Health Article

ရင်သားတွင် သိသာသောအလုံးအကျိတ်များဖြစ်လာပါက ကနဦးလက္ခဏာပြခြင်းများဖြစ်နိုင်သောကြောင့် လျစ်လျူမရှုပါနှင့်။

Share:

ရင်သားအတွင်း အလုံးအကျိတ်များဖြစ်ပေါ်ခြင်းသည် အဖြစ်များသော မူမမှန်မှုဖြစ်ပြီး လက္ခဏာမပြတတ်ပဲ Mammography ဖြင့်ရိုက်မှသာ ရှာဖွေတွေ့ရှိနိုင်ပါသည်။ သို့သော် အချို့သော ရင်သားအလုံးအကျိတ်အမျိုးအစားများသည် ရင်သားကင်ဆာဖြစ်နိုင်ချေကို မြင့်မားစေသည့် ကင်ဆာ သို့မဟုတ် အခြားရောဂါများနှင့် ဆက်စပ်မှုရှိမရှိကို ညွှန်ပြနိုင်သည်။

အောက်ပါလက္ခဏာများဖြင့် ရင်သားအကျိတ်အလုံးများ၏ အမျိုးအစားများကို ခွဲခြားသတ်မှတ်နိုင်ပါသည်။

  • ပုံသဏ္ဍာန်
  • အရွယ်အစား
  • အလုံးရွေ့လျားနိုင်မှု
  • စမ်းသပ်ပြီးနောက် နောက်ထပ်ထပ်မံပြောင်းလဲခြင်းများ

ရင်သားအလုံးအကျိတ်များ၏ အသေးစိတ်အခြေအနေကို ရင်သားဓာတ်မှန်ရိုက်ခြင်းမှသာလျှင် သိရှိနိုင်သည်။ ရင်သားကို မိမိဘာသာ စမ်းသပ်ခြင်း သို့မဟုတ် အာထရာဆောင်းမှတဆင့် ရှာဖွေခြင်းများသည် တခါတရံတွင် အဖြေရရှိရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် အသက် 40 နှင့်အထက် အမျိုးသမီးများအတွက် နှစ်စဉ် mammographic စစ်ဆေးမှုသည် အလုံးအကျိတ်များကိုရှာဖွေရန် အတွက် အလွန်လိုအပ်သလို ယခင်က အလုံးအကျိတ်ဖြစ်ခဲ့ဖူးသူများအတွက်လည်း သင့်တော်သောစစ်ဆေးမှုတစ်ခုဖြစ်ပါသည်။

ယနေ့ခေတ်တွင် ခေတ်မီနည်းပညာတစ်ခုဖြစ်သော Digital breast tomosynthesis ကို ရင်သားကင်ဆာစစ်ဆေးရန်အတွက် အသုံးပြုပါသည်။ ပြတ်သားသောအသေးစိတ် 3D ရုပ်ပုံများဖန်တီးရန် မတူညီသောရှုထောင့်များမှ ရင်သားအတွင်းပုံစံများစွာကို ရရှိနိုင်ပါသည်။ နေရာတခုစီမှ ပုံရိပ်ကို ရရှိရန် အချိန် ၃.၇ စက္ကန့်သာ ကြာပါသည်။ စစ်ဆေးမှုတွင် ရင်သားကိုဖိထားသောအခြေအနေတွင် ဓာတ်မှန်ပြွန်တစ်ခုမှနေရာပတ်လည်ကိုရွေ့ကာ ပုံရိပ်ဖော်သွားခြင်းဖြစ်ပါသည်။ ဒစ်ဂျစ်တယ်ရင်သားဓာတ်မှန်ဖြစ်သည့် tomosynthesis သည် လူနာ၏ရင်သားပုံရိပ်ကို 3D ဒေတာကိုရရှိရန် သတ်မှတ်အကွာအဝေးထက် ပိုမိုရွေ့လျားနိုင်သော X-ray ပြွန်များပါ၀င်သည်။ လုပ်ထုံးလုပ်နည်းတွင် ရင်သားတစ်ရှူးများထူးပြီး ပိုမိုပြတ်သားသောပုံရိပ်ဖြစ်လာစေရန် ရင်သားကိုဖိခြင်းဖြင့် တစ်ရှူးများကို ပိုမိုကောင်းမွန်စွာမြင်နိုင်စေပြီး လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်‌ေ၀ါ၀းခြင်းများကို လျှော့ချပေးခြင်းတို့ ပါဝင်ပါသည်။ ရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်စေရန်နှင့် ရလာဒ်မှားခြင်းများကို လျော့ချပေးခြင်း၊ အထူးသဖြင့် သိပ်သည်းစများသော ရင်သားတစ်ရှူးများတွင် ပိုမိုရလာဒ်များကောင်းစေသည်။ ထို့ပြင် မူမမှန်မှုများကို တွေ့ရှိပါက၊ မေ့ဆေးသုံးစရာမလိုပဲ ထုံဆေးဖြင့်သာ ချက်ခြင်း အသားစယူစစ်ဆေးနိုင်ပါသည်။ ထိုသို့အသားစယူခြင်းသည်လည်း သေးငယ်သော အပ်အရွယ် အရာများသာ ဖြစ်ပေါ်စေပြီး အနည်းငယ်သော မသက်မသာ ဖြစ်စေမှုမှလွဲပြီး ဆေးရုံတက်ရန်ထိ မလိုအပ်ပါ။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating