အဆုတ်ကင်ဆာကို တိကျစွာ စစ်ဆေးခြင်း- EBUS (အဆုတ်မှန်ပြောင်း အာထရာဆောင်း) နည်းပညာဖြင့် စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်း

ကျန်းမာရေးဆိုင်ရာ စာစောင်များ

နာတာရှည်ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ပုံမှန်မဟုတ်ဘဲ နွမ်းနယ်ခြင်းတို့သည် သာမန်အအေးမိခြင်း သို့မဟုတ် ဓာတ်မလည့်ခြင်းဟု ထင်မှတ်မှားကာ လျစ်လျူရှုတတ်ကြသည့် အသေးစားလက္ခဏာများကဲ့သို့ ထင်ရနိုင်ပါသည်။ သို့သော် လက်တွေ့တွင် အဆိုပါလက္ခဏာများသည် ကမ္ဘာ့သေဆုံးမှုအများဆုံး အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သော အဆုတ်ကင်ဆာ၏ စောစီးစွာပြသသည့် သတိပေးလက္ခဏာများ ဖြစ်နေနိုင်ပါသည်။

အဆုတ်ကင်ဆာဆိုသည်မှာ အဘယ်နည်း။

အဆုတ်ကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာရောဂါများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ကင်ဆာကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်ပါသည်။ ရောဂါစတင်သည့် အစောပိုင်းအဆင့်များတွင် လက္ခဏာတစ်စုံတစ်ရာ ပြသလေ့မရှိသောကြောင့် လူနာအများအပြားသည် ရောဂါကျွမ်းမှသာ စမ်းသပ်တွေ့ရှိရလေ့ရှိပြီး ယင်းက ရောဂါပျောက်ကင်းအောင် ကုသနိုင်ခြေကို သိသိသာသာ လျော့နည်းစေပါသည်။

အဆုတ်ကင်ဆာ၏ သတိပေးလက္ခဏာများ

  • မပျောက်ဘဲ စွဲကပ်နေသော ချောင်းဆိုးခြင်း သို့မဟုတ် သွေးစပါသည့် သလိပ်ဟက်ခြင်း
  • အသက်ရှူရခက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
  • အကြောင်းရင်းမရှိဘဲ ဝိတ်ကျသွားခြင်း
  • အသံဩသွားခြင်း၊ ပုံမှန်မဟုတ်ဘဲ နွမ်းနယ်ခြင်း

အကယ်၍ အဆိုပါလက္ခဏာများသည် သီတင်းပတ်အနည်းငယ်ထက်ပို၍ စွဲကပ်နေပါက အဆုတ်ကင်ဆာ ကြိုတင်စစ်ဆေးမှု ပြုလုပ်ရန် အလေးအနက် အကြံပြုအပ်ပါသည်။

စောစီးစွာ စမ်းသပ်တွေ့ရှိခြင်း၏ အရေးပါမှု

အဆုတ်ကင်ဆာကို စောစီးစွာ သိရှိစမ်းသပ်နိုင်ခြင်းသည် အထိရောက်ဆုံး ကုသမှုရလဒ်များ ရရှိရန်အတွက် သော့ချက်ဖြစ်ပါသည်။ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် လွန်စွာအကြံပြုထားပြီး ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသူများသည် အစောပိုင်း ကြိုတင်စစ်ဆေးမှုအတွက် ဓာတ်ရောင်ခြည်အားနည်း ကွန်ပြူတာဓာတ်မှန် (Low-Dose CT Scan)  ရိုက်ကူးခြင်းကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

