှုပေါင်းများစွာရှိနေပါစေ။ လူနာသည် ခွဲစိတ်မှုမလုပ်ခင်တွင် ဆရာ၀◌န်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး ခွဲစိတ်မှုတခုစီမှ ကောင်းကျိုး ဆိုးကျိုးမျာကို သေချာစွာတိုင်ပင်ပြီးမှသာ ကောင်းမွန်သော ခွဲစိတ်မှုကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက မြန်မာ ဗိုင်ဘာနံပါတ် +66 819845111 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating