Health Article

မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက် ကုထုံး ၅ မျိုး

Share:

မိန်းမကိုယ်ခြောက်သွေ့ခြင်းကို သွေးဆုံးခါနီး အမျိုးသမီးများတွင် အမျိုးသမီးဟော်မုန်းဓာတ်များ အသက်ကြီးလာသည်နှင့်အမျှ နည်းပါးလာသည်နှင့်အတူ ပိုမိုခံစားရတတ်ပါသည်။ ထို့အခါ မိန်းမကိုယ်အတွင်း သဘာ၀အလျှောက်ထွက်သော ချောဆီပမာဏလျော့နည်းပြီး မိန်းမကိုယ်နံရံများမှာ ရေဓာတ်နည်းပါးပြီး ခြောက်သွေ့လာခြင်း ဖြစ်ပါသည်။

မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ကာကွယ်ရန်အတွက် အောက်ဖော်ပြပါ ကုထုံးများကို အသုံးပြုနိုင်ပါသည်။

  1. လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်းများ ရှိပါက ချောဆီကို မိန်းမကိုယ်တဝိုက် သို့ အမျိုးသားလိင်အင်္ဂါတွင် ကြိုတင်သုတ်လိမ်းထားနိုင်ပါသည်။
  2. ကိုယ်တွင်း မိန်းမဟော်မုန်းများ ပြန်လည်မြင့်တက်လာစေရန် ဟော်မုန်းဆေးများကို သောက်သုံးနိုင်သည်။ အထူးသဖြင့် သွေးဆုံးခါနီးအမျိုးသမီးများအတွက် ပိုမိုသင့်တော်ပါသည်။
  3. အီစရိုဂျင်ခရင်များ၊ သောက်ဆေးများ၊ မိန်းမကိုယ်ထဲသို့ထည့်ရသော ဟော်မုန်းဆေးတောင့်များကို အမျိုးသမီးလိင်အင်္ဂါတဝိုက်တွင် အသုံးပြုနိုင်ပါသည်။ သို့သော် ထို့ကဲ့သို့ဆေးများ သုံးရခြင်းကို တတ်ကျွမ်းသောဆရာဝန် ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
  4. မိန်းမကိုယ်ရေဓာတ်ပြန်ဖြည့်ပေးသည့် ဂျယ်များ၊ လိမ်းဆေးများ၊ သောက်ဆေးများကိုလည်း သုံးစွဲခြင်းဖြင့် မိန်းမကိုယ်နံရံ ရေဓာတ်ပြည့်၀စေရန် အသုံးပြုနိုင်သည်။
  5. မိန်းမကိုယ်တစ်ရှုးများထဲမှ ကော်လဂျင်နှင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေသော လေဆာကုထုံးများဖြင့်လည်း ကုသနိုင်သည်။ ယင်းနည်းသည် ၅-၁၀ မိနစ်အတွင်း မိန်းမကိုယ်ရေဓာတ်ပြည့်၀မှုကို ဖြစ်ပေါ်စေသည်။ ထို့ပြင် အီစရိုဂျင်လျော့နည်းမှုကိုလည်း ကာကွယ်ပေးသည်။ လေဆာကုထုံးသည် နာကျင်မှု မရှိ၊ ခွဲစိတ်စရာလည်းမလို၊ စိတ်ချရသော ကုသနည်းတခုဖြစ်ပါသည်။

မိန်းမကိုယ်ခြောက်သွေ့ခြင်းသည် ရံဖန်ရံခါ ယားယမ်းခြင်းနှင့် ယောင်ယမ်းခြင်းများကိုဖြစ်ပေါ်စေနိုင်သည်။ ထိုမှတဆင့် ဘတ်တီးရီးယားများနှင့် မှိုများပေါက်ဖွားခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းစတင် ခံစားနေရပြီဆိုပါက တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ရောဂါပိုမိုမဆိုးခင်း ကုသမှုကို အမြန်ခံယူသင့်သည်။

အသေးစိတ်ပိုမိုသိရှိလိုပါက

အမျိုးသမီးရောဂါစင်တာ
ဖုန်း 02-734-0000 လိုင်းခွဲ 3200/3204 သို့ဆက်သွယ်နိုင်သလို မြန်မာဗိုင်ဘာ +66819845111 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသသည်။

  • Readers Rating
  • Rated 3 stars
    3 / 5 (2 )
  • Your Rating