အကယ်၍ အဆုတ်အတွင်း “အလုံးအကျိတ်” သို့မဟုတ် “ပုံမှန်မဟုတ်သော အစက်အပြောက်” တွေ့ရှိပါက ဆရာဝန်များအနေဖြင့် အဆုတ်မှန်ပြောင်း အာထရာဆောင်းဖြင့် အသားစယူစစ်ဆေးခြင်း (EBUS-TBNA: Endobronchial Ultrasound-Guided Transbronchial Needle Aspiration) နည်းပညာဖြင့် စစ်ဆေးရန် အကြံပြုနိုင်ပါသည်။ ဤအဆင့်မြင့်နည်းပညာသည် အဆုတ်မှန်ပြောင်းကြည့်ခြင်း (Bronchoscopy) နှင့် အာထရာဆောင်း (Ultrasound) နည်းပညာတို့ကို ပေါင်းစပ်ထားသဖြင့် ဆရာဝန်များအနေဖြင့် ခွဲစိတ်စရာမလိုဘဲ ရင်ဘတ်အတွင်းရှိ အလုံးအကျိတ်များ သို့မဟုတ် ပြန်ရည်ကျိတ်များထံမှ အသားစနမူနာကို တိကျစွာ ရယူနိုင်စေပါသည်။

EBUS ၏ အကျိုးကျေးဇူးများ

  • ခွဲစိတ်စရာမလိုဘဲ နာကျင်မှုနည်းပါးစွာ အသားစယူနိုင်ခြင်း
  • ခွဲစိတ်ကုသမှုများနှင့် နှိုင်းယှဉ်ပါက စွန့်စားရမှုနှင့် နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်ခြင်း
  • အာထရာဆောင်း လမ်းညွှန်မှုကြောင့် တိကျမှုနှုန်း မြင့်မားခြင်း
  • ပြန်လည်သက်သာနှုန်း မြန်ဆန်ပြီး ခွဲစိတ်မှုကြီးများ ရှောင်ရှားလိုသည့် လူနာများနှင့် သင့်လျော်ခြင်း
  • အဆုတ်ကင်ဆာ၊ တီဘီရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အကျိတ်များကို ရောဂါအမည်တပ်ရာတွင် အသုံးဝင်ခြင်း
  • အသားစစစ်ဆေးချက် ရလဒ်ကို အချိန်တိုအတွင်း ရရှိနိုင်ခြင်း

မည်သူများ EBUS ဖြင့် စစ်ဆေးသင့်သနည်း။

  • ဆေးလိပ်သောက်သူများ သို့မဟုတ် လေထုညစ်ညမ်းမှုဒဏ် စွဲကပ်စွာ ခံစားရသူများ
  • နာတာရှည်ချောင်းဆိုးခြင်း၊ နွမ်းနယ်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်း စွဲကပ်စွာ ခံစားနေရသူများ
  • ရင်ဘတ် ဓာတ်မှန် (Chest X-ray) သို့မဟုတ် ကွန်ပြူတာဓာတ်မှန် (CT Scan) ရလဒ်များတွင် ပုံမှန်မဟုတ်သည့် အဖြေတွေ့ရှိထားသူများ
  • မိသားစုအတွင်း အဆုတ်ကင်ဆာ ရာဇဝင်ရှိသူများ

EBUS သည် ဆရာဝန်များအနေဖြင့် ရောဂါအစောပိုင်းအဆင့်တွင် ကုသမှုအစီအစဉ် ရေးဆွဲနိုင်ရန် ကူညီပေးသည့် ဘေးကင်းပြီး တိကျမှုနှုန်းမြင့်မားသော ရောဂါရှာဖွေရေး နည်းလမ်းတစ်ခုဖြစ်ကာ အဆုတ်ကင်ဆာရောဂါမှ လုံးဝပျောက်ကင်းနိုင်ခြေကို မြှင့်တင်ပေးပါသည်။

အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
အထွေထွေရောဂါအထူးကုဌာန, ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း- (+66)2-734-0000 လိုင်းခွဲ 2200, 2204
မြန်မာဘာသာဖြင့် ဆက်သွယ်ရန် – (+66)63-853-2447

Medically Reviewed by

DR. APIRAK JUNPENG
DR. APIRAK JUNPENG

Internal Medicine

Pulmonary Medicine and Pulmonary Critical Care

Readers’ Rating

2.0 out of 5 stars (based on 1 review)