Health Article

လှပခြင်းသည် တစ်ခါတရံ နာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါသည် ဆိုသလို ခြေချောင်းပုံသဏ္ဍာန်မမှန်ခြင်းဟာ နေ့စဥ◌်အလုပ်လုပ်နေသူတိုင်းကို ခြိမ်းခြောက်နေသော အရာတစ်ခုဖြစ်လာပါသည

Share:

အမျိုးသမီးများသည် အမျိုးသားများထက် “ခြေချောင်းပုံသဏ္ဍာန်” ဖြစ်နိုင်ခြေ အဆ ၁၃ ပိုများသည်ကို သင်သိပါသလား။ အမျိုးသမီးအများစုသည် တစ်နေ့လျှင် ၆ နာရီမှ ၈ နာရီအထိ အလုပ်လုပ်ရန် လေဒီရှူးဖိနပ်ကို ဝတ်ဆင်ကြပြီး ခြေချောင်းအတွင်းပိုင်း၌ နာကျင်ကိုက်ခဲမှုကို ခံစားဖူးသူမှာ အနည်းနဲ့ အများပင်။ သို့သော် နာကျင်နေသော ခြေချောင်းများ၏ တစ်ဖက်တွင် ဝိုင်းစက်ဖောင်းကားနေသည့် အဖုအထစ်များ စတင်ဖြစ်ပေါ်လာတတ်သည်ကို သတိမထားမိတတ်ကြပါ။ အချို့လူများဆိုလျှင် ခြေချောင်းကြီးများသည် သိသိသာသာ ပုံပျက်သွားသည့်အခါမှသာ သတိပြုမိကြသည်။

ဖြစ်စဥ◌်၏အဓိကအကြောင်းအရင်းမှာ “မသင့်လျော်သောဖိနပ်ကိုစီးခြင်း” ကြောင့်ပိုဖြစ်တတ်ပါသည်။ ခြေချောင်းတွေကို ဖိပြီး ခေါင်းချွန်နေတဲ့ ဖိနပ်တွေက ခြေချောင်းပုံသဏ္ဍာန်ကို ထိခိုက်စေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးလေ့ရှိသော အမျိုးသမီးများတွင် ယင်းပြဿနာကို မကြာခဏတွေ့နိုင်သည်။ ဒီလိုဖိနပ်တွေကို အချိန်အကြာကြီး ၀တ်ထားရင် ခြေထောက်ရဲ့ ဖွဲ့စည်းပုံကို ပုံပျက်သွားစေနိုင်ပါတယ်။ စီးတဲ့ဖိနပ်ကြောင့်ဖြစ်တတ်သလို တခါတရံ ခြေချောင်းပုံသဏ္ဍာန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊

ဥပမာ-

  • ပုံမှန်မဟုတ်သော ခြေဖဝါးပုံသဏ္ဍာန်များ – ခြေဖဝါးပြားချပ်ခြင်း၊ ခြေချောင်းများ လျော့ရဲခြင်း၊ ခြေချောင်းအရိုးများ ပုံပျက်ခြင်း၊ ပုံမှန်မဟုတ်သော ခြေချောင်းများ ရှည်နေခြင်း သို့မဟုတ် ခြေချောင်းများ ကောက်ခြင်း
  • ကြွက်သားနှင့် အရွတ်များ ချို့ယွင်းခြင်း – ခြေချောင်းအဆစ်များရှိ တွယ်ဆက်တစ်ရှူးများ ရောနှောနေခြင်း သို့မဟုတ် အဆစ်အမြစ်ရောင်ရမ်းခြင်းများသည် ကြွက်သားနှင့် အရွတ်များ မူမမှန်ခြင်းကို ဖြစ်စေနိုင်သည်။
  • မျိုးရိုးဗီဇနှင့်ဆိုင်သော ခြေချောင်းပြဿနာများ

ဖိနပ်ဝတ်ဆင်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် ခြေဖဝါးကို ဖိထားသည့်အခါတွင် နာကျင်မှုကိုပိုမိုခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်ပါသည်။

ရောဂါလက္ခဏာများ မပြင်းထန်ပါက ခွဲစိတ်မှုမဟုတ်သော နည်းလမ်းဖြင့် ကုသနိုင်ပါသည်။ ဥပမာ- ခြေဖဝါးအကျယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဦးခေါင်းကျယ်တဲ့ ဖိနပ်၊ တင်းကျပ်မှုမရှိတဲ့ ဖိနပ်၊ ခြေချောင်းများကို အရမ်းကြပ်စေသော ဒေါက်မြင့်ဖိနပ်မစီးခြင်းတို့ဖြင့်လည်း မိမိဘာသာသတိပြု ကာကွယ်နိုင်ပါသည။

ထိုသို့ပြုလုပ်သည့်တိုင် မသက်သာပဲ နာကျင်ခြင်းမှ ကာကွယ်ရန် ဆရာ၀◌န်ညွှန်ကြားထားသော ဆီလီကွန်ခြေချောင်းခွဲသည့်ကိရိယာများ ၀◌တ်ဆင်ခြင်း သို့မဟုတ် ရောင်ရမ်းမှုကို သက်သာစေရန် ဆေးဝါးများသောက်သုံးခြင်းတို့ကိုလုပ်ဆောင်နိုင်သည်။

သို့သော် အထက်ဖော်ပြပါ ကာကွယ်မှုသည် အခြေအနေ မကောင်းမွန်သေးဘဲ နေ့စဉ်ဘဝတွင် နာကျင်မှုများ သက်ရောက်မှုရှိနေပါက၊ ခြေချောင်းပုံသဏ္ဍာန်ကို ပြုပြင်ရန် ဆရာဝန်မှ ခွဲစိတ်မှုအတွက် တိုင်ပင်ဆွေးနွေးမှုလုပ်ရန်လိုအပ်နေပြီဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating