Health Article

ပုံမှန်မဟုတ်သောရာသီလာခြင်းများ” ကိုလျစ်လျူမရှုပါနှင့်။ ၎င်းတို့သည်သားအိမ်ကျယ်ခြင်း၏လက္ခဏာတစ်ခုဖြစ်နိုင်သည်။

Share:

ပုံမှန်မဟုတ်သော ဓမ္မတာသွေးဆင်းခြင်း၊ အလွန်အမင်းနာကျင်ကိုက်ခဲခြင်း၊ ဓမ္မတာလာစဉ် သွေးခဲခြင်း၊ တင်ပါးဆုံတွင်းနှင့် ဝမ်းဗိုက်နာကျင်ခြင်း၊ ဗိုက်အောက်ပိုင်းအောင့်ခြင်း၊ ကြွက်တက်ခြင်း နှင့် လိင်ဆက်ဆံချိန်နာကျင်ခြင်း စသည့် ပုံမှန်မဟုတ်သော အချိန်များတွင် အမျိုးသမီးများသည် သားအိမ်ကျယ်ခြင်းဆိုင်ရာ လက္ခဏာများ ရှိနေနိုင်ပါသည်။

သားအိမ်ကျယ်ခြင်းသည် သားအိမ်အလုံးဖြစ်ခြင်း သို့မဟုတ် Adenomyosis ကဲ့သို့ အဖြစ်များသော အမျိုးသမီးရောဂါကြောင့် ဖြစ်နိုင်သည်။ Adenomyosis သည် သားအိမ်အတွင်း ပုံမှန်အားဖြင့် သားအိမ်အတွင်းသားတစ်ရှူးများသည် သားအိမ်ကြွက်သားနံရံသို့ ၀◌င်ရောက်ကာ နာတာရှည် ကြွက်သားနံရံများ ရောင်ရမ်းခြင်းဖြင့် တစ်ရှူးများ ထူလာကာ သားအိမ်ကျယ်လာစေသည့် အခြေအနေတစ်ခုဖြစ်သည်။ ဤအခြေအနေသည် ရာသီလာချိန်တွင် နာကျင်ကိုက်ခဲအောင်ကြွက်တက်ခြင်းနှင့် ပြင်းထန်သောရာသီသွေးဆင်းခြင်းတို့ကို ဖြစ်စေသည်။

ဆရာဝန်သည် adenomyosis မှ သားအိမ်ကျယ်ခြင်းအတွက် သင့်လျော်သောကုသမှုကို အကဲဖြတ်ရန် သားဖွားမီးယပ်စစ်ဆေးမှုနှင့် မိန်းမကိုယ်အတွင်း စစ်ဆေးရန် အာထရာဆောင်းတို့ဖြင့် ရောဂါရှာဖွေတွေ့ရှိနိုင်ပါသည်။ ကုသမှုနည်းလမ်းများအနေဖြင့်

အကိုက်အခဲပျောက်ဆေးများနှင့် ရောင်ရမ်းမှု သက်သာစေသောဆေးများ။

နာကျင်မှုနှင့် ရာသီသွေးဆင်းခြင်းကို လျှော့ချရန် ဟော်မုန်းဆေးများ၊ ပရိုဂျက်စတီရုန်းများကို သောက်ဆေးအနေဖြင့်လည်းကောင်း သန္ဓေတားဆေးများကဲ့သို့ ထိုးဆေးအနေဖြင့်လည်းကောင်း အသုံးပြုခြင်းဖြင့် ရောဂါကြီးထွားမှုကို နှောင့်နှေးစေပါတယ်။

ပြင်းထန်သော လက္ခဏာများနှင့် ဆေးဝါးများကို တုံ့ပြန်မှု နှေးနေပါက၊ ဆရာဝန်သည် သားအိမ်ထုတ်ခြင်းကဲ့သို့သော ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။ ယနေ့ခေတ်တွင် natural orifice transluminal endoscopic surgery (NOTES) ကို သားအိမ်ခွဲထုတ်ရာတွင် ကောင်းမွန်သော ရလာဒ်အတွက်အတွက် အသုံးပြုပါသည်။ လုပ်ထုံးလုပ်နည်းမှာ မိန်းမကိုယ်မှတဆင့် ပြွန်ထည့်သွင်းသည့်နည်းဖြင့် လူနာ၏ခန္ဓာကိုယ်တွင် ခွဲစိတ်မှုကို မကျန်စေပဲ လူနာအား အခြားလုပ်ထုံးလုပ်နည်းများထက် ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေပါသည်။

ပုံမှန်မဟုတ်သော ဓမ္မတာလာခြင်းကို အမှတ်တမဲ့မနေသင့်ပါ။ ပြင်းထန်သောရောဂါများကို ကာကွယ်ရန် ခန္ဓာကိုယ်တွင်း မူမမှန်မှုများကို သတိထားသိရှိစေရန် နှစ်စဉ် မိန်းမကိုယ်စစ်ဆေးမှုခံယူပါ။

  • Readers Rating
  • Rated 2.7 stars
    2.7 / 5 (5 )
  • Your Rating