Health Article

ပုခုံတောင့်သွားခြင်း (frozen shoulder) အဆင့် ၃ ဆင့်- သင်ခံစားနေရသည်မှာမည်သည့်အဆင့်တွင် ဖြစ်နေပါသလဲ?

Share:

frozen shoulder ဆိုသည်မှာ အဆစ်များ အထူးသဖြင့် ပုခုံးဆစ်တွင် တစ်ရှူးများ ရောင်ပြီး ပုခုံးနာကျင်နေခြင်းဖြစ်ပါသည်။ နာကျင်ခြင်းဖြစ်စဥ◌်မှာ မိမိပုခုံးလှုပ်ရှားမှုပေါ်မူတည်ပြီး အခြေအနေမတူညီပါ။ အကယ်လို့ နာကျင်မှုဖြစ်နေသည်ကို မကုသပါက နာတာရှည်ဒဏ်ဖြစ်သွားနိုင်ပါသည်။ ထိုအခါ ပုခုံးနာကျင်ခြင်းမှာ သူ့အလိုလိုပြန်လည်ကောင်းမွန်ပြီး ပုံမှန်အခြေအနေပြန်ရောက်တတ်ခြင်းမရှိပါ။ ထိုသို့ရောင်ယမ်းခြင်းများသည်လည်း မိမိတို့နေ့စဥ◌်လုပ်ငန်းဆောင်တာများဆောင်ရွက်ခြင်းအတွက် အဟန့်အတားဖြစ်စေပါသည်။

frozen shoulder နာကျင်ခြင်းကို သတ်မှတ်ထားသော အဆင့် ဆင့်

အဆင့် ၁ (ပထမ ၃လ) ပုခုံးအဆစ်အလွန် ယောင်ယမ်းပြီး သာမန်ထက်ပိုမိုနာကျင်ခြင်းကို လူနာများ ခံစားရပါသည်
အဆင့် ၂ ( ၃လမှ ၉ လ) ယခုအဆင့်တွင် ပုခုံးအဆစ်များနာကျင်ခြင်း သက်သာလာသည် သို့သော် လှုပ်ရှားမှုမှာ စတင်အဟန့်အတားဖြစ်လာပါသည်။ နေ့စဥ◌်လှုပ်ရှားမှုများ စတင်ခက်ခဲလာပါသည်။ ဥပမာ ခေါင်းဖီးခြင်း၊ ကြယ်သီးတပ်ခြင်းစသည့် ပုံမှန်လုပ်ထုံးများ
အဆင့် ၃ (၁၂လမှ ၂၄လ) နာကျင်မှုနှင့် တောင့်တင်းမှုများသည် တဖြည်းဖြည်းသက်သာလာပါသည်။ ဖြစ်စဥ◌်အများစုတွင် ယခုအဆင့်သို့ရောက်လာလျှင် သက်သာလာတတ်ကြပါသည်။ သို့သော် ပြန်လည်ကောင်းမွန်ရန်အချိန် ၂နှစ်နဲ့အထက် လိုအပ်ပါသည်။
frozen shoulder ဖြစ်ပေါ်ခြင်းသည် သူ့အလိုလိုပျောက်သွားနိုင်သော်လည်း တခါတရံပြန်လည်ကောင်းမွန်ရန် ၂နှစ်နှင့်အထက်ကြာတတ်ခြင်းသည် မိမိတို့နေ့စဥ◌်လှုပ်ရှားသွားလာမှုတွင် အလွန်အခက်အခဲဖြစ်စေပါသည်။ ထို့ပြင်ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း အရင်လိုပုံမှန်လှုပ်ရှားမှုများပြန်လည်လုပ်နိုင်ရန်အခွင့်အလမ်းနည်းပါးလှသည်။ ထို့ကြောင့် frozen shoulder ဖြစ်သည့်လူနာသည် ဖြစ်ဖြစ်ချင်းမှာပင် ဆရာ၀◌န်နှင့်တိုင်ပင်ပြီး ကုသမှု အမြန်ယူသင့်ပါသည်။

နာကျင်မှုကို သက်သာအောင် စောင့်ဆိုင်းရန်မလိုအပ်ပါ။ စောလျင်စွာကုသမှုခံယူလျှင် အမြန်သက်သာပျောက်ကင်းနိုင်သော ရောဂါတခုဖြစ်ပါသည်.
အသေးစိတ်သိရှိလိုပါက မြန်မာ ဗိုင်ဘာနံပါတ် +66 819845111 သို့လည်းဆက်သွယ်နိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating