Health Article

“ပုခုံးအဆစ်ရိုးမကြာခဏလွဲခြင်းသည် ကုသလို့ရပါသည်”

Share:

ပခုံးဆစ် မကြာခဏလွဲခြင်းသည် အားကစားသမားများ ကစားစဉ် ပြုတ်ကျခြင်း သို့မဟုတ် ခုန်ပေါက်ရသောအားကစားနည်းများတွင် အဖြစ်များပါသည်။ ထိုအခါ လက်မောင်း အပေါ်ပိုင်း အရိုးတည်ရှိရာခွက်ပုံသဏ္ဍာန် အရိုးသည်နေရာချော်ထွက်သွားခြင်းဖြစ်သည်။

ပခုံးအဆစ်လွဲခြင်းကို ဖြစ်စေသည့် အကျိုးသက်ရောက်မှု မြင့်မားသော အားကစားများမှာ ဘောလုံး၊ Rugby(ဘောလုံးကိုလက်ဖြင့်လုပြေးရသောကစားနည်း)၊ လက်ဝှေ့နှင့် တင်းနစ်၊ ရေကူးနှင့် ကျွမ်းဘားတို့ကဲ့သို့ ဦးခေါင်းထက်တွင် လက်များ မြှောက်ထားရန် လိုအပ်သော အားကစားများဖြစ်သည်။ ပခုံးအဆစ်များသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများနှင့် နှိုင်းယှဉ်ပါက အရိုးတည်ရှိရာနေရာမှချော်ထွက်ခြင်း ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်သည်။ ထိုသို့ချော်ထွက်ပါက လူနာသည် လက်များကို မလှုပ်နိုင်တော့သည့်အထိ ပြင်းထန်သော နာကျင်မှုကို ဖြစ်စေနိုင်သည်။

“ပခုံးအဆစ်လွဲသွားသည့်” အချိန်တွင် လူနာက အဆစ်ကို ပုံမှန်ဖြစ်အောင်ဆိုပြီး လှုပ်ရှားမှုအမျိုးမျိုးကို မိမိဘာသာမလုပ်သင့်ပါ။ သို့သော် လူနာအား ဆရာဝန်ထံသို့ အလျင်အမြန် မပို့ဆောင်မီ ရှေးဦးသူနာပြုစုခြင်းဖြစ်သည့် အဆစ်လွဲသည့်နေရာကို ရေခဲဖြင့်ကပ်ထားခြင်းများ ပြုလုပ်သင့်သည်။

လူနာအား ဆေးရုံတွင် အကိုက်အခဲပျောက်ဆေး ပေးမည်ဖြစ်ပြီး ဆရာဝန်က အဆစ်အခြေအနေအရပြန်လည်လုပ်ဆောင်ပေးမည်ဖြစ်သည်။ထို့နောက် လူနာအား ပခုံးစည်း၀◌တ်စဥ◌်ခိုင်းနိုင်ပါသည်။ ထို့ပြင် ပခုံးတစ်ဝိုက်ရှိ ကြွက်သားများကို သန်မာစေရန် လက်အဆစ်လေ့ကျင့်ခန်းများဖြင့် ပြန်လည်သက်သာအောင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

သို့သော်လည်း မကြာခဏ တွေ့ရလေ့ရှိသော ပြဿနာမှာ “ထပ်ခါထပ်ခါ ပခုံးဆစ်လွဲခြင်း” ဖြစ်သည်။ ဖြစ်ရခြင်းအကြောင်းအများစုမှာ ပုခုံးအတွင်းပိုင်းရှိ disc စုတ်ပြဲခြင်းကြောင့် ဖြစ်တတ်သည်။ အနည်းငယ် လှုပ်ရှားမှုအချို့လုပ်မိပင်လျှင် အချို့သောလူနာများတွင် အဖန်ဖန်အဆစ်လွဲခြင်းများကို ခံစားရတတ်သည်များလည်းရှိပါသည်။

ကြိမ်ဖန်များစွာ ပခုံးအဆစ်လွဲနေသူများအတွက်၊ ဆရာဝန်၏ အကြံပြုချက်မှာ စုတ်ပြဲနေသော သို့မဟုတ် ပျက်စီးနေသော disc ကို အရိုးထဲသို့ပြန်လည်ထည့်သည့် ခွဲစိတ်ကုသခြင်းဖြစ်ပါသည်။ ယင်းကုသနည်းသည် ပခုံးကို မကြာမကြာလွဲသွားခြင်း ချော်သွားခြင်းတို့မှ ကာကွယ်ပေးပါတယ်။

ပခုံးအဆစ်များသည် အတွင်းပိုင်း၌ နက်ရှိုင်းစွာ တည်ရှိနေသော်လည်း ၎င်းတို့ကို ယနေ့ခေတ်တွင် ရရှိနိုင်သော ခွဲစိတ်နည်းပညာဖြစ်သည့် မှန်ပြောင်းဖြင့်ခွဲစိတ်နည်း “shoulder arthroscopy” ဖြင့် ခွဲစိတ်နိုင်ပြီဖြစ်ပါသည်။ ဤသေးငယ်သော်ခွဲစိတ်မှုတွင် သေးငယ်သောအပေါက်မှတစ်ဆင့်ခွဲစိတ်ပြုပြင်ခြင်းကိုပြုလုပ်ခြင်းဖြစ်သည့်အတွက် အနီးနားရှိ တစ်ရှူးများအပေါ် ဒဏ်သက်ရောက်မှုအနည်းဆုံးဖြစ်စေသည်။ ထို့အတူ လူနာသည်လည်း ပိုမိုမြန်ဆန်စွာ ်ကောင်းမွန်လာပြီး တည်ငြိမ်မှုနှင့်အတူ အဆစ်ရိုး၏ ပုံမှန်လှုပ်ရှားမှုများကို ပြန်လည်ရရှိမည်ဖြစ်ပါသည်။

ယင်းကုသမှုသည် ကြိမ်ဖန်များစွာ ပခုံးလွဲခြင်းကို တားဆီးပေးသောကြောင့် လူနာသည် ပခုံးများကို ပုံမှန်အတိုင်း အသုံးပြုနိုင်သည့်အပြင် ၎င်းတို့၏ ကိုယ်လက်လှုပ်ရှားမှုများကို ယခင်ကဲ့သို့ ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating