Health Article

ဆီးမထိန်းနိုင်ခြင်း၊ အစားအစာ ၉ မျိုး၊ ဆီးလမ်းကြောင်းပြဿနာ

Share:

အမျိုးသမီးတွေမှာ ဆီးမထိန်းနိုင်ဘဲ နေ့စဉ်ဘ၀နေထိုင်မှုအပေါ် ယုံကြည်မှု အားနည်းလာတတ်ပါတယ်။ ကနဦးကုသနည်းကို ပြောရမည်ဆိုပါက ဆီးအိမ်လှုံ့ဆော်သည့်အရာများပါရှိသော အစားအစာများနှင့် အဖျော်ယမကာများကို အလွန်အကျူးသုံးဆောင်ခြင်းစသည့် ပုံစံကိုပြောင်းလဲ ပြုပြင်ခြင်းပင်ဖြစ်သည်။

ကော်ဖီနှင့် လက်ဖက်ရည်ကဲ့သို့ ကဖင်းဓာတ်ပါသော အချိုရည်များသည် မကြာခဏ ဆီးသွားခြင်းကို လှုံ့ဆော်ပေးကြောင်း လေ့လာချက်များစွာတွင် ဖော်ပြထားသည်။ Caffeine သည် ကျောက်ကပ်သို့ ဖြတ်သန်းသည့်အခါ ရေဓာတ်ပြန်လည်စုပ်ယူမှုကို လျော့နည်းစေသောကြောင့် ကျောက်ကပ်မှ ရေများစွာကို စွန့်ထုတ်စေသောကြောင့် ကဖိန်းဓာတ်သည် ဆီးဆေးအဖြစ် လုပ်ဆောင်သည်။ ကဖိန်းဓာတ်အပြင် မကြာခဏ ဆီးသွားခြင်းကို ဖြစ်စေတဲ့ အခြား အစားအစာ နဲ့ အချိုရည် ၉ မျိုးကိုပါ ဖော်ပြပေးလိုက်ပါတယ်။

  • ခရမ်းချဉ်သီး သို့မဟုတ် ခရမ်းချဉ်သီးအခြေခံထုတ်ကုန်များ
  • ချောကလက်
  • Citric အက်ဆစ်အသီးအနှံများ (အချဥ◌်ဓာတ်)
  • ခရင်ဘယ်ရီ
  • အရက်သောက်ခြင်း
  • ကာဗွန်နိတ်အချိုရည်များ (ဂတ်စ်များသော အချိုရည်များ)
  • စပ်သောအစားအစာများ
  • အချိုပွဲ သို့မဟုတ် သကြားများသော အစားအစာများ

အဆိုပါ အစားအစာနှင့် အဖျော်ယမကာများကို စားသုံးခြင်းသည် သင့်ဆီးအိမ်အား လှုံဆော်မှုများ ဖြစ်ပေါ်စေပြီး ဆီးသွားများခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုသို့ဖြစ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ဆီးမထိန်းနိုင်ခြင်းများ ဖြစ်ပေါ်လာပါကအထက်ပါ စားသုံးမှုကို သတိထားစောင့်ကြည့်သင့်ပါသည်။ထို့မျှမက ရောဂါလက္ခဏာများ ဆက်လက်ရှိနေပါက ရောဂါရှာဖွေရန်အတွက် တတ်ကျွမ်းသောဆရာ၀◌န်ထံမှ ဆေးဘက်ဆိုင်ရာအကြံဉာဏ်ရယူပြီး သင့်လျော်သောကုသမှုကိုခံယူသင့်ပါသည်။

ပိုမိုသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်

ဝေ့ဌာနီဆေးရုံကြီး အမျိုးသမီးကျန်းမာရေးဌာန
+66(0)2-7234-0000 လိုင်းခွဲ 3200
မြန်မာဗိုင်ဘာဟော့လိုင်း +66(0)81-984-5111

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating